အိုလံပစ်မှာဝင်ပြိုင်တော့မယ့် ကမ္ဘာ့အသက်အငယ်ဆုံး စကိတ်မယ်လေး Sky Brown

Instagram

အသက် ၁၁ နှစ်သာရှိသေးတဲ့ စကိတ်မင်းသမီးလေးဟာ အခုအချိန်အထိ စကိတ်အဖွဲ့စည်းက အသိအမှတ်ပြုခံထားရသူတွေထဲ အသက်အငယ်ဆုံးလို့ ဆိုနိုင်ပါတယ်။ ၂၀၂၀ ခုနှစ်၊ ဂျပန်မှာပြုလုပ်မယ့် အိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အပြင်းအထန်ကြိုးစားလျက်ရှိပါတယ်။ ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာ့အကြီးဆုံး အားကစားပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခွင့်အလမ်းများနေသူလေးအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။

AFP

သူမနာမည်ကတော့ Sky Brown ဖြစ်ပါတယ်။ ဗြိတိန်သားဖခင်နဲ့ ဂျပန်သူမိခင်တို့က မွေးဖွားခဲ့သူလေးမို့ အာရှသွေးတစ်ဝက်ပါတယ်ဆိုလည်း မမှားပါဘူး။ အသက် ၈ နှစ်အရွယ်ထဲက Nike ကပေးတဲ့ ပညာတော်သင်ဆုကို ရရှိခဲ့ပြီး ဒီဆုရရှိတဲ့အထဲမှာလည်း အသက်အငယ်ဆုံးပဲဖြစ်ပါတယ်။

Instagram

၂၀၁၆ ခုနှစ်တုန်းက Vans မှ ဦးစည်းကျင်းပခဲ့တဲ့ US Open Pro စကိတ်ဘုတ်စီးပြိုင်ပွဲမှာ သူမအရပ်နှစ်ပြန်စာရှိတဲ့ အမျိုးသမီးများကို ကျော်ဖြတ်ကာ ပထမဆုရရှိခဲ့တာပါ။ အဲဒီအချိန်ကတည်းက စကိတ်လောကမှာ နာမည်ရလာကာ မီဒီယာတွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာလည်း စင်္ကာပူ၊ ဆွီဒင်နဲ့ အက်စ်တိုးနီးယားတို့မှာ ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲတိုင်းလိုလိုမှာ ဆုရရှိခဲ့ပါတယ်။

READ
အယောင်ဆောင်ဘောလုံးသမားနဲ့ ချစ်သူရဲ့သစ္စာရှိမှုကိုစမ်းသပ်ခဲ့တဲ့ရလဒ်
Instagram

အိုလံပစ်ကို အစကတော့ ဂျပန်ကိုယ်စားပြုအဖြစ် ဝင်ပြိုင်ဖို့ စိတ်ကူးထားသော်လည်း စိတ်ကူးပြောင်းပြီး ဗြိတိန်ကိုယ်စားပြုအဖြစ်သာ ဝင်ပြိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ စကိတ်ဘုတ်အတွက် အိုလံပစ်မှာ park နဲ့ street ဆိုပြီး အမျိုးအစား ၂ မျိုးရှိတဲ့အထဲ Sky ကတော့ park နဲ့ ဝင်ပြိုင်ဖြစ်မှာပါ။ ဒီအပြင် UK နိုင်ငံမှ ပေးအပ်တဲ့ အားကစားထောက်ပံ့ကြေးကိုလည်း အပြည့်အဝခံစားရဦးမှာဖြစ်ပါတယ်။

Instagram

Sky ဟာ စကိတ်ဘုတ်စီးတာတွေအပြင် ရေလှိုင်းစီးတာ၊ ဘောက်စင်ထိုးတာ၊ အကပညာရပ်၊ ဂျူဒို၊ ဘောလုံးကစားနည်းတို့မှာလည်း ထူးချွန်သလို အရွယ်နဲ့မလိုက်အောင် ခန္ဓာကိုယ်ရဲ့ကြွက်သားတွေဟာလည်း တောင့်တင်းနေတာပါ။

Instagram

Sky သာ ဂျပန်အိုလံပစ်မှာ သွားပြိုင်နိုင်ခဲ့မယ်ဆိုရင်တော့ အသက်က ၁၂ နှစ်နဲ့ ၁၅ ရက်သာ ရှိဦးမှာပါ။ ဒီအရွယ်ဟာ ၁၉၂၈ ခုနှစ်တုန်းက အမ်စတာဒမ်မှာပြုလုပ်ခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲက ၁၃ နှစ် နဲ့ ၁၄ ရက်ရှိခဲ့တဲ့ ရေကူးချံပီယံ Margery Hinton ရဲ့ စံချိန်ကို ချိုးနိုင်မှာဖြစ်ပါတယ်။ ဂျပန်အိုလံပစ်မှာ ဝင်ပြိုင်နိုင်ဖို့အတွက်ကိုတော့ စကိတ်ဘုတ်စီးတဲ့ နယ်ပယ်မှာ ကမ္ဘာ့အဆင့် ၂၀ အတွင်း ဝင်ရမှာပါ။

READ
Game Of Thrones တွင် MAG THE MIGHTY အဖြစ်သရုပ်ဆောင်ခဲ့သူ ကွယ်လွန်

Source: BBC , Daily Mail, Instagram

SHARE