နေ့စဉ်အသုံးဆောင်တွေကို လှူဒါန်းဖို့ Challenge ကို လက်ခံခဲ့တဲ့ Britney Spears

[email protected] Spears

လက်ရှိမှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လူတော်တော်များများဟာ အိမ်ထဲမှာပဲ နေဖြစ်ကြတာ များပါတယ်။ လူတော်တော်များများဟာ များသောအားဖြင့် အလုပ်သွား၊ Shopping ထွက်၊ အပေါင်းအသင်းတွေနဲ့ တွေ့နေကျမို့လို့ အခုလိုအိမ်ထဲက အိမ်အပြင်မထွက်ပဲနေရတော့ တော်တော်ငြီးငွေ့နေမှာတော့အမှန်ပါပဲ။ ဒါ့ကြောင့် အနုပညာရှင်တော်တော်များကလည်း သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကနေ Live လွှင့်ပြီး ပရိသတ်တွေနဲ့ စကားပြော၊ သီချင်းတွေ ဆိုပြပြီး နည်းမျိုးစုံနဲ့ အပျင်းပြေအောင် ဖန်တီးပေးလျက် ရှိပါတယ်။

[email protected] Spears

အခုလည်း နာမည်ကြီး ပေါ့ပ်အဆိုတော်တစ်ဦးဖြစ်တဲ့ Britney Spears တစ်ယောက်ကတော့ သူ့ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစေမယ့် ပွဲလေးတစ်ခုဖန်တီးခဲ့ပါတယ်။ အဲဒါကတော့ သူမရဲ့ Instagram အကောင့်ရှိ Followers တွေထဲက ၃ ဦးကို random ရွေးချယ်မှာပဲ ဖြစ်ပါတယ်။ အဲဒီအရွေးချယ်ခံရတဲ့ ၃ ဦးကိုတော့ ဒီ COVID 19 ကပ်ရောဂါကြီးမပြီးမချင်း လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းမှန်သမျှကို ထောက်ပံ့ပေးမှာဖြစ်ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

“ ဒီအကြံကို စရတာတော့ သိပ်မကြာသေးပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုအချိန်က လူတိုင်းအတွက် ကြပ်တည်းတဲ့အချိန်ပဲလေ။ စားဖို့သောက်ဖို့အတွက် စတိုးဆိုင်တွေ  စူပါမားကပ်တွေမှာလည်း စားသောက်ကုန်တွေက ကုန်နေတာများတယ်။ ဒါ့ကြောင့် ကျွန်မပရိသတ်တွေထဲက ၃ ယောက်ကို ရွေးချယ်ပြီး သူတို့ရဲ့ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ Britney Spears က ပြောကြားခဲ့ပါတယ်။

READ
Batman နေရာမှာ သရုပ်ဆောင်ဖို့ ဆန္ဒရှိနေတဲ့ Nick Jonas

နောက် ဒီ challenge ကိုလည်း မင်းသား Will Smith, fitness model နဲ့ trainer ဖြစ်တဲ့ Sam Asghari နဲ့ Cade Hudson တို့ကို ထပ်မံစိန်ခေါ်ခဲ့ပါတယ်။

Pyi Hein Kyaw

SHARE