ဘ၀ကိုပျော်ရွှင်စွာ ဖြတ်သန်းနေရှာတဲ့ သနားဖွယ်Benjamin Button ရောဂါသည်မောင်နှမ

ရှားပါးတဲ့ မျိုးဗီဇရောဂါ Benjamin Button သို့မဟုတ် progeria ဟာ လူအယောက်(၈) သန်းမှာမှ တစ်ဦးဖြစ်နိုင်ခြေရှိတဲ့ ရောဂါပါ။ မစ်ချယ် အသက်(၂၀) နဲ့ အမ်ဘာ (၁၂) နှစ်တို့ဟာ ဘယ်လ်ဂျီယမ်မှာ နေထိုင်ကြသူတွေဖြစ်ကြပါတယ်။ သူတို့ဟာ progeria လို့ခေါ်တဲ့ ရှိရင်းစွဲအသက်ထက် (၁၀) ဆကျော် အသက်ပိုကြီးတဲ့ သက်ကြီးရောဂါတစ်မျိုးကို ခံစားနေရတာပါ။

BARCROFT MEDIA

Benjamin Button ရောဂါဖြစ်ပွားခဲ့ဖူးသူတွေဟာ တစ်ကမ္ဘာလုံးမှာ ဦးရေ(၈)သန်း ခန့်သာ ရှိနိုင်ပြီး အများစုက အသက်(၁၂) နှစ်မှာ သေဆုံးကုန်ကြပါတယ်။ ရောဂါလက္ခဏာတွေကတော့ ခန္ဓာကိုယ်မှာ အဆီနဲ့ ကြွက်သားတွေ မရှိပဲ ဆံပင်တွေကျွတ်လာပြီး အသားအရေတွေဟာလည်း လူအိုတစ်ယောက်လိုမျိုး ကြီးရင့်လာတာ ဖြစ်ပါတယ်။ ဒီလို ရောဂါလက္ခဏာတွေ ဖြစ်နေပေမယ့်လည်း မစ်ချယ်နဲ့ အမ်ဘာတို့ဟာ ဘ၀ကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် နေထိုင်နေကြပါတယ်။

READ
ထောင်ထဲမှာ မမျှော်လင့်ပဲ ပြန်လည်ဆုံတွေ့ခဲ့တဲ့ သားအဖနှစ်ယောက်ရဲ့ ကြေကွဲဖွယ်အဖြစ်
BARCROFT MEDIA

မစ်ချယ်က “ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ကူညီထောက်ပံ့ပေးကြတယ်။ အခြားသူတွေထက် ကျွန်တော်တို့ မောင်နှမနှစ်ယောက်က ပိုရင်းနှီးပါတယ်။ တကယ်လို့ ညီမလေးက တစ်ခုခုမေးချင်ရင် ကျွန်တော့်ဆီလာတယ်။ အစ်ကိုကြီးဖြစ်ရတာကောင်းပါတယ်။” လို့ ဆိုပါတယ်။

BARCROFT MEDIA

အမ်ဘာက အရပ်အမြင့် (၃) ပေ (၇) လက်မ ရှိပါတယ်။ သူမကတော့ မနှစ်က သူမကျောင်းတက်တုန်း တွေ့ရတဲ့ အခက်အခဲတွေကို ပြောပြပါတယ်။ သူမက သာမန်လူလို ဖြစ်ချင်ပေမယ့် သူမရဲ့ ရုပ်ပိုင်းဆိုင်ရာကြောင့် အတန်းဖော်ရဲ့ အနိုင်ကျင့်ခံခဲ့ရကြောင်းလည်း ပြောပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုအခါမှာတော့ ယင်းအခက်အခဲဟာ ဖြေရှင်းပြီးဖြစ်ကြောင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ကျောင်းသွားနိုင်နေပြီဖြစ်ကြောင်း အမ်ဘာက ဆိုပါတယ်။

BARCROFT MEDIA

မစ်ချယ်က သူငယ်ချင်းတွေနဲ့ စနိုးဘုတ်စီးရတာကို ၀ါသနာပါပြီး အမ်ဘာကတော့ အက ၀ါသနာပါပါတယ်။ မောငနှ်မနှစ်ဦးဟာ ကမ္ဘာမှာ အသက်အရှည်ဆုံးနေနိုင်ခဲ့တဲ့ progeria ဝေဒနာသည်တွေအဖြစ် မှတ်တမ်းတင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ လက်ရှိ အသက်အရှည်ဆုံးနေနိုင်ခဲ့တဲ့ progeria ဝေဒနာသည်ကတော့ အသက်(၂၆) နှစ် ဖြစ်ပါတယ်။

READ
နေမကောင်းနေတဲ့ သူငယ်ချင်းကို ဆေးရုံထိလိုက်ပြီး စောင့်ရှောက်ခဲ့တဲ့ မိတ်ဆွေလေးများ
BARCROFT MEDIA

“ရောဂါက အသက်ကြီးတဲ့လူတွေလိုပဲ ကျွန်တော်တို့ရဲ့ ဆံပင်၊ အရိုးနဲ့ အရပ်တွေကို သွားထိခိုက်တယ်။ ဒီလိုမျိုးရောဂါက (၈) သန်းမှာ (၁) ယောက်လောက်ပဲ ဖြစ်နိုင်တာ။ ရောဂါသည်တစ်ယောက်ရဲ့ သက်တမ်းက ပျမ်းမျှအနေနဲ့ (၁၂) နှစ်ပဲ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အမေရိကကလာတဲ့ ဆေးတွေစားနေပါတယ်။ ဆေးတွေကြောင့် သက်တမ်းဆွဲဆန့်နိုင်မယ်လို့ မျှော်လင့်မိတယ်။ ခုကျွန်တော်ဆိုရင် အသက်(၂၀) ရှိနေပါပြီ။” လို့ မစ်ချယ်က ပြောပြခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

Ref: thesun

SHARE