အင်တာနက်လိုင်းကိုတောင် မျှမသုံးချင်တဲ့ ဗြိတိန်ဘီလီယံနာ ဝေဖန်ခံရ

Jim Ratcliffe/Twitter

ဗြိတိန်ရဲ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေတဲ့ ဘီလီယံနာ ဂျင်ရက်ကလစ်ဖ် ဆိုတဲ့ အမျိုးသားကြီးကတော့ သူ့ရဲ့မြန်နှုန်းမြင့်အင်တာနက်လိုင်းကိုတောင် အခမဲ့သုံးခွင့်ပေးဖို့ တွန့်တိုနေတာကြောင့် နာမည်ကြီးသွားခဲ့ရပါတယ်။

ပေါင်(၂၁) ဘီလီယံအထိ ချမ်းသာသူ ဖြစ်တဲ့ ရက်ကလစ်ဖ်ဟာ အင်္ဂလန်နိုင်ငံ၊ ဟမ့်ရှိုင်းယားပြည်နယ်တွင်းမှာရှိတဲ့ သူ့ရဲ့စံအိမ်သစ်အတွက် မြန်နှုန်းမြင့်အင်တာနက်လိုင်း တပ်ဆင်ဖို့ စီစဉ်နေတာဖြစ်ပြီး သူက စံအိမ်အနီးမှာနေထိုင်သူ အိမ်နီးချင်းတွေကို အင်တာနက်လိုင်းအတွက် ပိုက်ဆံထည့်ကြမလားလို့ မေးမြန်းခဲ့ပါတယ်။

Twitter

အသက် (၆၆)နှစ်အရွယ် ဘီလီယံနာကြီးတစ်ယောက် သူတို့ရဲ့အနီးအနားကို ပြောင်းရွှေ့လာခဲ့လို့ ဘာများအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုပြီး မျှော်လင့်နေတဲ့ အိမ်နီးချင်းတွေဟာ ပထမဆုံးလမှာတင်ပဲ စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ကြတာပါ။

ရက်ကလစ်ဖ်က သူ့ရဲ့အိမ်နီးချင်း (၁၀) ဦးဆီကို အီးမေးလ်ပို့ခဲ့ပြီး မြန်နှုန်းမြင့်အင်တာနက်လိုင်း တပ်ဆင်ဖို့အတွက် သူနဲ့အတူ ပိုက်ဆံထည့်ကြမလားလို့ မေးမြန်းခဲ့ပါတယ်။

Twitter

ရက်ကလစ်ဖ်ရဲ့ အိမ်နီးချင်းတွေထဲမှာ ဗြိတိန်ရဲ့နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်တဲ့ မာ့ခ်နော့ဖလာ လည်း ပါဝင်နေပြီး သူကလည်း ရက်ကလစ်ဖ်ရဲ့ (၂၄)နာရီအပြည့် လှည့်လည်သွားလာနေတဲ့ လုံခြုံရေးဝန်ထမ်းတွေကြောင့် စိတ်ညစ်နေသူပါ။

READ
မိဘတွေရဲ့  (၆)နှစ်တာ တိရစ္ဆာန်သဖွယ် လှောင်ပိတ်ထားခံရတဲ့ အမျိုးသမီးရဲ့အဖြစ်

စိတ်ပျက်နေတဲ့ အိမ်နီးချင်းတစ်ဦးကတော့ “တကယ့်ကို ဘုရားစူး ဘီလီယံနာကြီးပါပဲ။ သူတပ်ချင်တဲ့ အင်တာနက်လိုင်းအတွက် ဘာကြောင့် ငါတို့က ပိုက်ဆံပေးနေရဦးမှာလဲ” လို့ TheSun ကို ပြောပါတယ်။

 

ရက်ကလစ်ဖ်ဟာ သူ့အိမ်နဲ့ အိမ်ပတ်ဝန်းကျင်တွေမှာ လုံခြုံရေးဝန်ထမ်းတွေကို (၂၄)နာရီပတ်လုံး စေလွှတ်ထားပြီး သူမရှိတဲ့အချိန်တွေမှာတောင် လုံခြုံရေးဝန်ထမ်းတွေက လှည့်လည်သွားလာနေကြလို့ အိမ်နီးချင်းတွေ စိတ်ရှုပ်နေကြရတာလည်း ရှိပါသေးတယ်။

READ
နှစ်ပေါင်း(၃,၅၀၀) သက်တမ်းရှိသင်္ချိုင်းဂူတွေကိုအီဂျစ်မှာရှာဖွေတွေ့ရှိခဲ့

ရက်ကလစ်ဖ်ရဲ့ ဒီအဖြစ်အပျက်က ဗြိတိန်သတင်းစာတွေပေါ်မှာ နာမည်ကြီးသွားခဲ့ပြီး အင်တာနက်လိုင်းက ကွန်နက်ရှင်ကိုတောင် အိမ်နီးချင်းတွေဆီ အခမဲ့မပေးချင်တဲ့ ဘီလီယံနာကြီးလို့ သတင်းစာတွေက ခေါင်းစဉ်တပ်ခဲ့ကြတာပါ။

Linn

Source : Dailymail , TheSun

SHARE