သူများနိုင်ငံမှာ သောင်းကျန်းလွန်းလို့ ကိုယ့်နိုင်ငံကိုယ် ပြန်ပို့ခံခဲ့ရတဲ့ ဗြိတိန်ခရီးသွားမိသားစု

နယူးဇီလန်နိုင်ငံမှာ နိုင်ငံကြီးသား မပီသစွာပြုမူနေထိုင်ခဲ့လို့ ဗြိတိသျှမိသားစုတစ်စုကို တရားရုံးမှဆင့်ခေါ်ကာ နေရပ်သို့ချက်ချင်းပြန်ပို့ခဲ့ပါတယ်။ ဒီအပြင် နောက်နောင် နယူးဇီလန်နိုင်ငံတွင်းသို့ လည်ပတ်ခွင့်မှ အစပြု၍ ပြည်ဝင်ခွင့်ပိတ်သိမ်းခဲ့ပါတယ်။

John Johnson နဲ့ David Johnson တို့ ညီအစ်ကိုနှစ်ယောက်ပါဝင်တဲ့ မိသားစု (၁၃) ယောက်တို့ဟာ အင်္ဂလန်နိုင်ငံ လစ်ဗာပူးမှဖြစ်ဟန်တူပြီး နယူးဇီလန်သို့ အပန်းဖြေခရီး ထွက်လာခဲ့ကြတယ်လို့ဆိုပါတယ်။

Facebook

လေယာဉ်ပေါ်မှာကတည်းက ခရီးသည်ကျင့်ဝတ်နဲ့မညီ၊ ဘေးပတ်ဝန်းကျင်ကိုပါ ဒုက္ခပေးလာခဲ့ကြတယ်လို့ ကိုယ့်တွေ့ကြုံခဲ့သူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။ ဒီအပြင် နယူးဇီလန်နိုင်ငံရဲ့ Takapuna ကမ်းခြေသို့လာရောက်လည်ပတ်တဲ့အခါမှာလည်း အများပြည်သူအပန်းဖြေတဲ့နေရာမှာ မိမိအမှိုက်ကို မိမိမသိမ်းဘဲ ရှုပ်ပွနေအောင်ထားခဲ့ပြီး ပတ်ဝန်းကျင်အနှောက်အယှက်ဖြစ်အောင် ကလေးတွေဆော့တာတွေ၊ အော်ကြီးဟစ်ကျယ် စကားပြောတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဒေသခံ နယူးဇီလန်နိုင်ငံသူ Krista Curnow (၂၆ နှစ်) ကမနေနိုင်ဘဲ ကိုယ့်အမှိုက်ကိုယ် သိမ်သွားသင့်တယ်လို့ ပြောခဲ့ပါတယ်။ သို့ပေမယ့် ပုံပါစွတ်ကျယ်အဖြူ၊ ဘောင်းဘီတို အနီနဲ့အမျိုးသားမှာ Krista အား မနေနိုင်ရင်ကိုယ့်ဟာကိုယ်သိမ်းလိုက်ဟူ၍လည်းကောင်း၊ အမှိုက်သိမ်းတဲ့လူတွေထားထားတာ အမှိုက်ကျုံးဖို့မဟုတ်ဘူးလားဆိုပြီး မချေမငံပြန်ပြောခဲ့ပါတယ်။

Facebook
Facebook

Krista တစ်ယောက်အံ့သြနပမ်းဖြစ်ကာ အဖြစ်အပျက်ကို ဗီဒီယိုမှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီအချိန် (၁၃) နှစ်သာသာအရွယ်လောက်ရှိမယ့် ကလေးလေးဟာ သူမအနားလျှောက်လာခဲ့ပြီး ကလေးနဲ့မတူဘဲ “မသေမချင်းရိုက်သတ်ပစ်မယ်” ဟု မိုက်မိုက်ရိုင်းရိုင်း တုန့်ပြန်တာကို ခံခဲ့ရပါတယ်။ ပြီးနောက် မိသားစုထဲမှာပါဝင်တဲ့ အခြားသော အမျိုးသမီး (၅) ယောက်လောက်ဟာလည်း Krista ကို ကိုယ်ထိလက်ရောက် တွန်းထိုးတာတွေကို ပြုလုပ်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

READ
နှစ်ပေါင်းများစွာခင်လာတဲ့ သူငယ်ချင်းတွေဟာ ညီအစ်ကိုရင်းတွေဖြစ်နေ
Facebook

ဒါကြောင့် Krista ဟာ တရားရုံးသို့သက်သေဗီဒီယိုနှင့်တကွ ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုခဲ့ပါတယ်။ ဗီဒီယိုကိုလည်း လူမှုကွန်ယက်ပေါ်တင်ပြီး ဖျံ့ခဲ့တဲ့အတွက် တော်တော်လေးကို လူသိသွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့ခံရေဒီယိုဌာနတစ်ခုမှ Krista ကို အင်တာဗျူးခေါ်မေးခဲ့ပါတယ်။

