နာမည်ကြီးဇာတ်ကားတစ်ချို့မှာ ပါဝင်ဖို့ လွဲချော်ခဲ့ကြောင်း ၀န်ခံခဲ့တဲ့ Brie Larson

[email protected]

Brie Larson လို့ ပြောလိုက်တာနဲ့ Marvels Studio က Captain Marvel ကို တော်တော်များများ ပြေးမြင်ကြမှာပါ။ အဲဒီလိုပြေးမြင်ရလောက်အောင်ကိုပဲ Brie Larson တစ်ယောက် တော်တော်လေး နာမည်ကြီးခဲ့တာပါ။ Marvel ရဲ့ နောက်ဆုံး End Game ဇာတ်ကားမှာ ဆိုရင်လည်း သူ့ကြောင့်ပဲ ဇာတ်ရှိန်တက်ခဲ့ရတာပါ။ အခုလည်း Larson ဟာ နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ Star Wars, The Hunger Games, Terminator အစရှိတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ဖို့ အခြားမင်းသမီးတွေနဲ့ ပြိုင်ဆိုင်ပြီး အရွေးခံခဲ့ပေမယ့် အရွေးမခံခဲ့ခဲ့ရကြောင်း သူမရဲ့ Youtube Channel ကနေ ဖွင့်ပြောခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Larson ဟာ Hunger Games ဇာတ်ကား မရိုက်ကူးခင် သရုပ်ဆောင် လူရွေးပွဲမှာလည်း ပါဝင်ခဲ့ပေမယ့် နောက်ဆုံး Katniss Everdeen နေရာမှာ သရုပ်ဆောင်ဖို့ Jennifer Lawrence ကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။ ထို့အတူ Terminator ဇာတ်ကားက Genisys နေရာမှာ သရုပ်ဆောင်ဖို့ လူရွေးတဲ့အခါမှာလည်း ပါဝင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ မင်းသမီး Emilia Clarke ကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။ Star Wars ရုပ်ရှင်အသစ်တွေမှာလည်း သူမကို ကျော်ဖြတ်ပြီး မင်းသမီး Daisy Ridley ရွေးချယ်ခံခဲ့ရပါတယ်။

“Terminator ဇာတ်ကားအတွက် လူရွေးပွဲ လုပ်တဲ့နေ့ကဆိုရင် ကျွန်မတော်တော်စိတ်လှုပ်ရှားပါတယ်။ တော်တော်လည်း စိတ်ပါလွန်းလို့ စောစောသွားဖြစ်ခဲ့တယ်။ ဒါပေမယ့် လမ်းတစ်ဝက်မှာ ကားဘီးပေါက်သွားတယ်။ ကျွန်မစိတ်ထဲမှာတော့ လူရွေးပွဲမှာ ပါဝင်ဖို့ အချိန်မှီရောက်မယ် ထင်နေခဲ့တာ။ ဒါပေမယ့် ကျွန်မရောက်တော့ ဟိုမှာ လူရွေးပွဲက ပြီးနေပါပြီ။ တော်တော်လေး ကိုယ်ကိုယ်ကို စိတ်ပျက်ခဲ့ရပါတယ်” လို့ Larson က သူမရဲ့ Youtube Channel မှတစ်ဆင့် ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE