ဟာရီကိန်းIrma ကြောင့် အားလုံးဆုံးရှုံးခဲ့ရတဲ့ဗြိတိန်ကြင်စဦးမောင်နှံ

တနင်္ဂနွေနေ့တုန်းက Florida ပြည်နယ် ကမ်းခြေတစ်လျှောက်ကို တစ်နာရီ၁၃၅မိုင်နှုန်းနဲ့ ၀င်မွှေသွားခဲ့တဲ့ ဟာရီကိန်း Irmaကြောင့် လူနေအိမ်ခြေတွေများစွာပျက်ဆီးခဲ့ပြီး ဓာတ်အားတွေလည်း ပြတ်တောက်ခဲ့ပါတယ်။ မိုင်၄၀၀ အကျယ်အ၀န်းရှိတဲ့ မုန်တိုင်းဟာ Florida ပြည်နယ်ရဲ့ အဓိကနေရာတွေကို တိုက်ခတ်ခဲ့ပြီး အနောက်ဘက်ကမ်းရိုးတန်းဘက်ဆီကို ဆက်လက်သွားခဲ့ပါတယ်။ မုန်တိုင်းအတွင်းမှာ ပိုင်ဆိုင်မှုပစ္စည်းတွေ အကုန်ပါသွားခဲ့ရတဲ့ အသစ်စက်စက်ဇနီးမောင်နှံအကြောင်းကို The Mirror သတင်းကနေ တွေ့ရှိရပါတယ်။

(Image: Derby Telegraph / BPM Media)

အသက်၂၄နှစ်ရှိသူ Michael နဲ့ အသက်၂၃နှစ်ရှိပြီဖြစ်သူ Jade တို့ဟာ မကြာသေးမီကမှ လက်ထပ်ထားကြတာပါ။ ပြီးခဲ့တဲ့အပတ်က မြေထဲပင်လယ်ကို  ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တဲ့ ဟာရီကိန်းကြောင့် ပိုင်ဆိုင်မှုပစ္စည်းတွေတစ်ခုမှမပါနဲ့ Gorda ကျွန်းကနေ ပြေးဖို့ကြိုးစားခဲ့ကြတာပါ။

(Image: WENN.com)

လက်ထပ်ပြီးနောက် ရက်အနည်းငယ်အကြာမှာ ကြီးမားတဲ့မုန်တိုင်းကြောင့် Virgin Islands မှာရှိတဲ့နေအိမ်အသစ်နဲ့ အတူပစ္စည်းအားလုံးက အပျက်အစီးတွေကြားထဲမှာ ပါသွားခဲ့ပါတယ်။ ဇနီးမောင်နှံ၂ယောက်ဟာ ဟာရီကိန်းကြောင့်လူ၃၀နီးပါးသေဆုံးခဲ့တာကြောင့် Derby မှာရှိတဲ့နေအိမ်ဆီကိုအသည်းအသန်နဲ့  ပြန်လာဖို့ကြိုးစားနေကြပါတယ်။

READ
လျှပ်စစ်အငွေ့ပြန် အမွှေးဆီဘူးကြောင့်မျက်နှာလောင်ကျွမ်းခဲ့ရတဲ့ အမျိုးသမီး
(Image: WENN.com)

Jade ရဲ့အမေဖြစ်သူက Derby Telegraph နဲ့အင်တာဗျူးမှာစိတ်လှုပ်ရှားစွာနဲ့ အခုလိုပြောခဲ့ပါတယ်။

“Jade ကပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညက လေတွေမိုးတွေတိုက်နေတဲ့ video file ကိုပို့ပေးခဲ့ပါတယ်။ ကျွန်မတောင် မကြာခဏအဆက်အသွယ်လုပ်ဖို့ပြောလိုက်ပါသေးတယ်။ ဒါမှလဲသူတို့လုံခြုံတယ်ဆိုတာသိမှာ။ ၂ရက်အတွင်းမှာ သူတို့ဆီကသတင်းကြားရတာ ဒါနောက်ဆုံးပဲ။ စိတ်ပူလိုက်တာဆိုတာ မပြောပါနဲ့တော့။ တစ်သက်လုံးတစ်ခါမှ ဒီလောက်မငိုဖူးဘူး။ ဘာလုပ်ရမှန်းကို မသိတော့တာ။ အဲဒါနဲ့ သောကြာနေ့ကျတော့မှ ဂြိုလ်တုဖုန်းတွေကနေတဆင့် သူတို့အိမ်ကိုပြန်လာမယ်ဆိုတာ သိရတာ။”

(Image: WENN.com)

Jade ရဲ့အမေပြောပုံအရ သူတို့က ဘဏ်မှာပိုက်ဆံတွေအပ်ထားတော့ ငွေတွေဆုံးမှာလဲကြောက်နေတယ်လို့ ဆိုပါတယ်။ ပြီးတော့ ထိုဇနီးမောင်နှံက ဟာရီကိန်းလာမယ်ဆိုတာသိပေမယ့် အဲဒီလောက်ပြင်းထန်လိမ့်မယ်မထင်ဘူးလို့ပြောပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့၂ယောက်က Puerto Rico မှာရှိတဲ့ဟိုတယ်မှာနေထိုင်လျက်ရှိပြီး လူတွေအများကြီးက လက်မှတ်ရဖို့ကြိုးစားနေတာကြောင့် Derby ကိုဘယ်နေ့ပြန်လာမယ်ဆိုတာ မသိသေးဘူးလို့ သိရပါတယ်။

READ
အစ္စရေးစစ်သမီးတွေရဲ့ ရင်ဖိုစရာဓာတ်ပုံတွေ မျှဝေထားတဲ့ Instagram အကောင့်

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE