Freddie Mercury ရဲ့ တွစ်တာအကောင့်ကနေ အသိမှတ်ပြုရတဲ့ထိဖြစ်ခဲ့တဲ့ Jin ရဲ့ အပြုအမူ

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က လန်ဒန်မြို့မှာ ကျင်းပတဲ့ BTS အဖွဲ့ရဲ့ ဖြေဖျော်ရေး ခရီးစဉ် ပထမရက်ဟာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ်။ BTS အဖွဲ့ဟာ ၀င်ဘာလေ ကွင်းမှာ ကျင်းပခဲ့တဲ့ အဲ့ဒီ့နေ့ပွဲမှာ ၄င်းတို့ရဲ့ ပရိတ်သတ်တွေနဲ့ တသားတည်းဖြစ်ခဲ့ကြတယ်။

အဲ့ဒီ့နေ့ပွဲမှာ လက်မှတ်အကုန်ရောင်းကုန်သွားခဲ့ပြီး Jin ကိုလည်း သူရဲ့ ခရမ်းရောင် ဆံပင်ပုံအသစ်နဲ့ တွေ့မြင်ခဲ့ကြရပါတယ်။ ၄င်းက ယူကေရဲ့ အကျော်အမော် ဂီတအဖွဲ့ Queen ရဲ့ ရှေ့ထွက်အဆိုတော် Freddie Mercury ကို လေးစားဂုဏ်ပြုတဲ့ အနေနဲ့ မှင်သက်ဖွယ် အပြုအမူတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။

KIM SEOKJIN REMINDING EVERYONE OF THE LEGENDARY #FREDDIEMERCURY#btsinwembley 🎥boingtan

Posted by BTS With LUV on Saturday, 1 June 2019

Freddy Mercury တစ်ချိန်က ပရိတ်သတ်နဲ့ လုပ်ခဲ့တဲ့ပုံစံအတိုင်း Jin က ပြန်လည် ဖန်တီးခဲ့တာဖြစ်ပါတယ်။ သူရဲ့ ပြန်လည် အတုယူဖန်တီးမှုက Freddie Mercury ရဲ့ တရားဝင် တွစ်တာအကောင့်ကနေ ပြန်လည်ဖော်ပြခဲ့တဲ့ အထိအနေအထားတစ်ခုကို ရောက်သွားခဲ့တယ်။

READ
V-Day မှာ စုံတွဲပုံတွေနဲ့ ပရိသတ်တွေအားကျအောင်လုပ်လိုက်တဲ့ ပိုင်ဖြိုးသုနဲ့ဏကြီး

ပွဲ ကျင်းပနေစဉ် Jin က လန်ဒန်မြို့ကို ဂီတသမားကောင်းများစွာ ပေါ်ထွက်ရာ အရပ်အဖြစ် ချီးမြှောက်ခဲ့ပါတယ်။ အဲ့ဒီ့နောက် Bohemian Rhapsody ရုပ်ရှင်ကိုလည်း မကြာသေးခင်ကမှ ကြည့်ပြီးခဲ့ကြောင်း ပြောတယ်။ အဲ့ဒီနောက်  Freddie Mercury အသံထုတ်ပုံအတိုင်း ပရိတ်သတ်လိုက်ထုတ်တဲ့ ဇာတ်ဝင်ခန်းကို ညွှန်းဆိုပြီး သူက စလို့ Mercury အတိုင်း ဟစ်အော်လိုင်ပါတယ်။ ချက်ချင်ဆိုသလို ပရိတ်သတ်တွေကလည်း ပါလာတာကို ဗီဒီယိုထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

ပရိတ်သတ်တွေကလည်း Jin ရဲ့ အပြုအမူကို ချီးကျူးခဲ့ကြပါတယ်။ Freddie Mercury ရဲ့ တရားဝင် တွစ်တာအကောင့်ကလည်း “Great to see the legacy lives on…” ဆိုပြီး ပြန်လည် ဖော်ပြခဲ့ပါတယ်။

READ
ပင်လယ်ဟာကိုယ်ပါလို့ ဆိုလာတဲ့ လုလုအောင်

 

Matthew (ShweMOM)

SHARE