တစ်ဝမ်းထဲက မွေးလာပေမယ့် အရွယ်အရမ်းကွာဟနေတဲ့ အမွှာလေးတွေရဲ့ အဖြစ်

Facebook/The Bruley Family

ကယ်လီဖိုးနီးယားနေ ကျောင်းဆရာမတစ်ဦးဖြစ်တဲ့ ဘရစ်တနီဘရူလေက သူမဟာ ပထမဆုံးကိုယ်ဝန်လွယ်ထားရတယ်လို့ သိတဲ့အခါ သိပ်ကို အံ့သြသွားပါတယ်။ အာထရာဆောင်းရိုက်ကြည့်လို့ အမွှာလေးဖြစ်မှန်းသိရတော့ သူမက ပိုတောင် ကျေနပ်နေခဲ့ပါတယ်။ သူမရဲ့ မိသားစုထဲမှာရော၊ အမျိုးသားဘက်မှာရော အမွှာမျိုးရိုးမရှိခဲ့ပဲ သဘာဝအတိုင်း ဘရစ်တနီဟာ အမွှာလေးတွေကို ကိုယ်ဝန်ဆောင်ခဲ့တာပါ။

လနည်းနည်းလောက်ကြာတော့ ဘရစ်တနီရဲ့ ပျော်ရွှင်မှုက စိုးရိမ်သောကအသွင်ကို ကူးပြောင်းစပြုလာပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူမရဲ့ မမွေးရသေးတဲ့ အမွှာရင်သွေးလေးတွေမှာ သွေးပို့ဆောင်မှု မူမမှန်တဲ့ရောဂါ ဖြစ်နေတာကို သိလိုက်ရတာပါ။ ဒီရောဂါက အချင်းတစ်ခုတည်းကို မျှပြီး အသုံးပြုရတဲ့ အမွှာတွေမှာ ဖြစ်တတ်ပါတယ်။

Facebook/The Bruley Family

ရောဂါဟာ အချင်းကနေ သန္ဓေသားရဲ့ ချက်ကြိုးဆီကို သွေးနဲ့အာဟာရပေးပို့ပုံက ပုံမှန်မဟုတ်တော့တာပါ။ ဒါကြောင့် အမွှာနှစ်ယောက် ရှိတဲ့အနက် တစ်ယောက်က ပေးပို့သူ၊ တစ်ယောက်က လက်ခံသူ အနေနဲ့ ဖြစ်လာတာပါ။ လက်ခံသူအနေနဲ့ ရှိတဲ့ အမွှာကတော့ သမရိုးကျအတိုင်း ကြီးပြင်းလာမှာ ဖြစ်ပေမယ့် ပေးပို့သူအဖြစ်နဲ့ ရှိနေတဲ့ အမွှာကတော့ သူ့မှာရှိတဲ့ အာဟာရနဲ့ သွေးတွေကို တစ်ဖက်က အမွှာဆီ ပို့ပို့ပေးနေရပါတယ်။ ဒီအတွက် သူကိုယ်တိုင်က ခွန်အားလျော့နည်းပြီး ကြီးထွားဖွံ့ဖြိုးမှုနှုန်း နှေးသွားပါတယ်။

READ
ယောင်္ကျားပေါင်း(၁၃၀)ကျော်နဲ့အိပ်ဖူးတဲ့ လိင်ကိစ္စစွဲလန်းလွန်းသူ အမျိုးသမီးရဲ့ဘဝ

