အခုအချိန်ဟာ ကိုဗစ်ကြောင့် တစ်နိုင်ငံနဲ့တစ်နိုင်ငံသွားလာခွင့်တွေကိုတောင် တစ်ချို့နေရာတွေမှာ ပိတ်ပင်ထားခဲ့တာပါ။ နောက် နိုင်ငံတစ်ခုအတွင်းမှာတောင်မှပဲ နီးနီးနားနား မြို့လေးတစ်မြို့ကနေ တစ်မြို့သွားရင်တောင် သတ်မှတ်ထားတဲ့ quarantine ကာလကို ဝင်ကိုဝင်ရမယ့် စည်းမျဉ်းတွေရှိလို့နေပါတယ်။
ဒီလိုအခြေအနေနဲ့ လုပ်ထုံးလုပ်နည်းတွေကို မသိတဲ့လူရယ်လို့ ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဗြိတိန်နိုင်ငံသား တစ်ချို့ဟာ သူများနိုင်ငံမှာ ကောင်းကောင်းမွန်မွန်ဟိုတယ် quarantine ထားထားတာတောင်မှပဲ ထွက်ပြေးသွားခဲ့တယ်ဆိုပြီး သတင်းတွေတက်နေခဲ့ပါတယ်။ ဖြစ်စဉ်ကိုတော့ Huff Post မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Switzerland နိုင်ငံမှာ ဒီဖြစ်ရပ်က ဖြစ်ခဲ့တာပါ။ ဒီဇင်ဘာလ ၂၁ ရက်နေ့တုန်းက Swiss အစိုးရကနေပြီး UK နဲ့ တောင်အာဖရိကတို့မှ ဒီဇင်ဘာ ၁၄ ရက်နေ့ကစပြီး ဝင်ရောက်လာတဲ့ ခရီးသွားတွေကို ကိုဗစ်စည်းမျဉ်းအရ ၁၀ ရက်ကြာ quarantine ဝင်ဖို့အတွက် ညွှန်ကြားခဲ့ပါတယ်။ ပြန်ထွက်မယ့်လူတွေရဲ့ လေယာဉ်တွေကိုလည်း ခဏလောက် စောင့်ဆိုင်စေပြီး လက်မှတ်ဝယ်ထားတဲ့လူတွေအတွက်လည်း နစ်နာမှုတွေ မဖြစ်ရလေအောင် quarantine အချိန်ပြည့်တာနဲ့ တန်းပြန်နိုင်အောင်လုပ်ပေးတဲ့အပြင် hotel မှာလည်း နိုင်ငံတော်စရိတ်နဲ့ quarantine ဝင်စေခဲ့ပါတယ်။
View this post on Instagram
ဗြိတိန်နိုင်ငံသားအယောက် ၃၀၀ နီးပါးကတော့ Verbier ဆိုတဲ့ နှင်းလျှောစီး resort မှာ quarantine ဝင်စေခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ ဟိုတယ်က ကျန်းမောရးဌာနနဲ့ ခရီးသွားဝန်ကြီးဌာနတို့ကို အရေးတကြီးအကြောင်းကြားလာခဲ့ပါတယ်။ အဲဒါကတော့ အခန်းအပြင်မှာ ချပေးထားတဲ့ အစားအသောက်လှည်းတွေဟာ မလှုပ်မယှက်ရှိနေတဲ့အတွက် မသင်္ကာလို့ အခန်းထဲဝင်ကြည့်ရာ quarantine ဝင်နေတဲ့ ဧည့်သည်တွေ ပျောက်သွားခဲ့ကြပါတယ်တဲ့လေ။

စစ်ဆေးကြည့်တဲ့အခါမှာတော့ ဗြိတိန်လူမျိုးခရီးသည်ပေါင်း ၂၀၀ ကျော်ပျောက်ဆုံးသွားခဲ့တာပါတဲ့။ Quarantine ဝင်ပြီး ကျန်ခဲ့တဲ့လူတွေဟာ အယောက် ၂၀ တောင် မပြည့်ချင်တော့ပါဘူးတဲ့။ ၇၀% လောက် ပျောက်သွားခဲ့တဲ့အတွက် Swiss ဖက်က ခရီးသွားရေးရာဝန်ကြီးဌာနကတော့ ဗြိတိန်ခရီးသွားတွေကို တော်တော်လေး စိတ်ပျက်နေခဲ့ပါတယ်။ ညကြီးမင်းကြီး ထွက်ပြေးသွားခဲ့ပြီး အိမ်ပြန်သွားခဲ့ကြတာပါတဲ့လေ။
Britain’s reputation hasn’t been trashed enough this week, so let’s add the story of 200 British tourists who had been quarantining in Verbier doing a runner in the middle of the night. Charming. https://t.co/YlPoClcZ4a
— Mary Novakovich (@mary_novakovich) December 27, 2020
အရင်ကတည်းကလည်း ဗြိတိန်လူမျိုးနဲ့ တရုတ်လူမျိုးတွေဟာ နိုင်ငံတကာခရီးသွားလောကမှာ နာမည်ပျက်တွေရှိနေခဲ့တာပါ။ အခုလည်း ဒီလိုကိစ္စမျိုးဖြစ်သွားခဲ့တယ်ဆိုတော့ ခရီးသွားလုပ်ငန်းတွေ ပြန်ပြီးလည်ပတ်တဲ့အချိန်ကျ ဗြိတိန်လူမျိုးခရီးသွားတွေဆိုရင် ဘယ်လိုတွေ အဆက်ဆံခံရဦးမယ်၊ စည်းမျဉ်းတွေ ထွက်လာဦးမယ်ဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ။
penny