Disney နဲ့ အတူလက်တွဲပြီး တေးဂီတရုပ်ရှင်တစ်ခု ဖန်တီးသွားမယ့် Bruno Mars

Instagram_BrunoMars/IMDB

အချိန်အတော်ကြာပျောက်နေတဲ့ အဆိုတော် Bruno Mars ကတော့ သတင်းထူးကြီးနဲ့ပြန်လည်ထွက်ပေါ်လာပြီ။ Disney ကထုတ်လုပ်သွားမယ့် တေးဂီတရုပ်ရှင်(Musical Movie)မှာ သီချင်းအများစုကို သူကိုယ်တိုင်ရေး သူကိုယ်တိုင်ဖန်တီးပြီး သရုပ်ဆောင်သွားမှာဖြစ်ကြောင်း သူ့ရဲ့ တွစ်တာပေါ်မှာ ပို့စ်တင်ပြီး ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

 

အမေရိကန်အဆိုတော် Bruno Mars အတွက် ဒါဟာပထမဆုံးအတွေ့အကြုံမဟုတ်ပါဘူး။ သူဟာ “Honeymoon in Vegas ဇာတ်ကားမှာ ပါဝင်ခဲ့ဖူးပြီး၊ “Rio 2 ကာတွန်းဇာတ်ကားမှာ အသံဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။  ဒ့ါအပြင် “Saturday Night Live” အစီအစဉ်မှာလည်း အစီအစဉ်တင်ဆက်သူ လုပ်ခဲ့ဖူးသူပါ။ (၂၀၁၄)ခုနှစ်မှာ ဂီတလောကရဲ့အကြမ်းဆုံးစတိတ်ဖျော်ဖြေပွဲကြီးဖြစ်တဲ့ Super Bowl မှာလည်း ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ သူဟာ ကင်မရာရဲ့ရှုထောင့်ကို ကောင်းကောင်းကျွမ်းကျင်နားလည်ပြီး ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို ဘယ်လို ဆွဲဆောင်ရမလဲ ဆိုတာ အင်မတန်ပါးနပ်သူတစ်ယောက်ဖြစ်ပါတယ်။

Instagram/BrunoMars

(၂၀၁၈)ခုနှစ် Grammy Awards ဆုပေးပွဲမှာ ဇကာတင်စာရင်းဝင်ခဲ့တဲ့ ဆု(၇)ဆုလုံးကို သိမ်းပိုက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ “24K Magic” သီချင်းအယ်ဘမ်နဲ့ album of the year ၊ record of the year ဆု“၊That’s What I Like;”သီချင်းနဲ့ song of the year ဆု ၊“That’s What I Like.”သီချင်းနဲ့ performance and best R&B song ဆု၊ “24K Magic” အယ်ဘမ်အတွက် best engineered album (non-classical) ဆုနဲ့best R&B albumဆုတွေကို တစ်ဦးတည်းသိမ်းပိုက်သွားခဲ့တာဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Bruno Mars (@brunomars) on

“24K Magic” အယ်ဘမ်ဟာ တစ်ဟုန်ထိုး အောင်မြင်ခဲ့သလို၊ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေလည်းကျင်းပခဲ့ပါတယ်။ ဟောင်ကောင်မှာ လည်းပြုလုပ်ကျင်းခဲ့ပြီး၊ (၂၀၁၈)ခုနှစ်နိုဝင်ဘာလက သူ့ဇာတိမြို့ Hawaiiမှာ ကျင်းပတဲ့ ဖျော်ဖြေပွဲ သုံးပွဲ ဟာ အမေရိကန်ဒေါ်လာ(၅)သန်းနီးပါ ရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က Ed Sheeranရဲ့“No. 6 Colla-borations” အယ်လ်ဘမ်မှာလည်း ဧည့်သည်အဖြစ် ပါဝင်သီဆိုပေးထားတယ်လို့ သိရပါတယ်။

Khaing Sandar

SHARE