Katy Perry ရဲ့ စကားတစ်ခွန်းကြောင့် BTS Fan တွေ ဒေါပွ နေကြ

Image:twitter/@btspiics1 & Katy ' s IG

BTS  အဖွဲ့ကတော့ တောင်ကိုရီးယားနဲ့ အာရှနိုင်ငံတွေ မှာ တင်မကပဲ အနောက်နိုင်ငံတွေမှာပါ အရမ်းကိုေ အာင်မြင်နေတဲ့ ကိုရီးယား Boy Band ပါ။ပြည်တွင်းရော ပြည်ပမှာပါ ဆုတွေ အများကြီး ရထားပြီး အားပေးတဲ့ အမာခံ Fan တွေ အများကြီး ကို ပိုင်ဆိုင်ထားပါတယ်။BTS အဖွဲ့ကတော့  KIIS FM ရဲ့  Jingle Ball 2019 ပွဲမှာ ၀င် ရောက် ဖျော် ဖြေခဲ့ပါတယ်။အဲ့ဒီပွဲကိုတော့ ဒီဇင်ဘာ (၆)ရက်နေ့က အမေရိကန် လော့အိန်ဂျလိစ် မှာ ကျင်းပ ခဲ့တာပါ။ဒီပွဲကိုတော့ BTS ARMY လေးတွေ အများကြီးလာရောက်ခဲ့ကြပါတယ်။

Image:twitter/@btspiics1

ဒီပွဲကိုတော့ BTS အပြင် တခြား နာမည်ကြီးတွေ ဖြစ်တဲ့ Katy Perry, Sam Smith, Halsey, French Montana, Camila Cabello, Billie Eilish, Normani ၊ Lizzo တို့လည်း ပါဝင် ဖျော်ဖြေ ခဲ့ကြပါတယ်။BTS ကတော့ Show ကို “Mic Drop” နဲ့ ဖွင့်ခဲ့ပါတယ်။” ဒီလို ပွဲမှာ ဖျော်ဖြေ တင်ဆက်ခွင့် ရလို့ ဂုဏ်ယူ ၀မ်း မြောက် မိပါတယ်.ဒီလို ကမ္ဘာကျော် တွေနဲ့ အတူ စင်တစ်ခုတည်းမှာ အတူ ဖျော်ဖြေခွင့်ရလို့  ဒီ အားလပ်ရက် ကတော့ အကောင်းဆုံး အားလပ်ရက်ပါ.” ဆိုပြီး ပထမသီချင်းသီဆို ပြီးနောက် ပရိသတ်တွေကို  ပြောခဲ့ပါတယ်။

 

View this post on Instagram

 

Oh my my my I love this video so much 💜 #KIISJingleBall

A post shared by iHeartRadio (@iheartradio) on

BTS ရဲ့ ဖျော်ဖြေ မှု အပြီးမှာတေ့ Katy Perry  ဖျော်ဖြေခဲ့ပါတယ်။အဲ့ဒီအခ်ျိန်မှာ သူမ ပြောလိုက်တဲ့ စကား ကတော့ BTS  Fan တွေ ကို လုံးဝ ဒေါပွ စေခဲ့တဲ့ စကားပါ။ဟာသ လုပ်ပြီး သ ဘောရိုးနဲ့ ပြောတာလား ၊တမင်ရည်ရွယ် ပြောတာလား ဆိုတာ ကတော့ Katy ပဲ သိမှာပါ။

READ
ကျော်ကျော်ဗိုရဲ့ ဥရောပခရီးစဉ်တစ်လျှောက် အမိုက်စားပုံရိပ်များ
Image:twitter/@KatyPerryChina

BTS ဖျော်ဖြေအပြီး သူမ အလှည့်မှာတော့ “ရှင်တို့ အားလုံး အိပ်ချိန် ကျော်နေပြီနော်..” ဆိုပြီး ခပ်ထဲ့ထဲ့ ပြောလိုက်တဲ့ ဟာသ စကား ကတော့ ပရိသတ်တွေ အတွက် ဒေါပွ စရာ ဖြစ်ခဲ့ပါတယ်။Katy က BTS ကို ကလေး တွေ  ဆိုတဲ့ အထာနဲ့ ပြောလိုက်တာပါ။

ဒါပေမယ့်လည်း သူမရဲ့ စကားတစ်ခွန်းကြောင့် ပွဲမှာ ရောက်နေတဲ့ BTS Fan တွေက  ပွဲထဲ ကနေ ထထွက်ပြန်ကုန်ကြတဲ့ အထိဖြစ်ခဲ့ပါတယ်။တစ်ချို့ Fan တွေ ကဆိုရင် Katy ဖျော် ဖြေ နေချိန်မှာ အားပေးတာမျိုး တောင် မလုပ်တော့ပဲ တမင် လုံးဝငြိမ်သက် ပြီး သူမကို ဆန္ဒပြခဲ့ကြပါတယ်။

READ
Captain America အဖြစ်သရုပ်ဆောင်ဖို့ တော်တော်ကြီး စဉ်းစားခဲ့ရတယ်ဆိုတဲ့ Chris Evans

https://twitter.com/i/status/1203180586174754816

Source:Allkpop/nextshark

SHARE