ဗြိတိန်နိုင်ငံက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကမ္ဘာ့အန္တရာယ်အများဆုံး လမ်း

Image:IG/ags/thebroomway

ဒီလမ်းလေးကို ကြည့်လိုက်ရင်တော့ ပုံမှန် လမ်းလေး တစ်လမ်းလို့ပဲ ထင်ကြမှာပါ။ဒါပေမယ့် ဒီလမ်းရဲ့ အကြောင်းကို သိရင် တော့ လျှောက် ဖို့ တောင် မ၀ံ့မ ရဲ ဖြစ်သွားနိုင်ပါတယ်။ဒီလမ်းက တော့ လူတွေ ရဲ့ အသက်တွေအများကြီး ကို နုတ်ယူ ခဲ့တဲ့ လမ်းပါ။ဗြိတိန် မှာ တည်ရှိပြီး Essex နဲ့ Foulness Island ကို ဆက်သွယ် ပေးတဲ့ လမ်းပါ။ဒီလမ်း ကြောင့် လူတစ်ရာ ကျော် သေခဲ့ ဖူး ပါတယ်။ဗြိတိန်ရဲ့ လူသေဆုံးမှု အများဆုံး လမ်းတစ်ခု အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပြီး သူ့ကိုတော့ “The Doomway” ဆိုပြီး တော့ တောင် နာမည် ပေး ထားပါတယ်။ဒီအ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by nightstopper | Michal (@nightstopper)

ဒီလမ်းက တော့ ဟိုးရာစုနှစ်ပေါင်း များစွာ တည်းက ရှိတာပါ။ Foulness Island ကို ခြေကျင်နဲ့ သွားနိုင်တဲ့ တစ်ခု တည်းသော လမ်းပါ။(၁၄၁၉) ခုနှစ် အစော ပိုင်းတည်းက ရှိခဲ့တာ လို့ ပြော ကြပြီး လမ်း အရှည်က တော့ (၆) မိုင် ရှိပါတယ်။သဲတွေ၊ရွှံ့ တွေ ကို ဖြတ် သွားရတာပါ။ရာသီဥတု ကောင်းေ နရင် တော့ ကိစ္စ မရှိပေမယ့် ရာသီဥတု ဆိုးနေရင် တော့ တော်တော် လေး ကို အန္တရာယ် များ မယ့် ပုံ မျိုးပါ။နှင်းတွေ ထူ တဲ့ အချိန်၊မိုးသည်းတဲ့ အချိန် မျိုးတွေ ဆိုရင် တော့ ဘေးမှာ ကန့်သတ်ထားတဲ့ သစ်သားလုံး တိုင် တွေ ကို မြင် ရဖို့ က ခက်သလို နင်းရမယ့် သဲ မြေ တွေ ကလည်း စိတ်မချ ရတဲ့ အနေအထားပါ။ဒါကြောင့် ပဲ အရမ်း အန္တရာယ်များတဲ့ လမ်း အဖြစ် သတ်မှတ်ခံထားရတာပါ။

 

View this post on Instagram

 

A post shared by mondo (@planetmondo)

