မိန်းမ ၂ ယောက်ကို ပြိုင်တူယူထားပြီး ကလေးအဖေပါဖြစ်လာတော့မယ့် အမျိုးသား

အမေရိကန်နိုင်ငံ တောင်ဘက်ပိုင်း တက်ဆပ်စ်ပြည်နယ် အော်စတင်မြို့တွင်နေထိုင်သူ အဒမ်လိုင်ယွန်  (Adam Lyons) ဟာ သူရဲ့ ရည်းစား ၂ယောက်ဖြစ်သူ ဘရွတ်ရှဒ်(Brooke Shedd ) နဲ့ ဂျိန်း ရှလာကိုဗာ (Jane Shalakhova)တို့နဲ့ အတူတကွ ပေါင်းသင်းနေထိုင်နိုင်တဲ့ သူဖြစ်တဲ့အတွက် ” ကံအကောင်းဆုံး လူ ” တစ်ယောက်လို့ အမည်ပေးခြင်းခံရသူတစ်ယောက်လည်းဖြစ်ပါတယ်။

ဘရွတ်မှာလည်း ယခင်အိမ်ထောင်မှ ရထားတဲ့ သားလေးတစ်ယောက်ရှိတဲ့အပြင် အဒမ်နဲ့ရထားတဲ့ အသက် ၂နှစ်အရွယ်သားလေးတစ်ယောက်ရှိပြီး ယခုတော့ ဂျိမ်းနဲ့ ကလေးတစ်ယောက် ထပ်ရတော့မှာ ဖြစ်တဲ့အတွက် ပျော်ရွှင်နေကြတယ် လို့သိရပါတယ်။သူတို့ ၃ ယောက်ဟာ ဧရာမ ကုတင်တစ်လုံးမှာ အတူတကွ ချစ်ခင်စွာ အိပ်စက်ကြတယ် လို့သိရပါပြီ July လမှာ မွေးမဲ့ ကလေးလေး ရောက်လာရင်း မိသားစုက ပိုပြီး ပျော်ဖို့ ကောင်းသွားလိမ့်မယ် လို့ အဒမ်က ဆိုပါတယ်။

” ကျွန်တော်တို့အားလုံးဟာ မိဘတွေဖြစ်ကြပြီး ကလေးတွေကို အတူတကွ ပြုစုပျိုးထောင်ခွင့်ရတာဟာ အရမ်းကံကောင်းပါတယ်။ကျွန်တော်တို့အတွက်တော့ ၂ ယောက်တည်းရှိနေတာထက် ၃ ယောက်ရှိနေတာက ပိုကောင်းပါတယ်။” အသက် ၃၆ နှစ်အရွယ် အဒမ် ကပြောကြားခဲ့ပါတယ်။

