မော်ဒယ်အမျိုးသမီးရဲ့ အောက်ပိုင်းကို ဓာတ်ပုံခိုးရိုက်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားရဲ့ အဖြစ်

ထိုင်း-ဗြိတိသျှမော်ဒယ်နဲ့ တီဗီစတား အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ဓာတ်ပုံခိုးရိုက်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားတစ်ဦးကို ထိုင်းနိုင်ငံမှာ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ပြစ်မှုကျူးလွန်သူ အမျိုးသားဟာ အသက်(၄၀) အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး နာသာဝတ်အမည်ရပါတယ်။ နာသာဝတ်ကို ထိုင်းနိုင်ငံ ပတ်သမ်ဝမ်းခရိုင် ရှော့ပင်းမောတစ်ခုထဲက ဖက်ရှင်ရှိုးအတွင်းမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

instagram

တီဗီစတား အမျိုးသမီးကတော့ အသက်(၂၁) နှစ်သာ ရှိသေးတဲ့ ပက်ထရစ်ရှာတန်ချနော့ခ်ဂွတ် ဆိုသူပါ။ သူမက ရှိုးပွဲနားနေစဉ်အတွင်း အမျိုးသားတစ်ယောက်က သူမဆီ ချဉ်းကပ်လာတာကြောင့် သင်္ကာမကင်းဖြစ်ပြီး ရဲတိုင်ခဲ့တာပါ။ ဖိနပ်ထိပ်မှာ အပေါက်ကြီးနဲ့ မော်ဒယ်နားလာနေတဲ့ နာသာဝတ်ကို ပက်ထရစ်ရှာရဲ့ မိတ်ကပ်ပညာရှင်နဲ့ မိခင်ဖြစ်သူတို့ကပါ တွေ့ရှိခဲ့ပြီး လုံခြုံရေးတွေကို တိုင်ခဲ့တာပါ။

instagram

လုံခြုံရေးနဲ့အတူ ရဲတွေ ရောက်လာတဲ့အခါမှာတော့ နာသာဝတ်ကို စစ်ဆေးမေးမြန်းပြီး ရှာဖွေကြည့်တဲ့အခါ ၄င်းရဲ့ ဖိနပ်အတွင်းထဲမှာ ၀ှက်ထားတဲ့ မိုဘိုင်းဖုန်းကို တွေ့ရှိခဲ့ကြပါတယ်။ နာသာဝတ်က သူဟာ တစ်ကိုယ်ရေအာသာဖြေဖို့အတွက် အမျိုးသမီးငယ်လေးတွေကို လိုက်ပြီး ဗီဒီယိုရိုက်ကူးလေ့ရှိကြောင်း ၀န်ခံခဲ့ပါတယ်။ နာသာဝတ်ဟာ ဖက်ရှင်ရှိုးထဲကို ဂျာနယ်လစ်အယောင်ဆောင်ကာ ၀င်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

READ
FB ကြောင့် ပရီးမီးယားလိဂ်ပွဲတွေကို အရှေ့တောင်အာရှ နိုင်ငံတချို့ အခမဲ့ကြည့်ခွင့်ရ
instagram
instagram

ဒါ့အပြင် နာသာဝတ်က သူဟာ အလားတူ ဓာတ်ပုံမျိုးကို အမျိုးသမီးပေါင်းများစွာတို့ထံမှ တိတ်တဆိတ် ခိုးယူရိုက်ကူးခဲ့ကြောင်းလည်း ၀န်ခံခဲ့ပါသေးတယ်။ အားနွဲ့သူ အမျိုးသမီးတွေ အပေါ်မှာ လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုဖို့ ကြိုးပမ်းမှုနဲ့ နာသာဝတ်ဟာ ထောင်ဒဏ်(၁၀) ကျော်အထိ ကျခံရနိုင်ဖွယ် ရှိပါတယ်။ နာသာဝတ်ရဲ့ သားကောင်ဖြစ်ခဲ့သူ ပက်ထရစ်ရှာကတော့ အင်္ဂလိပ်လူမျိုးဖခင်နဲ့ ထိုင်းလူမျိုးမိခင်တို့က မွေးဖွားခဲ့ပြီး ထိုင်းတီဗီအစီအစဉ်တွေနဲ့ ကြေငြာတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ကြောင်း သိရပါတယ်။

instagram

လင်းလင်း (ShweMom)

Ref: Dailymail

SHARE