ပါကစ္စတန် Kim Kardashianလို့နာမည်ကြီးနေတဲ့ညီမကိုသတ်ခဲ့တဲ့အစ်ကိုအဖမ်းခံရ

ပါကစ္စတန်ရဲ့ Kim Kardashian လို့ တင်စားခံထားရတဲ့ Qandeel Baloch အသက် (26)နှစ်ဟာ ပါကစ္စတန်လူမှုနယ်ပယ်
မှာ အလွန်ကျော်ကြားသူဖြစ်ပြီး၊ အမျိုးသမီးတွေဘက်က မားမားမက်မက်ရပ်တည်ပေးတဲ့ တက်ကြွလှုပ်ရှားသူတစ်
ယောက် ဖြစ်သလို သူမရဲ့ ထူးခြားတဲ့ အလှတရားတွေကြောင့် ပရိသတ်အခိုင်အမာ ရရှိထားသူ ဖြစ်ပါတယ်။

Baloch ဟာ ဇူလိုင်လ 15 ရက်နေ့မှာ အသတ်ခံခဲ့ရပါတယ်။ သူမဟာ လူတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး၊ အမျိုးသမီးတွေဟာ မိမိကိုယ်ကိုယ် မိမိတည်ဆောက်နိုင်ရမယ်၊ အရှုံးတွေထဲကနေ ရုန်းထွက်ရမယ်၊ ထိန်းချုပ်မှုတွေကို ထိုးဖောက
နိုင်ရမယ်လို့ ၀ါဒဖြန့်လေ့ရှိသူဖြစ်ပြီး၊ ပါကစ္စတန်မင်းသား/မင်းသမီးတွေထက်တောင် နာမည်ကျော်တယ်လို့ သိရပါတယ်။

Baloch ရဲ့ သေဆုံးမှုမှာ အဓိကပါဝင်ပတ်သက်ခဲ့တဲ့ သူမရဲ့ အစ်ကို Waseem Mohammad ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး၊ ၎င်းနဲ့အတူ တူ ဖြစ်သူ Haq Nawaz နဲ့ Abdul Basit တို့ကိုလည်း ကြံရာပါပူးပေါင်းကျူးလွန်သူတွေအဖြစ် ဖမ်းဆီးခဲ့ပါ
တယ်။ Mohammad ကတော့ သူရဲ့ ညီမကို သတ်ဖြတ်ခဲ့မှုမှာ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

READ
ဝက်သယ်သည့်ကား အက်ဆီးဒင့်ဖြစ်ပြီးနောက် ကားပေါ်ပြန်မတက်ပဲကဲနေတဲ့ဝက်စုံတွဲ

အမျိုးသမီး တက်ကြွလှုပ်ရှားသူ Baloch ဟာ သေဆုံးမှု မတိုင်ခင်မှာ အစွန်းရောက် မွတ်စလင်အသိုင်းဝိုင်းရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းနဲ့၊ အကြမ်းဖက်တိုက်ခိုက်ခံရခြင်းတွေ ကြုံခဲ့ရကြောင်း၊ မိမိမှာ ဘေးကင်းလုံခြုံသည်ဟု မခံစားရ
ကြောင်း ပရိသတ်ကို ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမကတော့ အမျိုးသမီးတွေဘက်က မားမားမက်မက်ရပ်
တည်ကာ လုပ်စရာရှိတာကို ဆက်လုပ်ခဲ့ပါတယ်။

Baloch ဟာ သူမရဲ့ ရွာနီးနားချင်း တစ်နေရာမှာ အသတ်ခံခဲ့ရပါတယ်။ ယခုနှစ် အစောပိုင်းတုန်းက အိန္ဒိယအမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်မယ့် ပါကစ္စတန်အမျိုးသမီးခရစ်ကတ်အသင်းကို ဦးခေါင်းဆောင်းအ၀တ် မ၀တ်ပဲ ကစားဖို့ တိုက်တွန်းခဲ့သလို သူမကိုယ်တိုင်ကလည်း ဒေါက်မြင့်ဖိနပ်စီးကာ ကိုယ်ကြပ်အင်္ကျီနဲ့ စတိုင်ထုတ်ပြခဲ့ပါသေးတယ်။

Baloch ဟာ Facebook မှာ ပရိသတ် 758000 အထိ ပိုင်ဆိုင်ထားပြီး၊ အချို့ Facebook အသုံးပြုသူတွေကတော့ သူမရဲ့ သေဆုံးမှုကို အောင်ပွဲခံခဲ့ကြပါတယ်။ ၎င်းတို့အများစုဟာ အစွန်းရောက်သမားတွေ ဖြစ်ကြသလို Baloch ဟာ ပါကစ္စ
တန်ရဲ့ ယဉ်ကျေးမှုကို ဖျက်စီးသူလို့ စွပ်စွဲခဲ့ကြပါတယ်။ ပါကစ္စတန်နိုင်ငံမှာ အများထဲကနေ ချွန်ထွက်တဲ့ လူ 500 ကျော်ဟာ ဆွေးမျိုးသားချင်းတွေရဲ့ သတ်ဖြတ်ခြင်းကို ခံရပြီး အဲဒီအထဲမှာ အမျိုးသမီးတွေက အများဆုံးပါဝင်ပါတယ်။

READ
9/11အကြမ်းဖက်မှုကို ကြိုသိခဲ့ပြီး လူပေါင်း၃၀၀၀နီးပါးကို ကယ်ခဲ့တဲ့သူရဲကောင်း

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE