ဝန်ထမ်းတွေအားလုံးကို လနဲ့ချီပြီး နိုင်ငံခြားအပျော်ခရီးစဉ်တွေ ပို့ပေးတဲ့ ကုမ္ပဏီ

နည်းပညာဂုရုနှစ်ယောက်ဟာ ဗြိတိန်ရဲ့ အကောင်းဆုံးသူဌေးတွေအဖြစ် သမုတ်ခံနေရပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဆိုပါသူဌေးနှစ်ယောက်ဟာ သူတို့ရဲ့ဝန်ထမ်းတွေကိုခေါ်ပြီး ထိုင်း၊ အိန္ဒိယနဲ့ မက္ကစီကိုနိုင်ငံတွေကို လနဲ့ချီပြီး အားလပ်ရပ်ခရီးရှည်တွေထွက်ခဲ့တာ ဖြစ်ပါတယ်။ သူဌေးနှစ်ဦးဟာ အသက်(၂၉) နှစ်အရွယ် မိုက်ခ်ဘန်ဒါနဲ့ အသက်(၃၁) နှစ်အရွယ် ဂျိမ်းစ်ဗာဒီတို့ပဲ ဖြစ်ပါတယ်။

News Dog Media

သူတို့နှစ်ဦးဟာ ကုမ္ပဏီမှာရှိတဲ့ ၀န်ထမ်း(၉) ယောက်စလုံးကို လစာရခွင့်ရက်တွေ အကန့်အသတ်မရှိပေးထားပါတယ်။ ၀န်ထမ်းတွေဟာ အလုပ်ရုံးခန်းဆီလာစရာမလိုပဲ ကြိုက်တဲ့နေရာကနေ ကြိုက်သလိုအလုပ်လုပ်နိုင်ပါတယ်။ ဒါကြောင့် ၀န်ထမ်းတွေဟာ စားပွဲခုံမှာ ထိုင်ရာကနေ မထ အလုပ်လုပ်စရာမလိုပဲ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ မွန်ဘိုင်းဟိုတယ်ကြီးတွေမှာ တည်းခိုရင်း၊ ပင်လယ်လိပ်ကြီးတွေနဲ့အတူ ရေကူးရင်း၊ ထိုင်းနိုင်ငံ ကမ်းခြေတွေမှာ စကီစီးရင်းနဲ့ အလုပ်လုပ်နိုင်ကြတာ ဖြစ်ပါတယ်။

News Dog Media

ကုမ္ပဏီရဲ့စီးပွားရေးကတော့ တစ်နှစ်ကို ပေါင်(၁) သန်းအမြတ်ရှိတဲ့ ဒီဂျစ်တယ်နည်းပညာကုမ္ပဏီ Turn Partners ဖြစ်ပါတယ်။ ကုမ္ပဏီဟာ app နဲ့ website တွေကို ဖန်တီးရေးသားတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ သူဌေးတစ်ဦးဖြစ်တဲ့ မိုက်ခ်ဘန်ဒါကတော့ “…ဂျိမ်းစ်နဲ့ ကျွန်တော်က ရေရှည်မှာ ၀န်ထမ်းရော၊ သူဌေးပါ ရလဒ်ကောင်းရတဲ့ စီးပွားရေးမျိုးလုပ်ချင်ခဲ့တာပါ။ ကျွန်တော်တို့ ၀န်ထမ်းတွေကိုလည်း အလုပ်မှာ ပျော်စေချင်တယ်။ အလုပ်လုပ်နေရင်းနဲ့လည်း ဘ၀ရဲ့ အကောင်းဆုံးအတွေ့အကြုံတွေကို ခံစားစေချင်ပါတယ်။ အလုပ်ကနေ ရတဲ့ ပျော်ရွှင်မှုဟာ တိုးတက်မှုရှိတဲ့ ရလဒ်ကောင်းတွေကို ဦးတည်ပါတယ်…” လို့ ဆိုပါတယ်။

READ
ဓာတ်တိုင်ပေါ်မှာရှိနေတဲ့ ငှက်သိုက်ကို ပညာသားပါပါ ဖြေရှင်းခဲ့တဲ့ ဂျပန်ကုမ္ပဏီ
News Dog Media

မိုက်ခ်ဘန်ဒါနဲ့ ဂျိမ်းစ်ဗာဒီတို့ဟာ ၀န်ထမ်းတွေကို စရိတ်ငြိမ်းခေါ်ပြီး လနဲ့ချီတဲ့ ခရီးရှည်တွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ ခရီးထွက်တဲ့အခါ ၀န်ထမ်းတွေရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ မိတ်ဆွေတွေပါ လိုက်လာတတ်ကြောင်းလည်း သိရပါတယ်။ နိုင်ငံတော်တော်များများဆီကို ခရီးထွက်ရင်း အလုပ်လုပ်ကြတဲ့အပြင် ၀န်ထမ်းတွေနဲ့ သူဌေးတွေကြားမှာ ကွာဟချက်ဆိုတာ မရှိတော့ပဲ ရင်းနှီးမှုတွေ ပိုလာတယ်လို့လည်း မိုက်ခ်က ဆိုပါတယ်။

News Dog Media

Turn Partners က အဖွဲ့ဝင်တွေဟာ အခုနှစ် ဖေဖော်ဝါရီ အစောပိုင်းတုန်းကလည်း အိန္ဒိယက ဂိုအာနဲ့ မွန်ဘိုင်းမြို့တွေဆီကို လကြာရှည်စွာ ခရီးထွက်ခဲ့ကြပါသေးတယ်။ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်ဖေဖော်ဝါရီတုန်းကတော့ ထိုင်းနိုင်ငံက ဘန်ကောက်၊ ချင်းမိုင်၊ ကရာဘီနဲ့ ဖီဖီကျွန်းတွေဆီ (၂၈) ရက်တာ အားလပ်ရက်ခရီးရှည်တွေ ထွက်ခဲ့ကြပါသေးတယ်။ စီနီယာdeveloper တစ်ဦးဖြစ်တဲ့ လုခ်လန်ချက်စ်တာကတော့ “ကျွန်တော် လပေါင်းများစွာ စားပွဲမှာထိုင်ပြီး ဖြေရှင်းနေရတဲ့ အလုပ်ပြဿနာကို အပျော်ခရီးထွက်ရင်း လှိုင်းသံတွေကို နားထောင်ရင်းနဲ့ပဲ ဖြေရှင်းနိုင်ခဲ့ပါတယ်…” လို့လည်း သူ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

READ
သြစတေးလျမှာ တစ်ခေတ်ဆန်းတော့မယ့် ခွေးလေးတွေရဲ့ အော်ပရာ
News Dog Media

လင်းလင်း (ShweMom)

Ref: theSun, Dailymail

SHARE