READ
ကိုယ်နှစ်သက်တဲ့ကောင်မလေးကို ဘယ်လိုစကားတွေပြောပြီးချဉ်းကပ်မလဲ

အဒန်ဟာ အတိုင်ပင်ခံ လုပ်ငန်းတစ်ခုဖြစ်တဲ့ Psychology Hacker’ ကို တည်ထောင်ထားတဲ့ သူတစ်ယောက်ဖြစ်ပြီး ” ကျွန်တော်ရဲ့ သူငယ်ချင်းတွေအားလုံးဟာ သာမန် ၂ ယောက်တည်းရှိတဲ့ အိမ်ထောင်ရေးတစ်ခုထူထောင်ကြပြီး ကလေးများအလုပ်တွေနဲ့ အိမ်မှုကိစ္စတွေ ၂ ယောက်တည်း လုပ်နေရတာ အရမ်းပင်ပန်းပါတယ်။ဒါပေမဲ့ မိဘ ၃ ယောက်ဖြစ်နေတဲ့အခါ ကလေးများကို သေချာဂရုစိုက်နိုင်ပြီး တစ်ယောက်ယောက်နဲ့တစ်ယောက်လည်း မနာလိုမဖြစ်ကြပါဘူး။ဘရွတ်၊ဂျိန်းနဲ့ ကျွန်တော်တို့ အိမ်ထောင်တစ်ခုကို တည်ထောင်ခဲ့တဲ့ အခါမှာ ပါတ်ဝန်းကျင်ကလူတွေက ဒီအိမ်ထောင်ရေးက မြဲမှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။ဒါပေမဲ့ ကျွန်တော်တို့ အိမ်ထောင်သက်ဟာ ၅ နှစ်ပြည့်တော့မှာဖြစ်ပြီး တစ်ခါမှလည်း စကားမများခဲ့ဖူးပါဘူး။သား လေးကိုလည်း အတူတကွ စောင့်ရှောင့်ကြပြီး ကျွန်တော်သား အိုလီဗာဆိုရင် သူတို့ မိဘတွေက ဘယ်လိုထူးခြားနေလဲဆိုတာကိုတောင် သတိမထားမိပါဘူး။အနာဂါတ်မှာ လူတွေ ရဲ့အိမ်ထောင်ရေးက ကျွန်တော်တို့လိုပုံစံဖြစ်လာလိမ့်နယ်ထင်ပါတယ်။လူသုံးယောက် မိဘ သုံးယောက်ဆိုတာ ကျွန်တော်တို့အတွက် အဓိပ္ပါယ် အပြည့်ရှိပါတယ် ” လို့ပြောဆိုခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်ထားရတဲ့ အသက် ၂၇ နှစ်အရွယ် ဂျိန်းကတော့ မိဘ ၃ ယောက်ရှိနေတာဟာ အရမ်း အဆင်ပြေမှန်း မသိသေးခင်အချိန်ကတော့ ကိုယ်ဝန်မဆောင်ချင်ခဲ့ဖူးလို့ဆိုပါတယ်။ “ဒါပေမဲ့ သားလေး အိုလီဗာကို ဘရွတ် ပြုစုစောင့်ရှောက်ခဲ့တဲ့ အချိန်မှာ မိဘ ၃ ယောက်နဲ့ဆို အရမ်း လွယ်ကူသက်သာနေတာကို ကျွန်မသိခဲ့ပြီး ကိုယ်ဝန်ဆောင်ခဲ့တာပါ ” လို့ဆိုခဲ့ပါတယ်။

READ
ဇနီးသည်က ထားမသွားစေဖို့ ၎င်းကို အခြားယောက်ျားများနှင့် ဖောက်ပြန်ခွင့်ပေးထားတဲ့ခင်ပွန်း

အသက် ၂၈ နှစ်ဖြစ်သူ ဘရွတ်ကတော့ ” ဂျိန်းကိုယ်ဝန်ဆောင်ပြီး သူဗိုက်လေး တစ်နေ့တခြားဖောင်းလာတာကို မြင်ရတာ ကျွန်မ ပျော်ပါတယ်။ကျွန်မဟာ ကလေးအများကြီးလိုချင်သေးပြီး အဒမ်နဲ့ ဂျိန်းတို့ကို ဘယ်လောက်ချစ်ကြောင်းပြဖို့အတွက် လက်ထပ်ပွဲတစ်ခုလုပ်ချင်သေးပါတယ်။

အဒမ်၊ဂျိန်းနဲ့ ဘရွတ်တို့ဟာ မြေကွက်ကြီးတစ်ခုမှာ အိမ် ၂ လုံးဆောက်ပြီး နေထိုင်ကြပြီး အိမ်တစ်လုံးကို အဒမ်ရဲ့ ရုံအဖြစ်အသုံးပြုကာ ကျန်တစ်လုံးကိုတော့ မိသားစုနေအိမ်အဖြစ် အသုံးပြုကြတယ် လို့သိရပါတယ်။အဒမ်ဟာ သူရဲ့ ဇနီးနဲ့ ကလေးကို မွေးရပ်မြေဖြစ်တဲ့ အင်္ဂလန်သို့ ဆွေပြမျိုးပြ ခေါ်သွားဖို့စီစဉ်နေတယ် လို့သိရပါတယ်။

အဒမ်၊ဂျိန်းနဲ့ ဘရွတ်တို့ဟာ သူတို့ အိမ်ထောင်ရေးထဲကို ၄ ယောက်မြောက်သူကို ခေါ်ချင်သေးပေမဲ့ ကလေး ၂ ယောက်ဖြစ်လာရင် အချိန်မရတော့မှာ ဆိုးတဲ့အတွက် ၃ ယောက်နဲ့ပဲ ကျေနပ်နေပြီ လို့သိရပါတယ်။ဒါ့အပြင် ဒီ ၃ ယောက်ဟာ သူတို့ရဲ့ ပုံမှန်မဟုတ်တဲ့ အိမ်ထောင်ရေးကို အနာဂါတ်မှာ လူတွေ စိတ်ဝင်စားလာကြမယ် လို့ယုံကြည်နေကြပါတယ်။

Slash (Shwemom)

Ref : Mirror

SHARE