မိမိစံချိန်ကို ပြန်ချိုးကာ တစ်နာရီ မိုင် ၃၀ သွားပြခဲ့တဲ့ ဗြိတိန် Iron Man

အသက် ၃၈ နှစ်အရွယ် ရစ်ချက်ဘရောင်းနင်းဆိုသူ လူတစ်ယောက်ဟာ ယခင်က ကုန်သည်အလုပ်နဲ့ အသက်မွေးခဲ့သူဖြစ်ပြီး သူငယ်ချင်းများနဲ့ Iron Man ၀တ်စုံတီထွင်ခဲ့ရာမှာ ၁၈ လ သာကြာမြင့်ခဲ့ပြီး အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။Iron Man ၀တ်စုံကို ” Daedalus ” လို့နာမည်ပေးထားပြီး ဓာတ်ငွေ့လောင်စာသုံး အင်ဂျင် ၆ လုံးပါဝင်ကာ နောက်ကျောမှာ  ၂ လုံးနဲ့ လက်တစ်ဖက်စီမှာ ၂ လုံးစီတပ်ဆင်ထားတာ ဖြစ်ကြောင်းသိရပြီး မြင်းကောင်ရေ ၈၀၀ အထိ စွမ်းအားရှိတယ် လို့သိရပါတယ်။ဒါ့အပြင် ဒီဝတ်စုံမှာ ခေါင်းဆောင်းတစ်ခုလည်း ပါဝင်ပြီး အကြမ်းခံနိုင်တဲ့ သံချပ်ကာ အင်္ကျီလည်း ပါဝင်တယ် လို့သိရပါတယ်။

ဘရောင်းနင်းဟာ မေလ ၂၅ ရက်နေ့က သူရဲ့ Iron Man ၀တ်စုံကို ထပ်မံ စမ်းသပ်မောင်းနှင်ခဲ့ပြီး ယခင်တင်ထားတဲ့ စံချိန်ကို ပြန်ချိုးကာ တစ်နာရီ မိုင် ၃၀ နူန်းအထိ မောင်းနှင်ပြခဲ့ပါတယ်။

” ကျွန်တော်တို့ဟာ ဒီဝတ်စုံနည်းပညာကို အခြေပြုပြီး လူသားတွေရဲ့ ပျံသန်းမှု ဆိုင်ရာ အမြင်တွေကိုပါ ပြောင်းလဲသွားဖို့အတွက်ရွည်ရွယ်ထားပါတယ်။ဒီဝတ်စုံကို အကြိမ်ကြိမ် ပြုပြင်အပြီးမှာ ဒီဝတ်စုံဟာ လူသားတွေ ပျံသန်းနိုင်တဲ့ နည်းပညာတစ်ခု အဖြစ်ပါ ရောက်ရှိလာပါပြီ ” လို့ ဘရောင်းနင်းက Reuters သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

READ
Gamer တွေအတွက် ရည်ရွယ်ထားတဲ့ Razer Smartphone

ဒီနည်းပညာဟာ စစ်ဘက်ဆိုင်ရာ လုပ်ငန်းတွေမှာပါ အသုံးပြုလို့ရလာနိုင်မှာ ဖြစ်တဲ့အပြင် ကယ်ဆယ်ရေး လုပ်ငန်းများမှာပါ အသုံးပြုသွားနိုင်မှာ ဖြစ်တယ် လို့ဘရောင်းနင်းက ယုံကြည်နေပါတယ်။ဘရောင်းနင်းဟာ လက်ရှိအချိန်မှာ ဗြိတိန်နဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများရဲ့ စိတ်ဝင်စားမှုများကို ရရှိနေပြီး ပုဂ္ဂလိဂ ဆိုင်ရာအဖွဲ့အစည်းများရဲ့ ရင်းနှီးမြှပ်နှံမှုများကို ရရှိထားတယ် လို့သိရပါတယ်။အခုလို ရင်းနှီးမြှပ်နှံမှုများရရှိထားတဲ့အတွက် ဘရောင်းနင်းဟာ ပိုမို အစွမ်းထက်တဲ့ ၀တ်စုံများကို ထုတ်လုပ်သွားမှာ ဖြစ်တယ် လို့သိရပါတယ်။

အခုဆိုရင် ဘရောင်းနင်းနဲ့ အတူ Software engineers များ ၊ 3D နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများ၊ဂျက်အင်ဂျင်ဆိုင်ရာ ကျွမ်းကျင်သူများအပြင် စက်ပြင်ဆရာများပါ ၀တ်စုံစီမံကိန်းအတွက် အလုပ်လုပ်နေတယ် လို့သိရပါတယ်။” နောက်ထပ်ထုတ်လုပ်မဲ့ နည်းပညာကတော့ ပိုပြီးလွယ်ကူစွာ လူသားတွေအတွက် အသုံးပြုနိုင်မှာ ဖြစ်ပြီး ကျွန်တော်တို့တွေ နောက်ထပ်လအနည်းငယ်အတွင်းမှာ ကမ္ဘာကြီးကို ထုတ်ပြသွားမှာပါ ” လို့ ဘရောင်းနင်းက ပြောဆိုခဲ့ပါတယ်။

READ
အင်တာနက်လူမှုကွန်ယက်တွေရဲ့ ဖျက်ဆီးမှုအခံရဆုံး လူသားများ

Slash (Shwemom)

Ref : The Sun

SHARE