ထူးဆန်းစွာ ထိန်းသိမ်းကိုးကွယ်ထားတဲ့ ပျံလွန်တော်မူသွားတဲ့ ဘုန်းတော်ကြီးရဲ့အရိုးစု

Elite Readers

တရုတ်ဘုန်းတော်ကြီး Fu Hou ဟာ အသက် (၁၃) နှစ်အရွယ်ကတည်းက ဘာသာရေးလိုက်စားကာ သာသနာ့ဘောင်ထဲအပြီးအပိုင်ဝင်ခဲ့သူတစ်ဦးပါ။ ၂၀၁၂ ခုနှစ် အသက် (၉၄) နှစ်မှာတော့ ရဟန်းဝတ်နဲ့ပဲ ပျံလွန်တော်မူသွားခဲ့ပါတယ်။

Elite Readers

ဘုန်းတော်ကြီး Fu Hou ဟာ သူ့ရဲ့ကရုဏာ မေတ္တာတရားကြီးမားပုံ၊ သမာဓိအားတို့ကြောင့် ကိုးကွယ်သူတွေများပြားခဲ့ပါတယ်။ ကိုယ့်ရဲ့နေဝင်ချိန်ကိုကြိုသိတဲ့ ဘုန်းတော်ကြီးဟာ သူပျံလွန်တော်မူသွားတဲ့အခါ သူ့ရဲ့ရုပ်ကလပ်တော်ကို ရိုးရာနည်းနဲ့ ထိန်းသိမ်းထားဖို့ မိန့်ဆိုခဲ့ပါတယ်။

ယုံကြည်ကိုးကွယ်သူတွေဟာ ဘုန်းတော်ကြီး Fu Hou ရဲ့ ရုပ်ကလပ်ကို ညွှန်ကြားမိန့်ဆိုခဲ့တဲ့အတိုင်း ရိုးရာနည်းနဲ့ မပုပ်သိုးစေဘဲ လုံးဝခြောက်သွေ့သွားသည့် တိုင်အောင် ထားခဲ့ပါတယ်။ ဒီလိုမျိုး ရုပ်ကလပ်တော်ကို သိမ်းဆည်းထားခြင်းဟာ လူအများရဲ့ ကြည်ညိုလေးစားခြင်းကို ခံရမှသာပြုလုပ်တဲ့ ဓလေ့တစ်ခုပါ။

Elite Readers

ကျွမ်းကျင်သူတွေနဲ့ စနစ်တကျ စောင့်ကြပ်သိုလှောင်အပြီး (၃) နှစ်အကြာမှာတော့ ထိုင်လျက်အနေအထားနဲ့ ဘုန်းတော်ကြီး Fu Hou ရဲ့ ရုပ်ကလပ်ဟာ အရေပြားတစ်ခုတည်း လုံးဝခြောက်သွေ့သွားခဲ့ပါတယ်။ ခြောက်သွေ့သွားတဲ့ ရုပ်ကလပ်အပေါ်မှာ ပိတ်စပါးပါးနဲ့ အရင်စအုပ်ကာ နောက်မှ သစ်စေးနဲ့နောက်ထပ်တစ်ထပ် သုတ်ခဲ့ပါတယ်။ နောက်ဆုံးတော့မှ ရုပ်ကလပ်တစ်ခုလုံးကို ရွှေပြားတွေနဲ့ နင့်နေအောင် ရွှေချထားခဲ့ပါတယ်။

READ
အမျိုးသမီးအတွင်းခံတွေခိုးပြီး အိမ်မှာစုထားတဲ့သူခိုးကိုဖမ်းမိ
Elite Readers

အခုအခါမှာတော့ ဘုန်းတော်ကြီး Fu Hou ရဲ့ ရွှေချထားတဲ့ ရုပ်ကလပ်တော်ကို တရုတ်ပြည်၊ Quanzhou မှာရှိတဲ့ Chongfu ဘုရားကျောင်းမှာ ကိုးကွယ်ဖို့အတွက် ထားရှိပေးထားပါတယ်။ ရွှေအစစ်တွေနဲ့ ရွှေချထားတဲ့အတွက်ကြောင့် ခိုးယူတဲ့လူတွေရန်ကနေ ကာကွယ်ဖို့အတွက် အချက်ပေးစနစ်တွေပါ တပ်ဆင်ထားပါတယ်။

Today Online
Wikimedia

Source: Elite Readers

Penny

SHARE