Beckham ရဲ့သားအကြီးဆုံး Brooklyn လေး စေ့စပ်ကြောင်းလမ်းလိုက်ပြီ

Celebrities' Instagram

Victoria နဲ့ David Beckham တို့မှာ သားသမီး လေးဦးရှိတဲ့အနက် Brooklyn ကတော့ အကြီးဆုံးသားဖြစ်ပါတယ်။ Brooklyn ဟာ ဖခင်ရဲ့ခြေရာကို ဘောလုံးမှာရော မော်ဒယ်လောကမှာပါ နင်းခဲ့ပါတယ်။

အခု အသက် ၂၁ ရှိနေပြီဖြစ်ပြီး ချစ်နဲ့အတူစေ့စပ်လိုက်ခဲ့ပြီလို့ မနေ့က သူ့ရဲ့ Instagram မှာ ပြောလာခဲ့ပါတယ်။

View this post on Instagram

My best friend forever ❤️

A post shared by 🇬🇧 (@brooklynbeckham) on

လွန်ခဲ့တဲ့ ၂ ပတ်လောက်တနုးက ချစ်သူဖြစ်တဲ့ Nicola Peltz ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်တဲ့။ သူမဖက်က မတုန့်ဆိုင်းဘဲ “Yes” လို့ပြောခဲ့တဲ့အတွက်ကြောင့် အခုလိုမျိုး နှစ်ဖက်မိဘ စုံလင်စွာနဲ့ စေ့စပ်ကြောင်းလမ်းခဲ့တာပဲဖြစ်ပါတယ်။ သူ့အနေနဲ့ Nicola Peltz ရဲ့ ချစ်ခင်ပွန်းဖြစ်တော့မယ့်အရေးကိုတွေးပြီး ကမ္ဘာပေါ်မှာအရမ်းကံကောင်းတဲ့ ယောက်ျားတစ်ယောက်ဆိုပြီး ကြည်နူးနေကာ အနာဂတ်မှာလည်း ခင်ပွန်းကောင်း၊ ဖခင်ကောင်းတစ်ဦးဖြစ်ဖို့ ကတိပေးတယ်လို့လည်းပြောခဲ့ပါတယ်။

Brooklyn နဲ့ စေ့စပ်ထားခဲ့တဲ့ ချစ်သူ Nicola Peltz ဟာ အမေရိကန်မှာ အနုပညာရှင်တစ်ဦးဖြစ်ပြီး Transformers: Age of Extinction နဲ့ လူသိများကြမှာပါ။ သူမဟာ ၁၉၉၅ ခုနှစ်ဖွားဖြစ်တဲ့အတွက် အသက် ၂၅ နှစ်ရှိနေပြီဖြစ်ပြီး Brookyn နဲ့တော့ အသက် ၃ နှစ်ကျော်လောက် ကွာခြားလျက်ရှိနေပါတယ်။

View this post on Instagram

soulmate

A post shared by nicola (@nicolaannepeltz) on

Congrats ပါ။

Penny

SHARE