
ဗြိတိသျှအင်ဂျင်နီယာသင်္ဘောသား Lewis Bennett နဲ့ ကိုလမ်ဘီယာသူ၊ အသက် (၄၁) နှစ်အရွယ်ရှိ Isabella Hellmann တို့ဟာ (၂) နှစ်အရွယ်သမီးလေးနဲ့အတူတူ ဖလော်ရီဒါရှိ Delray ကမ်းခြေမှာ နေထိုင်ကြပါတယ်။ ပြီးခဲ့တဲ့နှစ်နွေရာသီ၊ မေလတုန်းက ဇနီးသည် Isabella ဟာ Lewis နဲ့အတူတကွ ဟန်းနီးမွန်းထွက်ရင်း ရေလည်ခေါင်မှာ ရွက်လှေနစ်မြှုပ်ရာမှ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။ မတော်တဆမှုကြောင့် Isabella ကို သေဆုံးသွားခဲ့ပြီလို့ သတ်မှတ်ထားခဲ့ပေမယ့် ကမ်းခြေစောင့်တပ်များမှ Isabella ရဲ့ ရုပ်အလောင်းကိုမူ ယနေ့တိုင် ရှာမတွေ့ခဲ့ပါ။

မတော်တဆမှုအကြောင်း Lewis ရဲ့ထွက်ဆိုမှုကတော့ ရွက်လှေစတင် နစ်မြုပ်တဲ့အချိန်ကို အိပ်ပျော်နေတာကြောင့်မသိလိုက်ဘဲ သူနိုးလာတဲ့အချိန်မှာ ရေတော်တော်များများ ရွက်လှေထဲ ဝင်နေပြီဖြစ်ပြီး သူ့ရဲ့ဇနီးသည် Issabella ကိုတော့ ဘယ်မှာမှ ရှာမတွေ့ခဲ့ဘူးလို့ဆိုပါတယ်။ ဒီအဖြစ်အပျက်ကြောင့် Lewis ဟာ အရမ်းကြေကွဲနေပုံပေါက်ပြီး Isabella ရဲ့ မိသားစုတွေကိုပါ နှစ်သိမ့်ပေးနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ Isabella ရဲ့ ညီမဖြစ်သူကတော့ နှစ်သိမ့်မှုကို လက်မခံဘဲ “ရှင် … ကျွန်မအစ်မကို သတ်တာ”ဆိုပြီး ပြောဆိုနေပုံကို ရဲကားမှာ တပ်ဆင်ထားတဲ့ လုံခြုံရေး ကင်မရာအရ တွေ့ရှိခဲ့ပါတယ်။


