Laptop ပျက်လို့ စိတ်ညစ်နေတဲ့ အစ်မကို ပျော်ရွှင်စေခဲ့တဲ့ မောင်လေးရဲ့ လက်ဆောင်

[email protected]

မောင်နှမတွေဆိုတာ များသောအားဖြင့် တစ်ယောက်နဲ့ တစ်ယောက် မတည့်တတ်ပါဘူး။ အမြဲလိုလို တစ်နည်းမဟုတ် တစ်နည်းနဲ့ ရန်ဖြစ်သတ်ပုတ်နေတတ်ပြီး မျက်စောင်းတခဲခဲ ဖြစ်နေတတ်တာ မောင်နှမတွေပါပဲ။ အကြီးဖြစ်သူတွေကလည်း တစ်နည်းမဟုတ်တစ်နည်းနဲ့ အငယ်ဖြစ်သူတွေကို ရန်စတတ်သလို အငယ်ဖြစ်သတွေကလည်း အကြီးဖြစ်သူတွေက မဟုတ်တာ တစ်ခုခု လုပ်နေတာကို သိတာ၊တွေ့တာနဲ့ မိဘတွေကို အမြဲလိုလို အတို့အထောင်လုပ်တတ်တာ သဘာဝပါပဲ။ အခုပြောချင်တဲ့ မောင်နှမနှစ်ယောက်ကတော့ တစ်ကယ်ကို heartwarming ဖြစ်စေတဲ့ မောင်နှမနှစ်ယောက်ပါပဲ။

[email protected]

ပုံထဲမှာ တွေ့ရတဲ့ အမျိုးသားကတော့ Ajay Kareer လို့ အမည်ရတဲ့ အိန္ဒိယနိုင်ငံက အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Ajay ဟာ သူ့အမဖြစ်သူကို တော်တော်ချစ်တဲ့ ပုံပါပဲ။ ဘာကြောင့်လဲဆိုတော့ ပျက်ဆီးသွားတဲ့ အမဖြစ်သူရဲ့ Laptop ကို အစားထိုးပေးဖို့အတွက် သူ့အစ်မ မသိအောင် surprise တစ်ခုလုပ်ပြီး စီစဉ်ခဲ့ပါတယ်။ အဲဒါကတော့ ပျက်ဆီးသွားတဲ့ Laptop အစား MacBook Pro တစ်လုံးဝယ်ပေးခဲ့တာပါပဲ။ ပြီးတော့ ပျက်ဆီးသွားတဲ့ Laptop ဟာလည်း တော်တော်လေးကို ဟောင်းနွမ်းပြီး ပြန်အသုံးပြုဖို့ တော်တော်လေးခက်ခဲ့တာကြောင့် Ajay ဟာ Laptop အစား MacBook Pro တစ်လုံးကို ဝယ်ပေးခဲ့တာ ဖြစ်ပါတယ်။ ပျက်ဆီးသွားခဲ့တဲ့ Laptop ကတော့ အောက်ကပုံမှာ တွေ့မြင်ရတဲ့ အတိုင်းပါပဲ။

READ
ဗိုင်းရပ်စ်ကို တုံ့ပြန်ပုံနဲ့ပတ်သက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေကို ဝေဖန်ခဲ့တဲ့ ဘီလ်ဂိတ်

 

Ajay ဟာ အစ်မဖြစ်သူအတွက် MacBook Pro ကို ဝယ်ပေးဖို့အတွက် ၂ လကြာအောင် သူ့ရဲ့ မုန့်ဖိုးတွေကို စုဆောင်းပြီး ဝယ်ယူပေးခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်လေးကို Ajay ဟာ သူ့ရဲ့ Twitter အကောင့်မှာ ပို့စ်တစ်ခုအဖြစ် တင်ခဲ့ပါတယ်။ Ajay တင်ခဲ့တဲ့ ပို့စ်ဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေး လူကြိုက်များခဲ့ပြီး react ပေးသူ 9.1k အထိ ရှိလာခဲ့ပါတယ်။ လူတော်တော်များများကတော့ Ajay တို့မောင်နှမဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ မောင်နှမတွေအဖြစ် မှတ်ချက်ပေးခဲ့ကြသလို တစ်ချို့ကလည်း Ajay ဟာ သူ့အမရဲ့ Laptop ကို ခွဲလိုက်လို့ ဒီလိုမျိုးအစားပြန်ဝယ်ပေးတာဖြစ်နိုင်ကြောင်း စနောက်ခဲ့ကြပါသေးတယ်။

READ
ကားတံခါးဖွင့်ပြီးထွက်ချိန်မှာ ကျားဆွဲခံရပြီးသေဆုံးသွားတဲ့အမျိုးသမီး

 

Pyi Hein Kyaw

SHARE