နောက်တစ်ခုက တော့ ဒီရေပါ။ဒီရေတက်ချိန်ကျရင် တော့ လမ်းကိုပါ ရေ တွေ ဖုံး လွှမ်း သွားတတ်ပါတယ်။ဒီရေ တက်ချိန် ကျချိန် ဆိုတာ ကလည်း အချိန် ခဏ လေး အတွင်းမှာပဲ ဖြစ်သွားတာ မို့ တော်တော် လေး အန္တရာယ်များပါတယ်။ရွှ့ တွေ နဲ့ ဖုံး ထားတဲ့ တွင်း နက် ကြီးတွေ ကလည်း လူကို နစ်မြုပ် သွားစေ နိုင်ပါတယ်။ဒါကြောင့် ရာသီဥတု ဆိုးတဲ့ အချိန်၊ဒီရေ တက်ချိန် မျိုးတွေ မှာ သွားမိရင် တော့ အသက်ရှင် လျက်နဲ့ ပြန်လာ နိုင်ဖို့ သိပ် မသေချာ ပါဘူး။ဒါ့အပြင် ဒီရေ တက်ပြီဆိုရင် ထွက်ပြေး ရင် တောင် မှ မလွတ် လောက် အောင် ရေတက်ကြမ်းတယ်လို့ လည်း ပြော ကြပါတယ်။ Broomway လမ်းကို လျှောက်ရင်းနဲ့ ပြန် ရောက်မလာတော့ပဲ ပျောက် ဆုံး သွားတဲ့ လူတွေ အများကြီး ရှိပါတယ်။(၁၆၀၀)လောက်ကစ ပြီး သဲ တွေ ကြားမှာ ပေါ်လာတဲ့ အလောင်း (၆၆) လောင်း ရှိခဲ့ ကာ အလောင်းတောင် ပြန် ပေါ် မလာ တော့တဲ့ လူတွေ လည်း အများကြီး ရှိပါတယ်။

 

View this post on Instagram

 

A post shared by Gerry (@runs_photos)

ရာသီဥတု လည်း ကောင်း၊ဒီရေ တက်ချိန်လည်း မဟုတ်ရင် တော့ ကျယ်ပြန်တဲ့ သဲ သောင်ပြင်မှာလ မ်းလျှောက် နေရတဲ့ ပျော်စရာ ခံစားချက် မျိုးကို ပေးစွမ်းနိုင်ပါတယ်။ဒါပေမယ့် ခန့်မှန်းလို့ ခက်တဲ့ ရာသီဥတု က ချက်ချင်း ထ ဖောက်မယ်၊ရုတ်တရက် ဒီရေ လှိုင်း လုံး တွေ လာ မယ်ဆိုရင် တော့ တကယ့်ကို ကြောက်စရာ ကောင်းတဲ့ အခြေအနေ နဲ့ ကြုံ ရမှာပါ။ဒီလမ်းကို လျှောက်မယ့် သူတွေ အတွက် အန္တရာယ်ရှိတယ်ဆိုတဲ့ သတိပေးချက် တွေ အများကြီး ကို လမ်းနဲ့ အနီး တစ်ဝှိုက် မှာ ကပ်ထား၊ချိတ် ဆွဲ ထားပါတယ်။အရင်က တော့ Foulness Island ကို ခြေကျင် နဲ့ သွားရင် ရောက်နိုင်တဲ့ တစ်ခုတည်းသော လမ်း ဖြစ်ခဲ့ဖူးပေမယ့် အခု တော့ မဟုတ်ပါဘူး။(၁၉၂၂) လောက် တုန်းက တံတား Havengore Creek ကို ဆောက်ခဲ့ပါတယ်။ပထမ ကမ္ဘာ စစ်တုန်းကလ ည်း Foulness ကျွန်းမှာ စစ်ရေး လေ့ကျင့်မှုတွေ လုပ်ခဲ့ဖူးပါတယ်။အမြောက် လေ့ကျင့်တာတွေ လုပ်ခဲ့တာ ဖြစ်တာကြောင့် တချို့ ပေါက်ကွဲ စေနိုင်တဲ့ ပစ္စည်းတွေ က သဲ တွေ ကြားမှာ မြုပ် ကျန်နေတာ မျိုးတွေ လည်း ရှိနေနိုင်ပါတယ်။အခုကေ တာ့ ထူးခြားတဲ့ နေ့ တွေ ဆိုရင် တော့ ဒီလမ်းကို လာရောက် လည် ပတ်ခွင့် ပေး ထားပါတယ်။

READ
ရှေးဟောင်းအီဂျစ်အုတ်ဂူတွေကို အများပြည်သူတွေ လေ့လာနိုင်ဖို့ ပြန်လည်ဖွင့်လှစ်မည်

#SHWEMOM

SHARE