Ariana Grande နဲ့ Selena Gomez ကို မှားပြောလိုက်တဲ့ Britney Spears

နာမည်ကျော် ပေါ့ပ်စတားတစ်ဦးဖြစ်တဲ့ ဘရစ်တနီစပီးယားဟာ အရီယားနား ဂရန်ဒီကို ဆလီနာ ဂိုးမက်ဇ်လို့ မှားပြော လိုက်ရုံတင်မက မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို မန်ချက်စတာမြို့အစား လန်ဒန်လို့ မှားယွင်းစွာ ပြောလိုက်မိပါတယ်။

ပေါ့ပ်စတား ဘရစ်တနီ

အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့မှာ မကြာခင် ပြုလုပ်မယ့် သူမရဲ့ဖျော်ဖြေပွဲအတွက် လုံခြုံရေးအခြေအနေအကြောင်း မေးမြန်းပြောဆိုကြရာမှာ ယခုလို မသဲကွဲဘဲ မှားပြောလိုက်မိတာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုတွေ အပေါ် မူတည်ပြီး သူမရဲ့ဖျော်ဖြေပွဲအတွက် တစ်စုံတစ်ရာ ဖြစ်ပျက်သွားမှာ စိုးရိမ်မှုရှိမရှိ တယ်လီဖုန်းဆက် အင်တာဗျူးခဲ့ ရာမှာ “အကြမ်းဖက်မှုဆိုတာ အချိန်မရွေး၊ နေရာမရွေး ဖြစ်ပွားနိုင်ပါတယ်။ လန်ဒန်မှာ ဖြစ်သွားတဲ့ ဆလီနာ ဂိုးမက်ဇ်ရဲ့ ဖျော်ဖြေပွဲကို ကြည့်ပါလား”ဟု ပြောလိုက်ခြင်း ဖြစ်ပါတယ်။ အင်တာဗျူးတဲ့ မေးခွန်းအပေါ် ကိုးကားပြောဆိုတဲ့အနေနဲ့ ယုံကြည်ချက်ရှိရှိ ပြောဆိုလိုက်ပေမယ့်လည်း အဆိုတော်နာမည်နဲ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ မြို့နာမည်ကို တလွဲပြောခဲ့မိ တာ ဖြစ်ပါတယ်။

READ
မွေးနေ့လေးကို အလှူအတန်းတွေနဲ့ ဖြတ်သန်းခဲ့တဲ့ ခင်ဝင့်ဝါ

အသက်(၃၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘရစ်တနီ စပီးယားဟာ လက်စ်ဗီးဂက်စ်က သူမရဲ့နေအိမ်မှာ ကလေးနှစ်ယောက်နဲ့ အလွန်အလုပ်များတဲ့ မိခင်တစ်ဦးဖြစ်တာကြောင့် လက်ရှိဖြစ်ပျက်နေတဲ့ ဖြစ်စဉ်များအပေါ် ထပ်ကြပ်မကွာ မလေ့လာနိုင်သူ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံမှာ ပြုလုပ်တဲ့ အမေရိကန်အမျိုးသမီးအဆိုတော်တစ်ဦးရဲ့ ဖျော်ဖြေပွဲမှာ သေကြေပျက်စီးမှုတွေ ဖြစ်တဲ့အထိ တိုက်ခိုက်မှုရှိခဲ့တာကို သတိပြုမိခဲ့ပေမယ့်လည်း အချက်အလက် အတိအကျကိုတော့ သူမအနေနဲ့ လွဲချော် သွားခဲ့ပါတယ်။ မေလ (၂၂)ရက်နေ့က အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့မှာ ပြုလုပ်ခဲ့တဲ့ အဆိုတော် အရီယားနား ဂရန်တီရဲ့ ဖျော်ဖြေပွဲမှာ အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ(၂၂)ယောက် သေဆုံးခဲ့ကာ ဒါဇင်နဲ့ချီပြီး ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

မန်ချက်စတာဖျော်ဖြေပွဲမှာ တွေ့ရတဲ့ အရီယားနား ဂရန်တီ

ဘရစ်တနီနဲ့ အရီးယားနားရဲ့ ပရိသတ်တွေကြားမှာတော့ အဆိုပါဖြစ်ရပ်ကို အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။ “အရီယားနားနဲ့ ဆလီနာကို မှားပြောလိုက်မိတယ်ဆိုတာ ပြောပလောက်တဲ့ အမှားမဟုတ်ပါဘူး။ မန်ချက်စတာဗုံးပေါက် ကွဲမှုမှာမှ အရီယားနား ဂရန်တီဆိုတာ လူတွေက ကြားဖူးလိုက်ကြတာပါ” လို့ ပရိသတ်တစ်ဦးက ဆိုပေမယ့်လည်း နောက်ထပ် ပရိသတ်တစ်ဦးကတော့ “ဒါက အသေးအဖွဲ အမှားကလေး မဟုတ်ပါဘူး။ အဲ့ဒီ့ဗုံးဖောက်ခွဲမှုမှာ ထိခိုက်ခံစား ခဲ့ရသူတွေနဲ့ သူတို့မိသားစုဝင်တွေရဲ့ ဆုံးရှုံးမှုတွေကို မလေးမစား လုပ်လိုက်တဲ့သဘောကို အပီအပြင် သက်ရောက်ပါ တယ်” လို့ ဆိုပြန်ပါတယ်။

READ
တရုတ်မော်ဒယ် Ming Xi နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက် (၁၀) ချက်

အလင်းဦး

Source : hollywoodlife

SHARE