ကမ်းရိုးတန်းကို ရေကူးဖြတ်ကျော်ပြီး တစ်ကိုယ်တည်းခရီးနှင်ခဲ့တဲ့ သူရဲကောင်းလေး

ထိုင်းရေနံတွင်းတစ်ခုက အလုပ်သမားတွေဟာ ထိုင်းကမ်းရိုးတန်းရဲ့ (၁၃၅) မိုင် အလွန်မှာ မမျှော်လင့်တဲ့ ဖြစ်ရပ်တစ်ခုနဲ့ တွေ့ကြုံခဲ့ရပါတယ်။ သူတို့တွေ့ရတာက ကမ်းရိုးတန်းကို ဖြတ်သန်းပြီး ရေကူးလာတဲ့ ခွေးလေးတစ်ကောင်ပါ။ ခွေးလေးက အညိုရောင်လေးပါ။ ယက်ကန်ယက်ကန်နဲ့ သူ့ကို ကြည့်ရတာ ချမ်းစိမ့်နေအပြင် အေးလွန်းလို့ တဆတ်ဆတ်တောင် တုန်နေပါတယ်။ သူဟာ ဘယ်လိုကနေ ဘယ်လို လူတွေရှိနေတဲ့ နေရာနားကို ရောက်လာတယ် မပြောတတ်ပါဘူး။

viralpress

ရေနံအလုပ်သမားတစ်ယောက်ဖြစ်တဲ့ ဗီတီဆက်ခ်ပါယာလောကတော့ ခွေးလေးကို တွေ့ရှိပုံနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။ ခွေးလေးက ဧပြီလ(၁၂) ရက်လောက်မှာ လူတွေရှိရာ ပလတ်ဖောင်းနားကို ရောက်လာခဲ့တာပါ။ ရေထဲကူးလာတဲ့ သူ့ကို မြင်ရတော့ အလုပ်သမားတွေက တုတ်ရှည်လေးတစ်တိုင် ကမ်းပေးပြီး ကယ်ဖို့လုပ်ပါတယ်။ ဒါပေမယ့် ခွေးလေးက လှိုင်းတွေကြောင့်လးတော့ မသိပါဘူး။ တုတ်ပေါ်ကို တက်လို့မရပဲ ချောချောကျနေပါတယ်။

viralpress

မျက်နှာလေးကြည့်တော့လည်း သနားစရာနဲ့။ သူ့ကို ကယ်ပါ။ ရေနစ်သေရပါတော့မယ်လို့ ပြောနေသယောင်နဲ့ ကြည့်နေလို့ ဗီတီဆက်ခ်တို့က ကယ်ဖို့ နောက်ထပ်နည်းလမ်းထပ်ရှာရပါတယ်။ အချိန်ဆွဲနေရင်တော့ ခွေးလေးဟာ ရေစီးနဲ့ မျောပါသွားပါလိမ့်မယ်။ ဒါနဲ့ပဲ အလုပ်သမားတွေဟာ ကြိုးတစ်ချောင်းကိုယူ၊ ခွေးလေးကို ကြိုးကွင်းပစ်စွပ်ပြီး အပေါ်ကို ဆွဲခေါ်တင်ခဲ့ရပါတယ်။ ကုန်းပေါ်ရောက်တော့မှ ပင်ပန်းနွမ်းနယ်နေတဲ့ ခွေးလေးကို ရေတိုက်၊ အချိုရည်တွေ တိုက်ခဲ့ပါတယ်။

viralpress
viralpress

ခွေးလေးကတော့ တော်တော်လေး ပမ်းလာရှာတာပါ။ သူ့ခမျာ လုံးဝအားကုန်ပြီး မလှူပ်နိုင်ပဲ ဖြစ်နေခဲ့တာပါ။ တစ်ကိုယ်လုံးတုန်နေပြီး မတ်တပ်တောင် မရပ်နိုင်ပဲ တစ်ချိန်လုံး ထိုင်နေရတာ ဖြစ်ပါတယ်။ ခွေးလေးကို ကယ်ပြီးနောက်မှာတော့ ဗီတီဆက်ခ်ကနေပဲ တိရစ္ဆာန်ဆေးခန်းကို ပို့၊ တစ်ခါ တိရစ္ဆာန်ဆေးခန်းကနေမှ ခွေးဂေဟာဆီပို့နဲ့ လုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ခွေးလေးကို ပိုင်ရှင်ပျောက်ရှာဖွေနေဆဲဖြစ်ပြီး ပိုင်ရှင်မပေါ်လာရင်တော့ ဗီတီဆက်ခ်က သူပဲ မွေးစားမယ်လို့ ဆိုခဲ့ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

READ
မသန်စွမ်းပေမယ့် လှပနေကြဆဲ ၀ှီးချဲလ်ပေါ်က အမျိုးသမီးများ

Ref: Dailymail, CNN

SHARE