နေအိမ်အတွင်းက Gym ခန်း မီးလောင်သွားတဲ့အကြောင်း ပြန်ပြောပြတဲ့ ဘရစ်တနီစပီးယား

Instagram

အသက် (၃၈)နှစ်အရွယ် ရှိပြီဖြစ်ပေမယ့်လည်း လှပကျော့ရှင်းနေဆဲဖြစ်တဲ့ အဆိုတော် ဘရစ်တနီစပီးယား ဟာ အင်စတာဂရမ်ပရိသတ် (၂၄)သန်းကျော် ရှိသူပါ။ သူမ က နောက်ပိုင်းနှစ်တွေမှာ သီချင်းသစ်တွေ သိပ်မဆိုဖြစ်တော့ပေမယ့် ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှု ပုံရိပ်တွေနဲ့အတူ ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တုန်းပါ။

ဘရစ်တနီ က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ သူမရဲ့ အင်စတာဂရမ်ပို့စ်တစ်ခုမှာ သူမနေအိမ်အတွင်းမှာ ရှိတဲ့ Gym ခန်းလေးဟာ မတော်တဆမှုကြောင့် မီးလောင်သွားခဲ့လို့ အခုမှပဲ Gym ထဲမှာ လေ့ကျင့်ခန်းတွေ ပြန်လုပ်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။

 

ဒီအဖြစ်အပျက်က ပြီးခဲ့တဲ့ (၆)လ လောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘရစ်တနီ ဟာ သူမရဲ့ Gym ခန်းထဲမှာ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း မွှေးရနံ့ပါတဲ့ ဖယောင်းတိုင် (၂)တိုင်ကို ထွန်းထားခဲ့တာပါ။

READ
ခရီးသည်တွေကိုတက္ကစီယာဉ်ပျံနဲ့ အကြိုအပို့လုပ်ပေးတော့မယ့် Uber

အဲဒီနောက်မှာတော့ သူမအနေနဲ့ လေ့ကျင့်ခန်းတွေ လုပ်နေခဲ့ပြီး အဲဒီ ဖယောင်းတိုင်တွေရှိနေတာကို မေ့လျော့နေခဲ့ပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်တွေပြီးတဲ့နောက် Gym တံခါးကနေ ထွက်လိုက်ချိန်မှာတော့ သူမရဲ့ Gym က မီးလောင်တော့တာပါပဲ။

 

View this post on Instagram

 

👠

A post shared by Britney Spears (@britneyspears) on

“ကံကောင်းထောက်မစွာနဲ့ပဲ ဘယ်သူမှ ဘာမှ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မကတော့ အိမ်က Gym မှာ (၆)လလောက် မဆော့လိုက်ရဘူးပေါ့။ အခုတော့ ကျွန်မ ပြန်ရောက်လာပါပြီ။ Gym မီးလောင်မှုမှာ လေ့ကျင့်ရေးပစ္စည်းတော်တော်များများ ပါသွားခဲ့ပြီး အခုတော့ ပစ္စည်းကိရိယာဆိုလို့ (၂)ခုပဲ ကျန်တော့တယ်” လို့ ဘရစ်တနီက သူမရဲ့ အင်စတာဂရမ်မှာ ရေးသားသွားခဲ့ပါတယ်။

 

View this post on Instagram

 

This is called a needle in dance. I couldn’t do it at 8 but I can now…. who would have thunk it ??

A post shared by Britney Spears (@britneyspears) on

Toxic သီချင်းနဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို ရခဲ့တဲ့ ဘရစ်တနီဟာ အဲဒီ စာသားတွေနဲ့အတူ ဗီဒီယိုဖိုင်တစ်ခုကိုလည်း တင်ခဲ့ပြီး အဲဒီ ဗီဒီယို ဖိုင်မှာတော့ သူမရဲ့ Gym ဘယ်လို မီးလောင်သွားတယ်ဆိုတာကို ပရိသတ်တွေကို ပြောပြနေခဲ့တာပါ။

READ
မလေးရှားနိုင်ငံထဲမှာ လူပြောများနေကြတဲ့ အမြင့်ဆုံးပန်းချီလက်ရာ

ဘရစ်တနီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း သီချင်းတစ်ပုဒ်ဖွင့်ကာ နေအိမ်အတွင်းမှာ ကဖို့ ကြိုးစားရင်း ခြေထောက်အရိုးကျိုးသွားခဲ့လို့ ရက်အတော်ကြာ အနားယူခဲ့ရပါသေးတယ်။

Linn

SHARE