ငှက်ပျောသီးပေါ်က အနုပညာလက်ရာတွေ ကြောင့် နာမည်ကြီးလာတဲ့ မိန်းကလေး

Image:IG/banana_bruiser

အခု ကိုဗစ်ကာလမှာတော့ ထူးခြားတဲ့ Talent ရှိတဲ့ လူတွေ အများကြီး ထွက်ပေါ် လာခဲ့ပါတယ်။ကိုဗစ် ကာလ မှာ အိမ် တွင်း အောင်း နေရတုန်း အပျင်းပြေ ဖန်တီးမှုတွေ လုပ်ရာက နေ ကိုယ်တိုင် တောင် မသိလိုက်ပဲ ထူးခြားတဲ့ ကိုယ့်ရဲ့ တခြား အရည် အချင်း တွေ ကို သိ သွားကြသူတွေ လည်း အများကြီး ပါ။ အခုဖော်ပြ ပေးမယ့် nna Chojnicka ဆိုသူ က တော့ ငှက် ပျောသီး ရဲ့ အခွံ ပေါ် မှာ အနုပညာ လက်ရာ တွေကို ပုံဖော် ဖန်တီးဖြစ်ခဲ့ရာ က နေ အခုဆိုရင် တော့ အွန်လိုင်းပေါ် မှာ အရမ်းကို နာမည်ကြီး နေပါပြီ။ဒီ အ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by Banana Bruiser (@banana_bruiser)

 

View this post on Instagram

 

A post shared by Banana Bruiser (@banana_bruiser)

ငှက်ပျောသီးက ကြာလာရင် မည်းသွားတာ ကို သာမန်လူ ဆိုရင် တော့ မကောင်းတော့ဘူး ဆိုပြီး လွှင့်ပစ် ကြမှာပါ။ဒါပေမယ့် social entrepreneur  တစ်ယောက် ဖြစ်တဲ့ Anna Chojnicka က တော့ ဒါကို အနုပညာ လက်ရာ တစ်ခု အဖြစ် ဖန်တီး မယ် ဆိုပြီး စိတ်ကူး ရခဲ့ပါတယ်။ဒါကြောင့် ညိုမည်းနေတဲ့ ငှက် ပျောသီးတွေ၊အနာအဆာ ရှိတဲ့ ငှက် ပျောသီး တွေကို အနုပညာလက်ရာ မြောက် အောင် ပြောင်းလဲ ဖန်တီး ကြည့်ခဲ့ပါတယ်။အနာအဆာ ရှိတဲ့ ငှက် ပျောသီးတွေ က နာရီ အနည်းငယ်ကြာ ရင် မည်းသွား တတ်ပါတယ်။ အဲ့မှာ စပြီး သူမက ပုံဖော် ဖန်တီး တော့တာပါ။

 

View this post on Instagram

 

A post shared by Anna Chojnicka (@anna_choj)

 

View this post on Instagram

 

A post shared by Banana Bruiser (@banana_bruiser)

Anna က တော့ မည်းနေတဲ့ ငှက်ပျောသီးတွေ ပေါ်မှာ ပဲ အနုပညာလက်ရာ ဒီဇိုင်းတွေ ဖန်တီး တာ တော့ မဟုတ်ပါဘူး။ဝါ၀င်း နေတဲ့ ငှက် ပျောသီး ပေါ်မှာ လည်း ဖန်တီး ပါတယ်။မည်းနေတဲ့ ငှက်ပျောသီးပေါ်မှာ ဖန်တီးရင် တော့ အလင်းနဲ့ အရိပ် နဲ့ ပတ်သက်ပြီး ဗဟု သု တ ရှိထားဖို့ တော့ လိုအပ်ပြီး ဒါမှသာ လိုက်ဖက်တဲ့ ဒီဇိုင်းလက်ရာ ကို ပုံဖော် နိုင် မှာပါ။ Anna က တော့ ဗြိတိန်မှာ ကိုဗစ် ကြောင့် Lockdown ချ တည်းက ဒီလို မျိုး ငှက် ပျောသီးပေါ်က အနုပညာလက်ရာ တွေကို စတင် ဖန်တီး ခဲ့တာပါ။ကျွမ်းကျင်သူတွေ က lockdown က ဆောင်းရာသီ အားလပ်ရက်တွေ အထိ ဆက်ရှိ နေ နိုင်တယ်လို့ ပြောခဲ့တာ ကြောင့် သူမရဲ့ အချိန် တွေကို အခုလို အကျိုးရှိရှိ ကုန်ဆုံးဖို့ ဆုံးဖြတ်ခဲ့တာပါ။

 

View this post on Instagram

 

A post shared by Banana Bruiser (@banana_bruiser)

 

View this post on Instagram

 

A post shared by Banana Bruiser (@banana_bruiser)

Anna က တော့ သူမရဲ့ လက်ရာ တွေကို Banana Bruiser ဆိုတဲ့ နာမည်နဲ့ အကောင့် ဖွင့်ပြီး တစ်စု တစ်စည်း တည်း တင် ထား ပါတယ်။အကောင့်မှာတော့ လက်ရှိ မှာ Follower (၁၆၀၀) ကျော် ရှိ နေပါပြီ။သူမရဲ့ လက်ရာ တွေ က အကြောင်းကိုတော့ BBC World Service မှာ ပါ ၀င် ခဲ့ ပါတယ်။ Anna က တော့ သူမက ငှက်ပျောသီးပေါ်မှာ လက်ရာ တွေ ဖန်တီး ပြီး ရင် အဲ့ဒါ တွေကို ပြန် စား တာ မို့ အစား အသောက်ကို ဖြုန်းတီးရာ မရောက်ပါဘူးလို့ ပြော ခဲ့ပါတယ်။

READ
နာမည်ကျော်ပန်းချီဆရာကြီးများရဲ့ တံဆိပ်များကို စိတ်ကူးပုံဖော်ခြင်း

 

View this post on Instagram

 

A post shared by Banana Bruiser (@banana_bruiser)

#SHWEMOM

SHARE