ခြေထောက်ကျိုးဒဏ်ရာ ရရှိခဲ့တဲ့ ဗွီဒီယိုကို ပြန်လည်မျှဝေခဲ့တဲ့ ဘရစ်တနီစပီးယား

Instagram/Britney Spears

ကမ္ဘာကျော် အမျိုးသမီးပေါ့ပ်အဆိုတော် ဘရစ်တနီစပီးယားကတော့ အကလေ့ကျင့်စဉ်မှာ ဆိုးရွားတဲ့ ခြေထောက်ကျိုဒဏ်ရာ ရရှိခဲ့လို့ ပရိသတ်တွေက စိုးရိမ်ခဲ့ရပါတယ်။ ဘရစ်တနီဟာ သူမ ဒဏ်ရာရရှိခဲ့တဲ့ ဗွီဒီယိုဖိုင်ကို ကိုယ်တိုင် ပြန်လည်မျှဝေပေးခဲ့ပြီး၊ တစ်ချိုကလည်း အရိုးကျိုးသံ ဂျွတ်-ဆိုတဲ့အသံလေးကိုတောင် ကြားရတယ်လို့ ဆိုပါတယ်။

ဒီမတော်တဆမှုကြောင့် သူမဟာ ဆေးရုံအမြန်ပြေးခဲ့ရပြီး ကုသမှုခံယူခဲ့ရပါတယ်။ သူမဟာ အကလေ့ကျင့်မှုကို ကြိုးစားပမ်းစား ပြုလုပ်နေစဉ်မှာပဲ ခြေထောက်အနေအထားမမှန် ဟန်ချက်ပျက်ပြီး၊ အရိုးကျိုးဒဏ်ရာ ရရှိခဲ့တာပါ။ သူမဟာ Kings of Leon ရဲ့ Sex Is On Fire သီချင်းနဲ့ အကလေ့ကျင့်နေခဲ့တာပါ။

 

အဆိုပါ ဗွီဒီယိုဟာ သူမရဲ့အင်စတာဂရမ်မှာ ဝင်ရောက်ကြည့်ရှုသူ (၂၃.၆)သန်းအထိ ရှိခဲ့ပါတယ်။ သူမက အဆိုပါဗွီဒီယိုကို “ တောင်းပန်ပါတယ် … အသံကြီးက အတော်ကျယ်သွားတယ် … ”လို့ ရေးထားပါတယ်။ ဒီခြေထောက်ကျိုးတဲ့ဒဏ်ရာကြောင့် အခုဆိုရင် ဘရစ်တနီတစ်ယောက် ဆေးရုံတက်နေရပါတယ်။

သူမက “ ကျွန်မ မက,တာ (၆)လ ရှိပါပြီ … ဒါကြောင့် အဲဒီနေရာမှာ တစ်စို့မွန်းကျပ်နေတယ် … နောက် ခြေထောက်ဗလာ ဆိုတာကိုလည်း ကျွန်မ သိတယ် … ဒီနည်းနဲ့ ကြမ်းပြင်ကို မြဲမြဲကိုင်ထားတာကို မရယ်ကြနဲ့နော် … PS … ရှင်တို့လည်း ဘယ်နေရာက ကျိုးသွားတယ်ဆိုတာ အသံကြားလိုက်မှာပါ … ဆောရီး … ဒီအသံက တော်တ်ာကျယ်တယ် ”လို့ ရေးထားပါတယ်။

 

 

View this post on Instagram

 

💋💋💋

A post shared by Britney Spears (@britneyspears) on

မှတ်ချက်ရေးသူတွေကလည်း သူမရဲ့ အခြေအနေကို စိုးရိမ်နေကြပြီး၊ အရိုးကျိုးတဲ့အသံကို ကောင်းကောင်း ကြားလိုက်သူတွေလည်း ရာနဲ့ချီ ရှိခဲ့ပါတယ်။ ဘရစ်တနီကတော့ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေသူပီပီ၊ ခြေထောက်မှာ စည်းနှောင်ထားတဲ့ ပတ်တီးအပေါ်မှာ “STRONGER”ဆိုပြီး ရေးထားပါသေးတယ်။

လင်းသူရိန်

SHARE