မြင်သူတိုင်းကြည်နူးသွားစေမဲ့ ဒိပ်ဒိပ်ကြဲဘောလိဝုဒ်မင်းသား(၂)ယောက်ရဲ့Bromance

imdb & twitter/Akshay Kumar

ဘောလိုဝုဒ်ရုပ်ရှင်တွေကို နှစ်သက်တဲ့ရုင်ရှင်ပရိသတ်တွေအားလုံးလိုလို Akshay Kumar နဲ့ John Abraham တို့ကို သိကြမယ်ထင်ပါတယ်။ Akshay Kumar ရဲ့ Pad Man ရုပ်ရှင်ဟာဆိုရင် စာရေးသူရဲ့ အကြိုက်ဆုံးရုပ်ရှင်စာရင်းထဲက တခုဖြစ်သလို၊ Dhoom မှာ ဗီလိန်အဖြစ် စတင်သရုပ်ဆောင်ရင်း လူသိများလာတဲ့ Abraham ဟာလည်း အက်ရှင်ဇာတ်ရုပ်တွေမှာ ပိုင်နိုင်တဲ့ မင်းသားတဦးပါ။

Imdb.Com

သြဂုတ်လ(၁၅)ရက်မှာ သူတို့ (၂)ဦးခေါင်းဆောင်ပါဝင်ထားတဲ့ ဘောလိဝုဒ် ရုပ်ရှင် (၂)ကား တပြိုင်တည်းထွက်ဖို့ရှိပြီး Bollywood Box Office ရဲ့ ထိပ်ဆုံးနေရာကို ဘယ်သူ့ရဲ့ရုပ်ရှင်က ဦးဆောင်မလဲဆိုတာကို အိန္ဒိယရုပ်ရှင်အသိုင်းအဝိုင်းမှာ ငြင်းခုန်နေကြပါတယ်။ ပြိုင်တူ ထွက်ရှိမဲ့ ရုပ်ရှင်တွေကတော့ Akshay Kumar ရဲ့ Mission Mangal နဲ့ John Abraham ရဲ့ Batla House ရုပ်ရှင်တွေပါ။ (၂)ကားစလုံးက အိန္ဒိယနိုင်ငံက ဖြစ်ရပ်မှန်ဇာတ်လမ်းတွေဖြစ်တာကြောင့်လည်း အားလုံးကစိတ်ဝင်စားနေကြပြီး အခုလို ငြင်းခုန်နေကြတာပါ။

ဒါပေမဲ့ မင်းသား (၂)လက်ကတော့ သူတို့ရဲ့ အားလပ်ချိန်မှာ ငြင်းခုန်မှုတွေပြုလုပ်မနေဘဲ ကလေးငယ်တွေအတိုင်း အတူတကွ ဆော့ကစား နေတာကို တွေ့ရပါတယ်။ သူတို့ရဲ့ ပုံတွေကို Akshay က သူရဲ့ social media မှာတင်ခဲ့တာဖြစ်ပြီး ‘Brother from another mother’ လို့ caption ရေးထိုးထားခဲ့ပါတယ်။ ပုံတွေထဲမှာတော့  Akshay က John ရဲ့အပေါ်ကိုခွစီးနေပြီး ၂ ယောက်လုံးမြူးတူးပျော်ရွှင်နေကြတာကို တွေ့နိုင်မှာဖြစ်ပါတယ်။

https://www.youtube.com/watch?v=_aNa3LBmXrw

READ
မိသားစုဝင်တွေမလာလို့ သူစိမ်းတွေနဲ့ပဲ အသက်၆၁နှစ်ပြည့်မွေးနေ့ပွဲကျင်းပခဲ့ရတဲ့အဖိုး

Akshay Kumar  နဲ့ John Abraham တို့ဟာ ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ Garam Masala ၊ ၂၀၁၁ ခုနှစ်ကထွက်ခဲ့တဲ့ Desi Boyz နဲ့ ၂၀၁၂ ခုနှစ်ကထွက်ခဲ့တဲ့ Housefull 2 ရုပ်ရှင်တွေမှာ အတူတွဲပြီး သရုပ်ဆောင်ခဲ့ဖူးသလို၊ ၂၀၁၆ ကထွက်ခဲ့တဲ့ John ရဲ့ Dishoom ရုပ်ရှင်မှာလည်း Akshay က ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

KYM

SHARE