လေထဲမှာ နေ့လည်စာစားရင်း ဘရူနိုင်းတစ်နိုင်ငံလုံးကို နာရီပိုင်းအတွင်းသွားနိုင်မယ့်အစီအစဉ်

Instagram- @royalbruneiair

ခရီးသွားရတာ လွမ်းနေတဲ့လူတွေရှိပြီလား။ သင်တို့ကလည်း ခရီးတွေထွက်ချင်နေသလိုပဲ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကလည်း ကပ်ရောဂါဘေးကြောင့် ရပ်တန့်ထားရတဲ့အတွက် လုပ်ငန်းတွေ ထိခိုက်လာတာကြောင့် ပြန်ပြီး လည်ပတ်ချင်နေကြပါပြီတဲ့။ ဘရူနိုင်းက လေကြောင်းလိုင်းတစ်ခုကတော့ ခရီးစဉ်တွေ မဆွဲရဘဲ ရပ်ထားပစ်နေရတဲ့အချိန်မှာ စိတ်ပြေလက်ပျောက်ခရီးထွက်ချင်နေတဲ့ ပြည်သူတွေအတွက် အစီအစဉ်တစ်ခုကို လုပ်ပေးလာခဲ့ပါတယ်။

အဲဒါကတော့ နေ့လည်စာစားရင်း ဘရူနိုင်းတစ်နိုင်ငံလုံး နာရီပိုင်းအတွင်း လည်ပတ်ကြည့်ရှုနိုင်မယ့်အစီအစဉ်ပဲဖြစ်ပါတယ်။ The Star မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

 

Royal Brunei Airlines မှ ပြီးခဲ့တဲ့ အပတ်တုန်းက ခရီးစဉ်တွေ ခေတ္တရပ်ဆိုင်းထားရတုန်းမှာ ဘယ်လေကြောင်းလိုင်းမှ မပြုလုပ်သေးတဲ့ အစီအစဉ်လေးတစ်ခုကို ဆွဲခဲ့ပါတယ်။ ပြီးခဲ့ခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့တုန်းက ခရီးစဉ်ကိုအစပြုခဲ့ပါတယ်။ ခရီးစဉ်ကိုတော့ မနက် ၁၀ နာရီက စထွက်မှာဖြစ်ပြိး ဘရူနိုင်းနယ်စပ်တစ်လျှောက် Borneo ဒေသ၊ Mulu တို့၊ Kota Kinabalu တို့ Labuan တို့လိုမျိုး လှတဲ့ဒေသတွေ၊ Sultan Haji Omar Ali Saifuddien တံတားလိုမျိုး အထင်ကရနေရာတွေကို ရာသီဥတုကောင်းတဲ့နေ့မျိုးတွေမှာ အပေါ်စီးကနေ ကြည့်ရှုရင်း နေ့လည်စားနိုင်မှာပါတဲ့။

READ
သခင်တွေနဲ့အတူ ဘတ်စ်ကားအိုလေးစီးကာ ကမ္ဘာပတ်ခဲ့တဲ့ ခွေးလေး 

 

 

View this post on Instagram

 

A post shared by Royal Brunei Airlines (@royalbruneiair) on

နေ့လည်စာကတော့ ဘရူနိုင်းရဲ့ အထင်ကရအစားအသောက်မျိုးတွေကို ဦးစားပေးတည်ခင်သွားမှာပါ။ ကြာချိန်ကတော့ ခရီစဉ်တစ်ခုကို ၈၅ မိနစ်သာ ကြာပါတယ်တဲ့။

ပထမဆုံးခရီးစဉ်ကိုတော့ ဘဏ္ဍာရေးနဲ့စီးပွားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဝန်ထမ်းတွေနဲ့ ဝန်ကြီးများရုံးက ဝန်ထမ်းတွေကို လိုက်ပါဖို့အတွက် ဖိတ်ခေါ်ခဲ့ပါတယ်တဲ့။

 

 

 

View this post on Instagram

 

A post shared by Royal Brunei Airlines (@royalbruneiair) on

penny

SHARE