ဒါပေမဲ့ပြီးခဲ့တဲ့ နိုဝင်ဘာ (၅) ရက်နေ့တုန်းက ဘယ်လိုအကြောင်းတွေကြောင့်လဲတော့မသိခဲ့ရပေမယ့် Lewis ဟာ ပျောက်ဆုံးနေတဲ့ Isabella ကို သတ်မိခဲ့ပြီး ပြစ်မှုကို ဖုံးကွယ်ဖို့အတွက် ရွက်လှေကို တမင်မြုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ နှစ်မြုပ်လိုက်တဲ့ ရွက်လှေဟာ ၃၇ ပေရှည်လျားတဲ့ catamaran ဖြစ်ပြီး အာဏာပိုင်တွေရဲ့ပြောဆိုချက်အရ Lewis ဟာ ဇနီးသည်သေဆုံးတာကို Isabella ရဲ့မိသားစုဝင်တွေ ရှေ့မှာသာ ဖော်ပြခဲ့ပြီး ရွက်လှေမြုပ်တုန်းကဆိုရင် ဇနီးတစ်ယောက်လုံးပျောက်နေတာကို အပူတပြင်းရှာဖွေရမယ့်အစား အသက်ကယ်လှေထဲ ပစ္စည်းတချို့ကိုသာ သိမ်းကြုံးထည့်နေတယ်လို့ သိရပါတယ်။
ဇနီးမောင်နှံနှစ်ယောက်ပါတဲ့ ရွက်လှေဟာ ပြီးခဲ့တဲ့ မေလ (၁၄) ရက်နေ့ တုန်းက ည(၈) နာရီဝန်းကျင်လောက်တုန်းက Isabella ကို လှေကုန်းပတ်ပေါ်မှာ အသက်ကယ်အကျီင်္ဝတ်ထားချက် ရှိနေတာကို သူ မအိပ်ခင်မြင်ခဲ့ရတယ်လို့ မျက်မြင်သက်သေတစ်ယောက်က ဆိုပါတယ်။ နောက်ထပ် (၅) နာရီအကြာမှာတော့ လှေနစ်မြုပ်နေကြောင်း ကမ်းခြေစောင့်တပ်ကို ဖုန်းခေါ်ဆိုမှုဝင်လာပြီး ဟယ်လီကော်ပတာနဲ့ သွားရောက်ကယ်ဆယ်တဲ့ အချိန်မှာတော့ ကမ်းခြေနဲ့ မိုင် (၇၀) လောက်ဝေးတဲ့နေရာမှာ Lewis ကိုတစ်ယောက်ထဲ တွေ့ခဲ့ရပါတယ်။


Lewis ကြူးလွန်ခဲ့တဲ့ ပြစ်မှုဟာ ဒုတိယအဆင့် လူသတ်မှုဖြစ်တာကြောင့် တရားရုံးမှ ထောင်ဒဏ် (၈) နှစ်ချမှတ်ခံခဲ့ရပါတယ်။ ပြစ်မှုကို ဝန်ခံတဲ့အခါ လူသတ်မိတဲ့အကြောင်းအရင်းကတော့ သူတို့နှစ်ယောက်ရဲ့ သမီးလေးကို ထိန်းကျောင်းပုံတွေနဲ့ ငွေရေးကြေးရေး အခက်အခဲတွေကြောင့် Isabella နဲ့ စကားများရန်ဖြစ်ကာ လက်လွန်မိသွားတယ်လို့ ဆိုပါတယ်။ ဝန်ခံလိုက်တော့မှ Isabella နဲ့ Lewis တို့ကြား ဆက်သွယ်မှုတွေကို စစ်ဆေးလိုက်တဲ့အခါ ” ရှင်ကျွန်မကိုအရူးတစ်ယောက်လို အော်ဟစ်သောင်းကျန်းပြီး ဆဲသေးတယ်..” ၊ နောက်ပြီး သူမအပေါ်တလေးတစားမဆက်ဆံတဲ့အပြင် သူမဟာ အိမ်ပြန်လာတိုင်း ဒေသထွက်နေတဲ့ Lewis နဲ့ပဲ ကြုံနေတာကြောင့် အိမ်တောင်ပြန်မလာချင်တော့ကြောင်း စသည်ဖြင့် ရန်ဖြစ်တဲ့ အခိုက်အတန့်တွေရဲ့ text message တွေ ထွက်ပေါ်လာခဲ့ပါတယ်။

Lewis ကို စစ်ဆေးမေးမြန်းလိုက်တဲ့အခါ စက်လှေနစ်မြုပ်စဉ်အသည်း အသက်ကယ်လှေထဲ အသည်းအသန် ထည့်နေတဲ့ ပစ္စည်းတွေဟာ ရှားပါးဒင်္ဂါးပြားတွေဖြစ်ပြီး ရှားပါးဒင်္ဂါးပြားတွေကို မှောင်ခိုအရောင်းအဝယ် ပြုလုပ်နေတာကြောင့် ထောင်ဒဏ် (၇) လ ချမှတ်ခံခဲ့ရပြီးပြီလည်း ဖြစ်ပါတယ်။
Source: The Sun, Mirror
Penny