သရုပ်ဆောင်ဖို့စိုးရိမ်စိတ်ဝင်ခဲ့လို့ Captain Marvel ကို ငြင်းဖို့လုပ်ခဲ့တဲ့ Brie Larson

Instagram by brielarson

Marvel အနေနဲ့ သူတို့ရဲ့ superhero တွေကို ရွေးချယ်တဲ့နေရာမှာ တော်တော်လေးကို တော်လွန်းတယ်လို့ ဆိုရမယ့်။ ဘာကြောင့်ဆိုရင် superhero တိုင်းကို တာဝန်ယူသရုပ်ဆောင်နေခဲ့တဲ့ သရုပ်ဆောင်တွေအကုန်လုံးဟာ ဇာတ်ကောင်ရဲ့ ပုံစံအပြင်ကိုမှ စရိုက်တွေကပါ တစ်ထပ်တည်းကျနေလို့ပါပဲ။

ဒါပေမဲ့ Captain Marvel အဖြစ် Brie Larson ကို ရွေးချယ်ခဲ့တုန်းကတော့ တချို့ပရိတ်သတ်တွေအနေနဲ့ သဘောမတူတာတွေရှိနေခြ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ရုပ်ရှင်လည်း ထွက်ပြီးရော Brie Larson နဲ့ Captain Marvel ကလည်း ခွဲလို့မရတော့လောက်အောင်ကို လိုက်ဖက်ညီလွန်းသွာားခဲ့တာပါ။

 

View this post on Instagram

 

A post shared by Brie (@brielarson) on

 

 

View this post on Instagram

 

A post shared by Brie (@brielarson) on

Captain Marvel နေရာကို သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့တုန်းက အကြောင်းကို Brie Larson ဟာ သူမရဲ့ YouTube channel ရဲ့ Audition Story Time မှာ ပြောပြလာခဲ့ပါတယ်။ Marvel ဖက်က ဖုန်းဆက်တုန်းက သူမဟာ King Kong ရိုက်ကွင်းမှာ ရှိနေခဲ့တာပါ။ သူ့အဖွဲ့တွေက “Marvel က ဖုန်းဆက်တယ်၊ Captain Marvel နေရာကို ပေးမလို့” လို့ဆိုပြီးတော့ Brie Larson ကို ပြောတဲ့အချိန်မှာတော့ Brie Larson ဟာ ချက်ချင်းပဲ ငြင်းဆန်ခဲ့ပါတယ်တဲ့။

READ
အသက်(၂၂) နှစ်မှာ ဦးနှောက်ပျက်သလို ခံစားခဲ့ရကြောင်း ရင်ဖွင့်လာတဲ့ ကီရာနိုက်တလေ

 

 

View this post on Instagram

 

A post shared by Brie (@brielarson) on

ဒီလောက်ကြီးတဲ့ တာဝန်ကို သူမမယူနိုင်ဘူးဆိုပြီး ငြင်းခဲ့တာတဲ့လေ။ သူ့ကြောင့် ဇာတ်ကောင်ပျက်ဆီးသွားမှာလည်း စိုးရိမ်သလို ဒီလောက်ထိ ကြီးကျယ်တဲ့ ဇာတ်ကောင်ကိုလည်း တာဝန်ယူဖို့အတွက် ယုံကြည်မှုမရှိပါဘူးတဲ့။ နောက် Marvel ကလည်း ဒုတိယတစ်ကြိမ် ထပ်ဖုန်းဆက်ခဲ့တယ်။ ဒုတိယတစ်ခေါက်မှာလည်း Brie Larson က ထပ်ငြင်းခဲ့သေးတယ်။ ဒါပေမဲ့လည်း သူမရဲ့အဖွဲ့သားတွေရဲ့ဖျောင်းဖျမှုကြောင့် Marvel နဲ့ စကားပြောပြီးနောက်ပိုင်းမှာတော့ ဒီဇာတ်ကောင်ကို လက်ခံလိုက်ခဲ့တာပါတဲ့။

Marvel.com

ဒါကတော့ သူမရဲ့ YouTube ဗီဒီယိုလေးပါ။

READ
အထာကျကျ မိုက်လွန်းနေတဲ့ ဓါတ်ပုံတွေ မျှဝေလိုက်တဲ့ ဝါဆိုမိုးဦး

penny

SHARE