၅’ ၈” ဇနီးသည်နဲ့လက်ထပ်ပြီး သမီးဦးလေးမွေးသွားပြီဖြစ်တဲ့ ဗြိတိန် လူပုကလေး

ဗြိတိန်ရဲ့ အရပ်အပုဆုံး အမျိုးသားတွေထဲက တစ်ဦးဖြစ်တဲ့ လူပုလေး ဂျိမ်းစ်လက်စ်တက်ဟာ အရပ်အမြင့် (၃) ပေ(၇) လက်မပဲ ရှိပါတယ်။ သူဟာ (၅) ပေ(၈) လက်မ အရပ်မြင့်တဲ့ အမျိုးသမီး ကလိုးအေးနဲ့ လက်ထပ်ပြီး အခုဆိုရင်တော့ သမီးလေးတစ်ယောက်တောင် မွေးပြီး ကလေးအဖေဖြစ်နေပါပြီ။

Wales News

ဂျိမ်းစ်က အသက်(၃၀) နှစ်ရှိပြီဖြစ်ပြီး ကလိုးအေးကတော့ အသက်(၂၅) နှစ်အရွယ်ရှိပါပြီ။ သူတို့ဟာ အိမ်ထောင်သက်သက်တမ်း (၂) နှစ်ခွဲကြာပြီးနောက်မှ သမီးကလေး အိုလီဗီယာကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဂျိမ်းစ်က “သမီးလေးကို ရင်ခွင်ထဲမှာ ပွေ့ထားရတာဟာ ကျွန်တော့်ဘ၀ရဲ့ အကောင်းဆုံးအရာတွေထဲက တစ်ခုပါပဲ။ ကလိုးအေးကို လက်ထပ်ရတဲ့ နေ့ကတော့ ကျွန်တော့်ရဲ့ အကောင်းဆုံးနေ့ပါ။ အိုလီဗီယာလေးအတွက် ကျွန်တော်တို့ ခံစားရတဲ့ အချစ်ဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက်စလုံး အရမ်းပျော်ကြပါတယ်။ အရင်တုန်းက ဒီလိုခံစားမှုမျိုး မခံစားဖူးပါဘူး….” လို့ ဆိုပါတယ်။

READ
အသက်မပြည့်သူနဲ့ လိင်ဆက်ဆံပြီး၊ ကိုယ်ဝန်ရသည်ဟု လိမ်ညာခဲ့သည့် အမျိုးသမီး
thesun

သူနာပြုဆရာမက အိုလီဗီယာလေးကို သူ့လက်ထဲ လာထည့်ပေးတုန်းက လွင့်စင်သွားမတတ် အပျော်တွေလွန်ခဲ့ကြောင်းနဲ့ ဒါကို စကားလုံးနဲ့တောင် ဖော်ပြလို့မရပါဘူးလို့  ဂျိမ်းစ်က ပြောပြပါသေးတယ်။ အိုလီဗီယာကို (၈) ပေါင်(၃) အောင်စနဲ့ ကျန်းမာစွာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ကလေးဟာ မွေးပြီး (၂၄) နာရီအကြာမှာပဲ မိခင်ဖခင်တို့နဲ့အတူ ဆေးရုံက ဆင်းနိုင်ခဲ့တာပါ။ ဂျိမ်းစ်ဟာ မွေးစကတည်းက diastrophic dysplasia လို့ခေါ်တဲ့ လူပုမျိုးဗီဇတစ်မျိုး ပါလာပေမယ့် ကံကောင်းထောက်မလို့ သူ့ရဲ့ သမီးလေးဆီကိုတော့ မျိုးရိုးမလိုက်ခဲ့ပါဘူး။

Wales News

ဂျိမ်းစ်ကတော့ ကလိုးအေးဟာ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ လိမ္မော်သီးက လွဲလို့ ဘာမှ မစားကြောင်း ဆိုခဲ့ပါတယ်။ ဘေဘီ အိုလီဗီယာလေးဟာ ခန့်မှန်းထားတဲ့ ဒိတ်ထက် သုံးရက်နောက်ကျပြီးမှာ မွေးလာခဲ့တာပါ။ လတ်တလောမှာ ဂျိမ်းစ်ဟာ Wizard of Oz မှာ စုန်းတစ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်လျက် ရှိနေပါတယ်။ ဂျိမ်းစ်က သူဟာ လူပုဖခင်တစ်ယောက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး အခုလို ရင်ဖွင့်ခဲ့ပါတယ်။ “….ကျွန်တော်က လူပုလေးတစ်ယောက်ဖြစ်နေတာရော၊ ဖခင်တစ်ယောက်ဖြစ်နေတာရော ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မစိုးရိမ်ပါဘူး။ လောလောဆယ်တော့ သမီးလေးက သူ့အဖေက တခြားသူတွေနဲ့ ဘယ်လိုကွဲပြားနေတယ်ဆိုတာ မသိသေးဘူးလေ။ အရွယ်ရောက်လာမှ အဖေက ဘာလို့ သေးသေးလေး ဖြစ်နေတယ်ဆိုတာ သူ့ကို ရှင်းပြရမယ်….”

READ
ချစ်သူကို မကယ်နိုင်ခဲ့လို့ ကိုယ်ကိုယ်တိုင် သတ်သေခဲ့တဲ့ တောင်တက်သမား
thesun

လင်းလင်း (ShweMom)

Ref: thesun

SHARE