Leo(သိဟ်)ရာသီဖွားတွေကို ချစ်မိသူတိုင်း သိထားသင့်တဲ့ အချက်များ

ဇူလိုင်လ(၂၂)နဲ့သြဂုတ်လ(၂၂)ရက်နေ့တို့ အကြား မွေးဖွားသူတွေကို Leo (သိဟ်)ရာသီဖွားလို့ သတ်မှတ်ကြပါတယ်။ဒီရာသီဖွားတွေဟာ ဥာဏ်ကောင်း သူတွေ၊ဟာသဥာဏ်ရှိသူ၊ဖန်တီးတီထွင်နိုင်စွမ်းရှိသူ၊စိတ်ဓါတ်ကြံ့ခိုင်သူတွေဖြစ်ပါတယ်။ဒီလိုရာသီဖွားတွေကို ချစ်မိသူတိုင်း သိထားသင့်တဲ့ အချက်တွေကတော့..

(၁)ခေါင်းမာ

သူများတွေကတော့ ဒီလိုရာသီဖွားတွေကို ခေါင်းမာတယ်လို့ မြင်ကြပေမယ့် သူ တို့ကိုယ်သူတို့ ဆုံးဖြတ်ချက်ပြတ်သားသူတွေလို့ မြင်နေကြသူတွေပါ။သူတို့ဟာ တည်ငြိမ်မှုကို နှစ်သက်တတ်ကြသူတွေဖြစ်ပြီး  ဆန့်ကျင်အတိုက်အခံပြု တာေ တွကို မနှစ်သက်တတ်ကြသူတွေပါ။သဘောထားကွဲလွဲမှုတွေရှိ ခဲ့မယ် ၊ဖြစ်ခဲ့ မယ်ဆိုရင်တော့ တက်နိုင်သမျှ အကဲဖြတ်ဝေဖန်တာမျိုးမလုပ်ပါနဲ့ အဲ့လိုမှ မဟုတ် ဘူးဆိုရင်တော့ သိဟ်ရာသီဖွားတွေရဲ့ အစွယ်တွေ၊လက်သည်းတွေ ထွက်လာ ပါလိမ့်မယ်။သူတို့စိတ်အနှောင့်အယှက်ဖြစ်နေပြီဆိုရင် တောင်းပန်ပါ။ဒါပေမယ့် သူတို့ဟာသူတို့ စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် အချိန်ခဏတော့ပေးပါ။ ဒါပေမယ့်သူတိုကို သွားပြီးစိတ်အေးအေးထားဖို့ စကားသွားမပြောပါနဲ့ သူတို့ ရဲ့ ဒေါသတွေ သင့်အပေါ် ပေါက်ကွဲထွက်လာပါလိမ့်မယ်။

READ
Capricorn (မကာရ)ရာသီဖွားတွေရဲ့ ဧပြီလ ကံကြမ္မာဟောစတမ်း

Leo-33

(၂)လူထင်ပေါ်လုပ်တတ်

ယုံကြည်မှုလွန်ကဲနေသူတွေဖြစ်ပြီး အလွယ်တကူပေါက်ကွဲတတ်သူတွေပါ။ သူတို့ရဲ့အရည်အချင်းတွေနဲ့ဖန်တီးမှုစွမ်းရည်တွေကို ချီးကျူးပြောဆိုရင်တော့ အရမ်းကို နှစ်သက်တတ်ကြပါတယ်။ဒါကဘာကိုဆိုလိုသလဲဆိုတော့ သူတို့ကို တစ်ခဏလောက်တော့ ဒီနည်းနဲ့ဖြေသိမ့်ပေးနိုင်ပါတယ်။

(၃)ပျော်ပျော်နေ၊မျက်စိရှင်

ဒီရာသီဖွားအမျိုးသမီးတွေဟာ ပျော်ပျော်နေတတ်ပြီး မျက်စိရှင်ကြသူတွေပါ။ရယ်စ ရာတွေပြောပြ၊လုပ်ပြပြီး သင့်မျက်နှာမှာ အပျော်တွေ အပြုံးတွေရအောင် လုပ်ေ ပးနိုင်ကြသူတွေပါ။သူတို့ရဲ့ အပျော်အပြက်ဟာသတွေနဲ့သင့်ကို စိတ်အေးချမ်း သာ၊သက်သောင့်သက်သာရှိအောင် ပြုလုပ်ပေးနိုင်သူတွေပါ။

(၄)သူတို့ကို လိမ်လို့မရ

သူတို့ကို လိမ်ညာတဲ့စကားတွေကို ပြောဖို့ မကြိုးစားပါနဲ့။သင့်ရဲ့အတု အယော င်မြှောက်လုံးပင့်လုံးတွေက သူတို့နဲ့ဝေးကွာသွားစေပါလိမ့်မယ်။အတု အေ ယာင် လိမ်ညာစကားတွေအစား တကယ့်စစ်မှန်တဲ့အရာတွေနဲ့သာ သူတို့ ကို ကျေန ပ်နှစ်သက်အောင် စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။

leo

(၅)ပျော့ညံ့ တွန့်ဆုတ်တတ်တဲ့သူမျိုးကို မနှစ်သက်

ဒီလိုရာသီဖွားအမျိုးသမီးတွေရဲ့နှလုံးသားကို သိမ်းပိုက်ချင်တယ်ဆိုရင်တော့ေ ပျာ့ညံ့ညံ့တွန့်ဆုတ်တတ်တဲ့ အကျင့်မျိုးမရှိဖို့လိုပါတယ်။အဲ့ဒီလိုမှ မဟုတ် ရင်တော့ ရဲရင့်တဲ့သူမရဲ့ လက်အောက်မှာ သင်ပြားပြားဝပ်သွား ရနိုင်ပါတယ်။သူတို့ဟာ အမြဲတမ်းကြီးတော့ ဆုံးဖြတ်ချက်ချရတာ တာဝန်ယူရတာကို နှစ်သက်တတ်ကြ သူတွေ မဟုတ်ပါဘူး။ယုံကြည်ချက်ခိုင်မာတဲ့ စိတ်ထဲရှိတဲ့ အတိုင်းယုံကြည်ရာ အတိုင်း ဆုံးဖြတ်တတ်တဲ့ အမျိုးသားမျိုးကို နှစ်သက် လိုလားတတ်ကြပါတယ်။ ဒါပေမယ့် သူတို့ကို ထိန်းချုပ်တတ်တဲ့ ယောက်ျားမျိုးထက် ရှေ့ကနေဦးဆောင် လမ်းပြတတ်တဲ့ ယောက်ျားမျိုးကို လိုလားတတ်ကြသူတွေပါ။

READ
ဓနုရာသီဖွား(Sagittarius) များအတွက် 2017 ဇွန်လ အထွေထွေ ဟောစာတမ်း

Ref;yourtango.com

SHARE