ဘရူနိုင်းနိုင်ငံမှာ ပြန်လည်အသက်သွင်းလိုက်တဲ့ ရက်ရက်စက်စက် ရှေးရိုးစွဲဥပဒေများ

ဘရူနိုင်းနိုင်ငံဟာ ကမ္ဘာ့နိုင်ငံများထဲ သိပ်ပြီးမထင်ပေါ်တဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေပေမယ့် ကျွန်တော်တို့အတွက်ကတော့ ငယ်စဉ်ကသင်ယူခဲ့ရတဲ့ကျောင်းစာများကြောင့် ဒီနိုင်ငံလေးနဲ့သိပ်မစိမ်းကြတော့ပါဘူး။ ရေနံပေါကြွယ်ဝခြင်းကြောင့် နိုင်ငံတစ်ခုတည်းအနေအထားအရကြည့်မယ်ဆိုရင် တော်တော်လေးကို ကြွယ်ဝတဲ့နိုင်ငံတစ်ခုအဖြစ် ရှိနေပါတယ်။

နိုင်ငံရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ဘာသာရေးအယူအဆတွေကြောင့် Brunei မှာတော့ တချို့ပြစ်မှုတွေမှာ တခြားနိုင်ငံတွေထက် ဆိုးရွားတဲ့ပြစ်မှုတွေစီရင်လေ့ရှိသလို တခြားနိုင်ငံတွေမှာ ပြစ်မှုလို့မသတ်မှတ်ထားတဲ့ လုပ်ရပ်တွေကိုလည်း ကြီးမားတဲ့ပြစ်မှုအဖြစ် သတ်မှတ်ကာအရေးယူလေ့ရှိပါတယ်။ ဒါတွေဟာ Sharia ဥပဒေဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေထဲ  Sharia ဥပဒေကို ပထမဆုံးအနေနဲ့ ယနေ့ခေတ်မှာ ပြန်လည်ပြဌာန်းကျင့်သုံးခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

EPA

ဥပမာဆိုရရင်တော့ ၂၀၁၄ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ဥပဒေကိုပဲ နမူထားကြည့်လို့ရပါတယ်။ လက်မထပ်ဘဲ ကိုယ်ဝန်ရသွားတဲ့အမှုတို့၊ သောကြာနေ့မှာ ဝတ်မတက်သူတို့ကိုလည်း ဒဏ်ကြေးတွေ၊ ထောင်ဒဏ်တွေချမှတ်လို့ရတဲ့ ဥပဒေမျိုးပါ။

ဒါတွေအပြင် ဒီထက်ပိုဆိုးတဲ့ ဥဒေတွေကိုလည်း မကြာသေးခင်ကမှ Brunei က စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ပထမတစ်ခုအနေနဲ့ လိင်မှုကိစ္စဆိုင်ရာဥပဒေတွေဖြစ်ပြီး နောက်တစ်ခုကတော့ ခိုးမှုတွေအတွက်ရယ်ဖြစ်ပါတယ်။

READ
လက်စားခြေလိုစိတ်နဲ့ (၁၂)ပေကျော် ဧရာမမိကျောင်းကြီးကို ကိစ္စတုံးပစ်လိုက်တဲ့ ဖွားဖွား

ပထမတစ်မျိုးမှာတော့ လိင်တူချစ်ကြိုက်သူတွေနဲ့ တရားမဝင်ယူထားခြင်းမရှိဘဲ အိမ်ထောင်ရေးဖော်ပြန်သူတွေအတွက် အသစ်ချမှတ်လိုက်တဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။ လိင်တူချစ်ကြိုက်မှုကို တရားမဝင်ဘဲပြစ်မှုတစ်ခုအနေနဲ့ သတ်မှတ်ခဲ့ပြီး ဥပဒေကို ချိုးဖောက်ခဲ့ပါက ထောင်ဒဏ် ၁၀ နှစ်အထိ အချမှတ်ခံရမှာဖြစ်ပါတယ်။ ဒီအပြစ် အမှုကြီးရင်ကြီးသလို လူမြင်ကွင်းမှာ ကြိမ်ဒဏ်ပေးခြင်းနဲ့ မသေမချင်း ကျော်တုံးတွေနဲ့ ပစ်ပေါက်တဲ့အပြစ်ပေးနည်းအထိပါ ထည့်သွင်းထားပါတယ်။ ဒီအပြင် တရားဝင်ယူထားခြင်းမရှိဘဲ ဖောက်ပြန်ခြင်း၊ အဓမ္မမှုတို့ပါ ပါဝင်ပါတယ်။

thenational.ae

ဒုတိယအနေနဲ့ ခိုးမှု၊ လုယက်မှုတွေအတွက်ကိုတော့ လူရှေ့တွေမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက်ကာ အပြစ်ပေးမယ်ဆိုပြီး သိခဲ့ရပါတယ်။ ပထမတစ်ခေါက်ကျူးလွန်ပါက ညာဖက်လက်ကိုဖြတ်မှာဖြစ်ပြီး ဒုတိယတစ်ခေါက်အတွက်ဆိုရင်တော့ ဘယ်ဖက်ခြေထောက်ကို ဖြတ်မှာဖြစ်တယ်လို့ သိခဲ့ရပါတယ်။

ဒီပြစ်မှုတွေဟာ Brunei အတွက်တော့ ရှေးယခင်ကသုံးခဲ့တဲ့ ရိုးရာအပြစ်ပေးနည်းတွေဖြစ်ပေမယ့် ယနေ့ခေတ်မှာတော့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကြေင့် တော်တော်လေးကို အဝေဖန်ခံနေရပါတယ်။ နိုင်ငံတော်တော်များများမှာ လိင်တူချစ်ကြိုက်ခြင်းဟာ တရားဝင်ကိစ္စတစ်ခုအနေနဲ့ ရှိနေပြီဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိနေကြပါပြီ။ သို့ပေမယ့်လည်း Brunei ရဲ့ အသစ်ပြဌာန်းလိုက်တဲ့ ဥပဒေကြောင့် လိင်တူချစ်ကြိုက်သူများအဖွဲ့အစည်းအတွက် တော်တော်လေးကို တုန်လှုပ်စရာကိစ္စတစ်ခုဖြစ်သွားခဲ့ပါတယ်။

READ
ရည်းစားကောင်မလေးရဲ့ ဖခင်ရှေ့မှာမှ ဖောက်ပြန်မိတဲ့ကောင်လေးရဲ့ ဘဝ

အသစ်မိတ်ဆက်လိုက်တဲ့ ဥပဒေပြဌာန်းချက်များဟာ ၂၀၁၉ ဧပြီလ ၁၃ ရက်နေ့မှာ စတင်ကျင့်သုံးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ဒီဥပဒေကိုတော့ ဘရူနိုင်းနိုင်ငံရဲ့ ဘုရင်ဟာဆန်နယ်လ် ဘူလ်ကီးရီးယားကိုယ်တိုင် ကြီးကြပ်ပြီး ရေးဆွဲခဲ့တာ လည်း ဖြစ်ပါတယ်။

pixabay

Source: Daily Mail , CNN

Penny

SHARE