ပြဿနာက ပေးပို့သူအမွှာမှာတင် ရပ်သွားတာ မဟုတ်ပါဘူး။ လက်ခံသူ အမွှာမှာလည်း တစ်ဖက်က သူ့ဆီ သွေးတွေအရမ်းပို့နေတဲ့အခါ သူ့ကိုယ်ထဲမှာ သွေးတွေမတရားများသွားခဲ့ရင် နှလုံးကို ဒဏ်ပိစေနိုင်ပါတယ်။ အမွှာနှစ်ယောက်မှာ တစ်ယောက်က သေးပြီး တစ်ယောက်က သိသိသာသာကြီး ကြီးနေတာဟာ ကလေးတွေအတွက် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် အခြေအနေတွေ ဒီထက်ပိုဆိုးမလာခင် မမွေးခင်မှာပဲ ဘရစ်တနီဟာ ခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ်။ ခွဲစိတ်မှုက အကြီးစားခွဲစိတ်မှုကြီးပါပဲ။ အခန့်မသင့်ရင် အမွှာလေးနှစ်ယောက်စလုံး အသက်ပေးရမှာပါ။

Facebook/The Bruley Family

သွေးကြောတစ်ခုတည်းကိုပဲ အမှီပြုခွဲဝေနေရတဲ့ အမွှာလေးတွေ အဆင်ပြေအောင်လို့ ဆရာဝန်တွေက အမွှာတစ်ဦးချင်းစီအတွက် သီးသန့်သွေးကြောလေးတွေ ခွဲဝေပြုပြင်ပေးခဲ့တာပါ။ ခွဲစိတ်မှုက အောင်အောင်မြင်မြင်ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ ခွဲစိတ်မှုပြီးတော့လည်း ဘရစ်တနီက စိတ်မချရသေးပါဘူး။ ခွဲစိတ်ထားတော့ သူမရင်သွေးလေးနှစ်ဦး ကောင်းကောင်းမွန်မွန်မှ မွေးဖွားလာပါ့မလားလို့ မွေးတဲ့အထိ ပူပန်ကြောင့်ကြခဲ့ရပါတယ်။ နောက်ဆုံးတော့ ခွဲစိတ်မယ့် ရက်ကိုရောက်လာခဲ့ပါပြီ။ ကံကောင်းထောက်မလို့ ဘရစ်တနီက ရိုင်လေနဲ့ ရှီယာအမည်ရတဲ့ အမွှာလေးတွေကို ရှောရှောရှူရှူပဲ မွေးနိုင်ခဲ့ပါတယ်။

READ
ကမ္ဘာ့အညစ်ပတ်ဆုံးကမ်းခြေကိုအောင်မြင်စွာသန့်ရှင်းရေးလုပ်နိုင်ခဲ့တဲ့ရှေ့နေ

ရှီယာက နဂိုတည်းက တစ်ဖက်အမွှာဆီက သွေးနဲ့ အာဟာရတွေကို အပြည့်အ၀ရထားလို့ သူမအတွက် မစိုးရိမ်ရပါဘူး။ ဒါပေမယ့် ရိုင်လေကတော့ ရှီယာမွေးပြီးနောက်မှ ငိုသံပျော့ပျော့ကလေးနဲ့ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဘရစ်တနီကတော့ သမီးလေးနှစ်ယောက်ကို ကြည့်ရင်း အတိုင်းမသိပျော်ရွှင်နေခဲ့ပါတယ်။ သူတို့လေးတွေကို ပြီးခဲ့တဲ့ စက်တင်ဘာမှာပဲ မွေးဖွားခဲ့တာပါ။

Facebook/The Bruley Family

ရိုင်လေနဲ့ ရှီယာတို့က မွေးစမှာတော့ သိသိသာသာကြီး အရွယ်အစား အလွန်ကွာဟနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ခုအချိန်မှာတော့ ရိုင်လေဟာ ရှီယာရဲ့ ကိုယ်အလေးချိန်နောက်ကို ထပ်ချပ်မကွာလိုက်လာနေပါပြီ။ လောလောဆယ်မှာတော့ ရှီယာဟာ (၁၀) ပေါင်နဲ့ (၂၁) လက်မ အရပ်ရှိပြီး ရိုင်လေကတော့ (၆.၆) ပေါင်နဲ့ (၁၇.၅) လက်မ အရပ်ရှိနေပြီဖြစ်ကြောင်း dailymail အရ သိရပါတယ်။

Facebook/The Bruley Family

လင်းလင်း (ShweMom)

SHARE