Krista / Facebook

ဒီမိသားစုကို ဥပဒေအကြောင်းအရေ တစ်ခုခုအရေးယူပေးဖို့အတွက်ကိုလည်း လူပေါင်း (၂၅၀၀) လောက် လက်မှတ်ထိုးကာ Auckland မြို့ရဲ့  Phil Goff မြို့တော်ဝန်ထံသို့တင်ပြခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ပဲ Auckland မြို့ထဲက Burger King ဆိုင်ခွဲတစ်ခုမှာ ခရီးသွားမိသားစုတစ်စုကြောင့် စားသုံးသူတွေ အနှောက်အယှက်ဖြစ်နေရလို့ လာထိန်းသိမ်းပေးပါဆိုပြီး tourist police ကို ဆိုင်မှ အကြောင်းကြားခဲ့ပါတယ်။ ရဲတွေရောက်လာချိန်မှာတော့ အတိုင်ခံရတဲ့ မိသားစုဟာ ဆိုင်ပြင်သို့ ရောက်နေကြပြီ ဖြစ်ပါတယ်။

Facebook

မေးမြန်းမှုတွေ ပြုလုပ်လိုက်တဲ့အချိန်မှာတော့ ထိုမိသားစုဟာ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ လစ်ဗာပူးမှ မိသားစု (၁၃) ယောက်ဖြစ်ပြီး ဆိုင်တွင်း ဝန်ထမ်းများကို အလုပ်မရှုပ်ရှုပ်အောင် နှောက်ယှက်ခြင်း၊ free food တောင်းခြင်း၊ ကလေးများမှ အကြွေပုံးကို ဆူညံစွာထုရိုက်ခြင်း၊ အော်ကြီးဟစ်ကျယ် ပြုမူနေထိုင်ကာ ကလေးများဆူညံစွာဆော့ကစားခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။

READ
သက်ငယ် မုဒိမ်းမှုကျူးလွန်သူကို လမ်းမပေါ်တွင် ဒူးထောက်လမ်းလျှောက်ခိုင်းပြီး အပြစ်ပေး
Daily Mail

ဒါကြောင့် မိသားစုတစ်စုလုံးကို ထိန်းသိမ်းခဲ့ပြီး တရားရုံးကို အမှုစစ်ဆေးပေးရန် ခေါ်ဆောင်သွားခဲ့ပါတယ်။ တရားရုံးအရောက်မှာတော့ တိုင်ကြားထိုမိသားစုကိုတိုင်ကြားထား အမှုတွေဟာ တစ်မှုတည်းမကတော့ပါဘူး။ စားသောက်ဆိုင်ပေါင်း (၂၀) လောက်မှာ မှာစားပြီး ပိုက်ဆံမပေးချင်လို့ ဝန်ထမ်းတွေကို တစ်မျိုးပြီးတစ်မျိုးပြဿနာရှာတာတွေ၊ အစားအသောက်ထဲ ဆံပင်မွှေးပါတယ်ဆိုပြီး အလကားစားသွားတာတွေ၊ ငှားနေတဲ့ တိုက်ခန်းကိုလည်း ပျက်ဆီးအောင်လုပ်ပစ်တာတွေ၊ ငှားထားတဲ့ကားပေါ်ကို တက်တဲ့အခါမှာလည်း ကားတံခါးနဲ့ အခြားကားတွေကို မထိထိအောင်တမင်ဖန်တီးပြီး ပွန်းပဲ့စေတာတွေကိုလည်း လုပ်ခဲ့ပါတယ်။ ဒါကြောင့် တရားသူကြီးရဲ့ဆုံးဖြတ်ချက်အရ (၁၃) ယောက်စလုံးကို ချက်ချင်းပဲနေရပ်သို့ပြန်စေခဲ့ပြီး နောက်နောင် နာယူးဇီလန်နိုင်ငံတွင်းသို့ ဝင်ခွင့်တစ်သက်စာ ပိတ်ပစ်ခဲ့ပါတယ်။

Facebook

ဒီကိစ္စကိုလူသိရှင်ကြားဖြစ်အောင် ဗီဒီယိုတင်ကာအဓိကကြိုးစားခဲ့တဲ့ Krista ကတော့ “ကျွန်မတို့နိုင်ငံထဲလာပြီး လူပါးဝစွာနဲ့ အမှိုက်တွေလျှောက်ပစ်နေတာ ငြိမ်မနေနိုင်ဘူး” လို့ ရေဒီယိုအင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ အဲဒီနေ့က မိသားစုဝင်တွေပစ်သွားတဲ့ အမှိုက်တွေကိုလည်း သူမသူငယ်ချင်းတွေနဲ့အတူ သိမ်းဆည်းပေးခဲ့ပါတယ်။

Source: Daily Mail, Metro

Penny

SHARE