အရေိကန်မှာဖြစ်ပျက်နေတဲ့ အခြေအနေတွေအတွက် ဒေါ်လာ(၁)သန်းလှူခဲ့တဲ့ BTS Army

Instagram- @bts.bighitofficial

BTS အဖွဲကကတော့ အာရှမှာသာမကဘဲ ကမ္ဘာအထိပါ ထိုးဖောက်လျက်ရှိနေတဲ့ တောင်ကိုရီးယား boy group တစ်ခုပါ။ အနုပညာရှင်တွေ အောင်မြင်လား မအောင်မြင်လားသိချင်ရင် သူတို့ရဲ့ပရိတ်သတ်ကို ကြည့်ဆိုသလိုပဲ BTS ရဲ့ အမာခံပရိတ်သတ်တွေဖြစ်တဲ့ BTS Army အနေနဲ့ သူတို့ idol တွေကိုတင်မကဘဲ idol တွေရဲ့ image ကောင်းဖို့ကိုပါ အတတ်နိုင်ဆုံး နောက်ကွယ်ကနေ ဖန်တီးပေးနေခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၆ က်နေ့တုန်းကလည်း Army တွေအနေနဲ့ Twitter မှာ အလှူကြီးတစ်ခုကို လုပ်ဖို့အတွက် ကမ္ဘာအနှံ့က fan တွေကို စုစည်းခဲ့ကြပါတယ်။ #MatchAMillion ဆိုတဲ့ နာမည်နဲ့ ဒေါ်လာတစ်သန်းပြည့်အောင် အလှူငွေတွေ ကောက်ခံတာပဲဖြစ်ပါတယ်။

READ
(၆)လအတွင်း ပိုက်ဆံစုပြီး ကိုယ်ပိုင်အိမ် ဝယ်နိုင်ခဲ့တဲ့ ဆယ်ကျော်သက် လူငယ်စုံတွဲ

လှူဒါန်းမယ့်နေရာကတော့ အမေရိကန်မှာ လက်ရှိဖြစ်ပျက်နေတဲ့ လမ်းမပေါ်ထွက်နေကြတဲ့ ပြည်သူတွေနဲ့ ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေကို အလှူငွေပေးဖို့ပါပဲတဲ့။ နောက်တစ်ရက် ဇွန်လ ၇ ရက်နေ့ရဲ့ ည ၈ နာရီနဲ့ ၄၅ မိနစ်မှာပဲ အလှူငွေ ဒေါ်လာ ၁ သန်းဟာ လုံးဝကြီး မြန်မြန်ဆန်ဆန်ပဲ ပြည့်သွားခဲ့ပါတော့တယ်။

ဒီပိုက်ဆံတွေကို Black Lives Matter, Reclaim the Block, National Bail Out, Black Visions Collective, NAACP Legal Defense and Educational Fund နဲ့ တခြားအဖွဲ့အစည်းတွေကို ခဲပြီး အကုန်လံး လှူဒါန်းခဲ့ပါတော့တယ်။

READ
(၁၉.၁.၁၉) မှ (၂၅.၁.၁၉)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်

Army တွေအနေနဲ့ Twitter မှာ အလှူငွေမကောက်ခင် ဇွန်လ ၆ ရက်နေ့မှာပဲ BTS နဲ့ သူတို့ရဲ့ record label ဖြစ်တဲ့ Big Hit Entertainment အနေနဲ့ Black Lives Matter ဆိုတဲ့ အဖွဲ့အစည်းကို ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့တယ်ဆိုပြီး သူတို့ရဲ့ Twitter မှာ တင်ထားခဲ့တာပါ။ ဒါကြောင့် Army တွေကလည်း အားကျမခံ အခုလို BTS Army တို့ရဲ့အလှူဆိုပြီး လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Penny

SHARE