သမီးငယ်နဲ့ အိမ်မွေးခွေးလေးတို့ရဲ့အဆိုအကကို အမှတ်တမဲ့ မှတ်တမ်းတင်ခဲ့တဲ့ ဖေဖေ

YouTube/BuddyMercury

ဘက်ဒီမာကျူရီဟာ တိရစ္ဆာန်ဂေဟာကနေ ခေါ်ဆောင်လာပြီး သခင်သစ်ထံမှာ မွေးစားခံရတဲ့ ခွေးလေးတစ်ကောင်ဖြစ်ပါတယ်။ ဘက်ဒီက ခွေးဖြစ်ပေမယ့် သူက စန္ဒယားအတီးကောင်းလို့ သူ့ကို လူတွေအတော်များများ သိကြပါတယ်။ ဘက်ဒီက သီချင်းဆိုရတာ အရမ်းကြိုက်သလို ကလေးချစ်တတ်တဲ့ ခွေးတစ်ကောင်လည်း ဖြစ်ပါတယ်။ ကလေးတွေနဲ့ဆို သူက သိပ်တည့်ပါတယ်။

မကြာသေးခင်ကတော့ ဘက်ဒီရဲ့ သခင်မိဘတွေက ဘက်ဒီရဲ့ ဗီဒီယိုသစ်လေးကို အွန်လိုင်းပေါ်မှာ မျှဝေခဲ့ပါတယ်။  ဗီဒီယိုထဲမှာတော့ ဘက်ဒီက စန္ဒယားတီး၊ ကလေးငယ်လေးက ခုန်ပေါက်ကခုန်ပြီး အလုပ် ဖြစ်နေတာ တွေ့ရပါတယ်။ မောင်နှမနှစ်ဦးက အတီးအဆိုနှစ်ခုလုံးကို စိတ်ပါလက်ပါနဲ့  သီဆိုကခုန်နေကြတာပါ။

YouTube/BuddyMercury

အွန်လိုင်းပေါ်မှာ ဘက်ဒီတို့ရဲ့ ဗီဒီယိုလေးဟာ ကြည့်ရှူကြိမ် (၄) သန်းကျော်နဲ့ အရမ်းပေါက်နေပြီး ဘက်ဒီက အွန်လိုင်းစတားဖြစ်နေပါပြီ။ ဘက်ဒီရဲ့ နာမည်ကိုတော့ Queen ရော့ခ်တေးဂီတအဖွဲ့ရဲ့ ခေါင်းဆောင်အဆိုတော် ဖရက်ဒီမာကျူရီနာမည်ကို လိုက်ပြီး အမည်ပေးထားတာ ဖြစ်ပါတယ်။ ဘက်ဒီမှာ ကိုယ်ပိုင်ဝက်ဆိုက်ဒ်တစ်ခုလည်း ရှိပြီး အဲ့ဒီဝက်ဆိုက်ဒ်မှာတော့ သူ့ရဲ့ နောက်ဆုံးပေါ်ဂီတသံစဉ်တွေကို ဒေါင်းလုဒ်ဆွဲနိုင်ကြောင်း သိရပါတယ်။

READ
ဦးခေါင်းပြောင်ပြောင်ပေါ်က ထူးထူးဆန်းဆန်း တက်တူးလက်ရာများ

အောက်မှာတော့ ဘက်ဒီနဲ့ သူ့ညီမလေးရဲ့ ချစ်စဖွယ် ဗီဒီယိုဖိုင်လေးကို အခုလို ဖော်ပြပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

SHARE