သွားကိုစင်ကြယ်စွာတိုက်ခြင်းဖြင့် လေဖြတ်ခြင်းနှင့်နှလုံးသွေးကြောပိတ်ရောဂါကိုကာကွယ်နိုင်

သွားကိုနှံ့စပ်အောင်စင်ကြယ်စွာတိုက်ခြင်းဖြင့် လေဖြတ်ဝေဒနာနဲ့နှလုံးသွေးကြောပိတ်ရောဂါတို့ကိုကာကွယ်နိုင်ကြောင်းလေ့လာတွေ့ချက်အသစ်အရသိရပါတယ်။

အမေရိကန်သိပ္ပံပညာရှင်များကဦးဆောင်ပြီး စမ်းသပ်ထုတ်လုပ်ထားတဲ့Plaque HDအမည်ရှိအဆင့်မြင့်သွားတိုက်ဆေး တစ်မျိုးကိုအသုံးပြုပြီး သုတေသနပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

လေ့လာမှုမှာ ဒီလိုသွားကိုစင်ကြယ်စွာတိုက်ခြင်းဟာ သွေးတွင်းပရိုတင်းဓာတ်မြင့်တက်မှုကြောင့်ခနာကိုယ်ရောင်ရမ်းခြင်းနဲ့ သွားရေစီးကမ်းပြိုဖြစ်ခြင်းကိုသိသိသာသာလျော့နည်းစေကြောင်းတွေ့ရခြင်းဖြစ်ပါတယ်။အဲဒီလို သွေးတွင်းပရိုတင်းဓာတ်မြင့်တက်ခြင်းဟာ နောက်ပိုင်းမှာ နှလုံးသွေးကြောပိတ်ခြင်းနဲ့ လေဖြတ်ဝေဒနာတို့ကိုပါခံစားရနိုင်ပါတယ်။

သုတေသနစစ်တမ်းများစွာမှာလူတွေဟာ နှလုံးနဲ့ဆိုင်တဲ့ရောဂါဖြစ်ပွားနိုင်ခြေပိုများကြောင်းဖော်ပြခဲ့ကြပေမယ့်သွားကျန်းမာရေးကောင်းမွန်ခြင်းကြောင့်ဒီလို ရောဂါဝေဒနာတွေကိုလျော့ကျစေနိုင်တယ်ဆိုတဲ့အချက်ကိုတော့ ဖော်ပြခဲ့ဖူးခြင်းမရှိပါဘူး။Plaque HD လို့တဲ့ဒီသွားတိုက်ဆေးဟာသာမန်သွားတိုက်ဆေးထက် ရေစီးကမ်းပြိုဖြစ်ခြင်း ကို နှစ်ဆဖယ်ရှားပေးနို င်ပြီး သွားဖုံးရောင်ရမ်းခြင်းကိုလည်း ၂၉ရာခိုင်နှုန်းအထိ  လျော့ကျစေတယ်လို့ဆိုပါတယ်။

လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ Florida Atlantic Universityမှ ပါမောက္ခ  Charles Hennekensက”ဒီတွေ့ရှိချက်က အကိုက်အခဲပျောက်ဆေးတွေနဲ့ နှလုံးသွေးကြောရောဂါအတွက်ကုသတဲ့ဆေးဝါးဆိုင်ရာ ကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး လူသန်းပေါင်းများစွာကြားမှာဂယက်ရိုက်သွားခဲ့ပါတယ်။ဒါဟာ ဖြစ်နိုင်ချေရှိပြီးရိုးရှင်းတဲ့ ဆေးနည်းတစ်မျိုးဖြစ်ပါတယ်။ဒီအတွက် ဘေးထွက်ဆိုးကျိုးဆိုတာလည်းမရှိသေးပါဘူး။ကြီးကြီးမားမားထိုခိုက်မှုလည်းမရှိသေးပါဘူး”လို့ပြောပါတယ်။

ဒီလေ့လာတွေ့ရှိချက်နဲ့ပတ်သက်ပြီး The American Journal of Medicineရဲ့အယ်ဒီတာ့အာဘော်ကဏ္ဍမှာသွား တိုက်ဆေးတွေကတကယ်ပဲ လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောပိတ်ခြင်းတို့ကိုလျှော့ချပေးနိုင်လားဆိုတဲ့ခေါင်းစဉ်နဲ့ နှလုံးနဲ့ပတ်သက်တဲ့ပညာရှင် တစ်ဦးဖြစ်သူ  Dr Joseph Alpert ကအရေးကြီးကဏ္ဍအဖြစ်ဖော်ပြခဲ့ပါတယ်။

READ
ကမ္ဘာ့အကြီးဆုံးလို့ယူဆရတဲ့ ဧရာမဖွတ်ကြီးနဲ့ ပိုင်ရှင်တို့ ပြန်လည်တွေ့ဆုံ

သွားဆရာဝန်တစ်ဦးဖြစ်တဲ့အဖေဖြစ်သူက ဆေးကျောင်းမသွားခင်သွားကျန်းမာရေးဟာနှလုံးသွေးကြောပိတ်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကို တကယ်အကျိုးသက်ရောက်မှုကြောင်း ပြောကြားခဲ့တယ်လို့လည်းDr Joseph Alpertကထပ် မံပြောကြား ပါတယ်။

ChoChoThan(Shwemom)

ref:thesun

SHARE