ချစ်သူဖြစ်သူနဲ့ Beckham သားကြီးတို့ရဲ့ လူပြောဖွယ်ရာ ကားထဲကဓာတ်ပုံတစ်ပုံ

Brooklyn ဟာ David Beckham နဲ့ Victoria တို့ရဲ့ သမီးသမီးလေးယောက်အနက် အကြီးဆုံးသားတစ်ယောက်ဖြစ်ပါတယ်။ အသက် ၂၀ ဆိုတဲ့ အရွယ်တစ်ခုလည်းရောက်လာခဲ့ပြီဆိုတော့ လူချောလေးလည်းဖြစ်တဲ့ Brooklyn တစ်ယောက် လူငယ်တွေဖြစ်လေ့ဖြစ်ထရှိတဲ့ အချစ်ရေးနဲ့ သမီးရည်စားအရေးဆိုတာလည်း မလွတ်ကင်းနိုင်ခဲ့ပါဘူး။

The Mega Agency

နာမည်ကြီးမင်းသမီး Chloe Moretz တို့၊ ပြင်သစ်ရဲ့ အောင်မြင်နေတဲ့မျက်နှာသစ်မော်ဒယ် Sonia Ben Ammar တို့၊ မော်ဒယ်အဆိုတော် Madison Beer တို့နဲ့ Brooklyn တွဲခဲ့ပြီး အခုအချိန်မှာတော့ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Hana Cross နဲ့ နိုဝင်ဘာလကတည်းက သတင်းတွေ ထွက်နေခဲ့ပါတယ်။

Instagram

Brooklyn ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး တော်ရုံဝင်စွက်ဖက်လေ့မရှိဘဲ ခပ်တင်းတင်းဆက်ဆံခဲ့တဲ့ Victoria ကတောင်မှပဲ လက်ရှိချစ်သူဖြစ်နေတဲ့ Hana Cross ကို နှစ်သက်ပြီး မိသားစုနဲ့အတူတူ ပြီးခဲ့တဲ့ ခရစ်စမတ်တုန်းလည်း အချိန်ဖြုန်းဖြစ်ခဲ့ကြပါသေးတယ်။

READ
တောင်အမေရိကတိုက်ရဲ့ တောနက်ထဲမှာနေပြီး နာမည်ကြီးနေတဲ့ ငှက်ပျောသီးမမ
Mandatory Credit: Photo by Beretta/Sims/REX/Shutterstock (10048953cv)
Instagram

အရင်ရက်တွေကတည်းက Brooklyn နဲ့ Hana Cross တို့ကို လောစ့်အိန်ဂျလိစ့်ရဲ့ စားသောက်ဆိုင်တစ်ခုမှာ ပြဿနာတက်စကားများနေခဲ့ကြတဲ့ပုံစံမျိုးနဲ့ မြင်တွေ့ခဲ့တဲ့လူတွေလည်းရှိခဲ့ပါတယ်။ Brooklyn ရဲ့ညီဖြစ်တဲ့ Romeo ကတောင်မှပဲ ကြားထဲကဝင်ပြီး ဖြန်ဖြေပေးနေတဲ့ပုံတွေ လူမှုကွန်ယက်မှာတက်လာခဲ့ပါတယ်။

The Mega Agency

Hana Cross ဟာ အရင်ကတည်းက Brooklyn ရဲ့ ဆိုးဆိုးရွားရွားအမူအကျင့်တွေကို ဖျောက်ဖျက်ဖို့ပြောဆိုခဲ့ဖူးပါသေးတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း လူငယ်တွေသဘာဝအတိုင်းပျော်ပါးပြီး ပွဲတစ်ခုကိုသွားခဲ့ရာ Brooklyn ဟာ အရက်တွေအလွန်အကျူးသောက်ပြီး လူရှေ့သူရှေ့တောင်မရှောင်ဘဲ ပတ်ရမ်းနေတဲ့အတွက် ဘေးမှာပါလာတဲ့ Hana Cross အတွက် သိပ်အဆင်မပြေခဲ့ပါဘူး။ အဲဒီအထဲက Brooklyn နဲ့ Hana တို့နှစ်ယောက်အဆင်မပြေဖြစ်ပြီး စကားခဏခဏများနေခဲ့တာပါ။

အခုတစ်ခေါက်မှာလည်း ကားထဲမှာ စကားများနေတာမှန်းသိသာစေတဲ့အဖြစ်အပျက်တစ်ခုကို ပါပါရာဇီတစ်ယောက်ဓာတ်ပုံရိုက်ကူးခဲ့မိပါတယ်။ Brooklyn ဟာ ငိုနေဟန်၊ စိတ်ညစ်ညူးနေဟန်ရှိနေတာကို ပထမပုံမှာအတိုင်းသားမြင်တွ့ရမှာပါ။

ဒီပုံမှာတော့ Hana Cross ဟာ နှုတ်ခမ်းကိုဖိကိုက်နေပြီး Brooklyn ပြောသမျှကို နားထောင်နေရပေမယ့် သူမလည်းပဲ ဒီလိုအခြေအနေမျိုးကို လိုချင်နေတဲ့ပုံမပေါ်နေပါဘူး။

READ
ချစ်သူကဆံပင်ခြောက်အောက်မှုတ်မပေးလို့၊သေကြောင်းကြံဖို့ကြိုးစားတဲ့ကောင်မလေး
The Mega Agency

ဒီပုံမှာတော့ အရမ်းကိုသိသာနေပါတယ်။ Hana Cross ဟာ ဝမ်းနည်းတကြီးနဲ့ ဘာမှမတတ်နိုင်သလိုမျိုး ငိုကြွေးနေပြီး Brooklyn ကတော့ တစ်ခုခုကို နားချဖို့ သို့မဟုတ် ရှင်းပြဖို့အတွက် ကြိုးစားနေပါတယ်။

The Mega Agency

ဒီပုံတွေတက်တက်လာပြီးပြီးချင်းမှာပဲ Brooklyn နဲ့ Hana Cross တို့ရဲ့ ပရိတ်သတ်တွေဟာ အချစ်ရေးတစ်ခု ရပ်ဆိုင်းသွားတော့မလားဆိုပြီး တွေးပူကာ မေးခွန်းထုတ်နေခဲ့ကြပါတယ်။ သို့ပေမယ့်လည်း Brooklyn ရော Hanna ရောပါ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ဖော်ပြထားခြင်းမရှိသေးပါဘူး။

Instagram

Source: The Sun

Penny

 

 

 

SHARE