ပါဝင်ခွင့်ရဖို့ ငြင်းပယ်ခံခဲ့ရတဲ့ ဇာတ်ကားတွေအကြောင်းကို ဖွင့်ဟခဲ့တဲ့ Brie Larson

Instagram_BrieLarson

Brie Larson လို့ ပြောလိုက်တာနဲ့ အော်စကာဆုရ မင်းသမီးတစ်ဦးထက် Captain Marvel အဖြစ် လူသိများလှပါတယ်။ MCU ရဲ့ နာမည်ကြီး စူပါဟီးရိုးတစ်ယောက်ဖြစ်တဲ့ Captain Marvel နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Brie ဟာ စူပါဟီးရိုး ပရိသတ်တော်တော်များများ ကြိုက်နှစ်သက်တဲ့ မင်းသမီးတစ်ယောက် ဖြစ်ရုံသာမက Room အမည်ရတဲ့ ဇာတ်ကားနဲ့ပါ အော်စကာဆုရရှိခဲ့တဲ့ မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။

အခုအချိန်မှာတော့ Brie ဟာ ငွေကြေးအရကော ၊ အနုပညာအရပါ အောင်မြင်တဲ့ မင်းသမီးတစ်လက် ဖြစ်နေပေမယ့် တစ်ချိန်တုန်းက သူမကို ပါဝင်ခွင့်ရဖို့ ငြင်းပယ်ခံခဲ့ရတဲ့ ဇာတ်ကားတွေအကြောင်းကို ပြန်ပြောခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Brie ဟာ (၂၀၁၃) ခုနှစ်တုန်းကတည်းက The Frozen Ground ဇာတ်ကား လူရွေးပွဲမှာ သွားအရွေးခံတုန်းက အဆိုပါဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ဖို့ အငြင်းခံခဲ့ရပါတယ်။ အကြောင်းကတော့ သူမပုံစံဟာ တော်တော်လေးကို ကြောက်ဖို့ကောင်းတာကြောင့် ဒိုင်တွေက သူမကို မရွေးပဲ မင်းသမီး Vanessa Hudgens ကိုသာ ရွေးခဲ့ပါတယ်။ ဒါ့အပြင် (၂၀၁၅) ခုနှစ်က ထွက်ရှိခဲ့တဲ့ Terminator Genisys ဇာတ်ကားမှာလည်း Brie ဟာ လူရွေးပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါဇာတ်ကားမှာလည်း ဒိုင်တွေက သူမရဲ့ ပုံစံဟာ သေနတ်တွေကို ကိုင်နိုင်တဲ့ပုံစံ မပေါက်ဘူးဆိုပြီး မင်းသမီး Emilia Clarke ကို ရွေးချယ်ခဲ့ပါတယ်။

READ
ခံစားချက်တွေကို ရင်ဖွင့်လာတဲ့ မထက်

 

View this post on Instagram

 

Best scene partner best travel partner best press partner best partner!

A post shared by Brie (@brielarson) on

“ကျွန်မက ဘယ်လောက်အထိတောင် အငြင်းခံခဲ့ရလဲဆိုရင် အသက် (၁၁) နှစ်အရွယ်တည်းက အစပြုခဲ့တာပဲ။ အဲဒီအရွယ်တုန်းကဆို Disney က ရိုက်ကူးတဲ့ Smart House ၊ Spy Kids အစရှိတဲ့ ကလေးဇာတ်ကားတွေမှာပါ လူရွေးပွဲဝင်ခဲ့ပြီး အရွေးမခံခဲ့ရတာပါ။ အသက်ကြီးလာပြန်တော့လည်း Gossip Girl, The Big Bang Theory တို့လို့ နာမည်ကြီး ရုပ်သံ စီးရီးတွေနဲ့ Hunger Games, Tomorrowland တို့လိုရုပ်ရှင်တွေမှာလည်း ပါဝင်ခွင့်ရဖို့လည်း အငြင်းခံခဲ့ရတယ်။ ရိုက်သမျှ Star Wars ဇာတ်ကားတိုင်းရဲ့ လူရွေးပွဲတွေသွားပြီး ၀င်ရွေးလည်း တစ်ခါမှ အရွေးမခံခဲ့ရပါဘူး ” လို့ Brie က ပြောကြားခဲ့ပါတယ်။

 

 

 

View this post on Instagram

 

The force is strong ya’ll!!!!!! #starwarsgalaxysedge

A post shared by Brie (@brielarson) on

Brie ဟာ Star Wars ရဲ့ အမာခံ ပရိသတ်တစ်ယောက်ဖြစ်ကြောင်း လူသိရှင်ကြား ၀န်ခံထားခဲ့သူပါ။ သူမဟာ အခြားရုပ်ရှင်နေရာတွေမှာ မင်းသမီးနေရာအတွက်သာ လူရွေးပွဲဝင်ခဲ့တာ ဖြစ်ပေမယ့် Star Wars ရုပ်ရှင်တွေမှာတော့ ဘယ်နေရာကနေ ပါဝင်ခွင့်ရရ သရုပ်ဆောင်မယ်ဆိုပြီး လူရွေးပွဲတွေမှာ ၀င်ပြိုင်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ တစ်ကြိမ်မှ အရွေးမခံ ခဲ့ရတာလည်း ဖြစ်ပါတယ်။

READ
ပြန်လွတ်လာပြီးနောက် သူမရဲ့ ခံစားချက်တွေကို ရင်ဖွင့်လာတဲ့ မေသန်းနု

 

 

Pyi Hein Kyaw

SHARE