(၄)လအတွင်း ရည်းစား(၄)ယောက်ထားခဲ့တဲ့ ဘရွတ်ကလင်းဘက်ခမ်း ဝေဖန်ခံနေရ

Twitter / celenet

ကမ္ဘာကျော်ဘောလုံးဂန္ထဝင်ကြီးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ ကျော်ကြားဂုဏ်နဲ့အတူ ထွန်းတောက်လာတဲ့ သားတွေထဲမှာ ဘရွတ်ကလင်းဘက်ခမ်းကတော့ ဖခင်ကြီးက ဘောလုံးကွင်းမှာ ခြေစွာသလောက်၊ သူကတော့ ပြင်ပလောကမှာ ဖခင်ထက်ကို ခြေပိုစွာနေပါတယ်။ သူဟာ ချစ်သူအသစ်ဖြစ်တဲ့ Marvel မင်းသမီး Nicola Peltz ကို တရားဝင် ပွဲထုတ်လိုက်တာပါ။

ဒါဟာ သာမန်အားဖြင့် ဘာမှ ပြောစရာမရှိပေမယ့် ဘရွတ်ကလင်းဘက်ခမ်းအတွက်တော့ Nicola ဟာ (၄)လအတွင်းမှာ (၄)ယောက်မြောက် ရည်းစားဖြစ်လာခဲ့လို့ သူ့ကို မြွာပွေသူ၊ မျက်နှာများသူလို့ သတင်းမီဒီယာတွေက ခပ်ကြမ်းကြမ်း ဝေဖန်နေကြပါတယ်။ Nicola ဟာ အသက်(၂၄)နှစ်ဖြစ်ပါတယ်။

ခိုင်လုံတဲ့သတင်းအရ ဘရွတ်ကလင်းဘက်ခမ်းဟာ Nicola ရဲ့ မိဘတွေနဲ့တောင် တွေ့ပြီးပြီလို့လည်း ဆိုပါတယ်။ အိမ်အထိလိုက်တွေ့တော့လည်း Nicola ရဲ့ အစ်ကိုမောင်ဘွားတွေနဲ့ ဘရွတ်ကလင်းဘက်ခမ်းတို့ ဆက်ဆံရေးအဆင်ပြေခဲ့ပြီး၊ ပါတီတွေဘာတွေတောင်လုပ်ပြီး ကဲခဲ့ကြပါသတဲ့။ တစ်ချို့ကတော့ အသက်(၂၀)အရွယ် ဘရွတ်ကလင်းဘက်ခမ်းအတွက် ဒီအချစ်ရေးက တည်တည်တံ့တံ့ ဖြစ်စေလိမ့်မယ်လို့ ဆိုနေကြပါတယ်။

ဒီမတိုင်ခင်ကတော့ Nicloa ဟာ ဘရွတ်ကလင်းဘက်ခမ်းရဲ့ အင်စတာဂရမ်ပို့စ်တွေမှာ ပင်တိုင်မှတ်ချက်ရေးတဲ့လူအဖြစ် သိသာခဲ့ပြီး၊ နောက်ပိုင်းမှာ အခုလို စုံတွဲတွေ ဖြစ်လာသည်အထိပါ။ ဘရွတ်ကလင်းဘက်ခမ်းအနေနဲ့လည်း ယခင်က တစ်ယောက်ပြီးတစ်ယောက် ပြောင်းခဲ့သလောက် Nicola ကို ဘက်ခမ်းမိသားစုက အသိအမှတ်ပြုလိမ့်မယ်လို့ မျှော်လင့်နေပါသတဲ့။

ဘက်ခမ်းမိသားစုကတော့ သားဖြစ်သူ ဘရွတ်ကလင်းဘက်ခမ်းအတွက် ယခင်က အဖြစ်အပျက်တွေကို နမူနာကြည့်ပြီး စိတ်ချလက်ချ ရှိနိုင်မှာတော့ မဟုတ်သေးပါဘူး။ ဒီမတိုင်ခင်က နာမည်ကြီးမော်ဒယ် Kate Moss ရဲ့ ညီမဝမ်းကွဲဖြစ်တဲ့ Lottie Moss နဲ့ လျှို့ဝှက် Date နေကတည်းက သူတို့ဟာ သားဖြစ်သူကို စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့ရပါသတဲ့။ အဓိကကတော့ သူ့ကို “အသည်းခွဲသမား” ဖြစ်မှာစိုးကြတာပါ။

သူဟာ ဒီမတိုခင်က မော်ဒယ်တွေဖြစ်တဲ့ Natalie Ganzhorn နဲ့ Phoebe Torrance တို့နဲ့လည်း တွဲခဲ့ပါသေတယ်။ ဘရွတ်ကလင်းဘက်ခမ်းဟာ ဖခင်က ကမ္ဘာကျော်ဘောလုံးသမားကြီး ဖြစ်ပေမယ့် သူကတော့ ပရော်ဖတ်ရှင်နယ် ဓာတ်ပုံဆရာ ဖြစ်ချင်တယ်လို့ သိရပါတယ်။

သူဟာ Next Top Model ဖြစ်တဲ့ Heidi Klum ကို ဓာတ်ပုံရိုက်ကူးမှုမှာလည်း ပါဝင်ဖို့ ရှိပါတယ်။ ဒါပေမယ့် ဝါရင့်မော်ဒယ်ကြီးကို ဓာတ်ပုံရိုက်ရေးမှာလည်း သူဟာ စိတ်ပါလက်ပါ ရှိပုံမရပါဘူး။ သို့သော်လည်း အတွေ့အကြုံဆိုတာ ဆရာတစ်ပါးလို့ ဆိုသည့်အတိုင်း သူ့ဘဝအတွက် ခိုင်မာတဲ့ ဓာတ်ပုံဆရာလမ်းကြောင်းလေးရဲ့ အစလည်း ဖြစ်သွားနိုင်ပါတယ်။

လင်းဇော်ကို

SHARE