ဗြိတိန်နိုင်ငံရဲ့ တက်တူး အများဆုံးအမျိုးသား

ဗြိတိန်နိုင်ငံရဲ့ တက်တူးအများဆုံးအမျိုးသားက ခန္ဓာကိုယ်ပေါ်မှာ တက်တူးအပါ အ၀င်တခြား Body Art ထိုးထားတဲ့ သူတွေကို ခွဲခြားဆက်ဆံတွေကို ရပ် တန့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။သူရဲ့ပုံပန်းသဏ္ဍာန်ကြောင့်ဓါးနဲ့အထိုးခံ လိုက်ရ တဲ့ ဖြစ်ရပ်အပြီးမှာပဲ အခုလို တောင်းဆိုလိုက်တာပါ။အသက်(၃၇)နှစ်အရွယ် Matthew Whelan ဆိုသူဟာ တက်တူးထိုးတာကို နှစ်သက်လွန်းလို့ နာမည် ကိုပါ Body Art လို့ပြောင်းလဲပစ်ခဲ့သူပါ။တက်တူး၊ဆေးမင်ကြောင်ထိုးထားတဲ့ သူတွေကို နှိမ့်ချစရာလို့ မြင်နေတဲ့ အမြင်အဆင့်အတန်းခွဲခြားမှုနဲ့ဥပဒေတွေကို ဆန့်ကျင်နေသူလည်းဖြစ်ပါတယ်။

ds

အင်္ဂလန်Birmingham မြို့မှာ နေထိုင်သူဖြစ်ပြီး နာမည်အပြည့်အစုံကတော့ King of Ink Land King Body Art The Extreme Ink-Ite ပါ။ တက် တူးတွေပြည့်နေတဲ့ သူ့ရဲ့ပုံစံကြောင့် လူမိုက်၊လူရမ်းကားတွေရဲ့ နှိပ်စက်ညှဉ်း ပမ်းတာတွေကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။လူသစ်၊ပတ်ဝန်းကျင်တွေနဲ့ထိတွေ့ ဆက်ဆံနေရရင် လူတွေက သူ့ကို အထူးတဆန်း စိုက်ကြည့် တာကို ခံရကြော င်း၊ဒီလိုတုံ့ပြန်မှုတွေကပဲ မုန်းတီးမှုကြောင့်ဖြစ်ရတဲ့ ရာဇ၀တ်မှုတွေကို ဖြစ်လာေ စတယ်လို့ ဆိုပါတယ်။Body Art  ဟာ(၂၀၀၉)ခုနှစ်က ရဲစခန်း တစ်ခုအနီးမှာ ဓါးထိုးခံခဲ့ရတာဖြစ်ပြီး၊ဒဏ်ရာပြင်းထန် ခဲ့ကြောင်း၊ပြန်ကောင်းလာပြီးနောက်ပိုင်း မှာလည်း ၀ှီးချဲပေါ်မှာ သီတင်းပတ်အတော်ကြာနေခဲ့ရပါတယ်။

READ
ကောင်မလေးတစ်ယောက်ကို အောင်မြင်စွာချဉ်းကပ်နိုင်စေဖို့နည်းလမ်းများ

dssd

တက်တူးထိုးတဲ့လူတွေအပေါ်မှာ မြင်တဲ့ လူတွေရဲ့အခြေအမြစ်မရှိတဲ့ အမြင်ေ တွကြောင့် အာဏာပိုင်တွေနဲ့လုပ်ငန်းရှင်တွေရဲ့ နှိမ်ချဆက်ဆံတာတွေကိုလည်း ခံခဲ့ရတယ်လို့ဆိုပါတယ်။အက်ဥပဒေ(၁၈၆၁)အရ မျက်ဆန်မှာ တက် တူးထိုး သူတွေ၊ခန္ဓာကိုယ်ပေါ်မှာ တက်တူးအလွန်အကျွံထိုးထားသူတွေကို မကောင်းတဲ့ သားကောင်တွေအဖြစ် သတ်မှတ်ကြလေ့ရှိပါတယ်။Body Art  ဟာတက်တူး ထိုးနိုင်ဖို့အတွက် သူ့ရဲ့နို့သီးကိုပါဖယ်ရှားပစ်ခဲ့ပါတယ်။ဒါ့အပြင်နားထဲမှာပါ သွား ရာလိုပုံစံတတ်တူးထိုးခဲ့သလို၊လျှာကိုပါ တစ်ဝက်ခွဲခဲ့ပါတယ်။သူ့အသက်( ၁၆)နှ စ်လောက်တည်းက တက်တူးထိုးလာခဲ့တာဖြစ်ပါတယ်။

dsdsds

“ပြင်ပပုံစံ ဘယ်လိုပဲကွဲကွဲ အတွင်းပိုင်းကတော့ အတူတူပါပဲ။ကျွန်တော်တို့ လည်းလူတွေပါပဲ။ဒါပေမယ့်သူတို့တွေက ကျွန်တော်တို့ရဲ့ ရုပ်ခန္ဓာကို အန္တရာ ယ်ရှိတယ်လို့ သတ်မှတ်နေကြတယ်။အဲ့ဒါဟာ ရယ်စရာကောင်းပြီး ကျွန်တော် တို့ကို စိတ်ကသိကအောက်ဖြစ်စေတယ်”လို့ Body Art ကပြောခဲ့ပါတယ်။

Ref;themirror

SHARE