ပိုကောင်းတဲ့ မနက်ဖြန်တွေရဖို့ ကြိုးစားနေသူတွေရဲ့ အားတက်ဖွယ်ပုံပြင်များ

Instagram/biofase Instagram/forest_man_of_india_fanpage

ယနေ့ခေတ်မှာ ကမ္ဘာမြေကြီးဟာ ဘေးအန္တရာယ်အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့အကြောင်းတွေကို ကြားနေရပါတယ်။ ဘီလီယံနဲ့ချီတဲ့ စွန့်ပစ်ပစ္စည်းအညစ်အကြေးတွေက ပင်လယ်သမုဒ္ဒရာထဲရောက်နေတာတွေ၊ သန်းပေါင်းများစွာသော လူတွေဟာ ငတ်မွတ်ခေါင်းပါးတဲ့ဒဏ်ကို ခံစားနေကြရတာတွေ၊ ထောင်နဲ့ချီတဲ့တိရစ္ဆာန်မျိုးစိတ်တွေက မျိုးသုဉ်းလုနီးဖြစ်နေတာတွေ အစရှိသဖြင့် အမျိုးမျိုးပါပဲ။ ဒါပေမယ့် ကမ္ဘာကြီးပေါ်မှာ ဘယ်လိုပဲ ပျက်စီးမှုတွေရှိနေပါစေ၊ မိခင်ကမ္ဘာမြေကြီးကို အစွမ်းကုန်ဆေးကုသပေးနေတဲ့ လူကောင်းတွေလည်း ရှိနေပါသေးတယ်။ အခုဖော်ပြပေးမှာကတော့ Boredpanda ကနေ တဆင့် တွေ့ရှိရတဲ့ အားကျအတုယူဖွယ်လူသားတွေရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ထောပတ်သီိးစေ့တွေနဲ့ ပြုလုပ်ထားတဲ့ အသုံးအဆောင်များ

BioFase လို့ခေါ်တဲ့ မက္ကစီကန်ကုမ္ပဏီဟာ ရက်(၂၄၀) အတွင်း အလိုအလျောက်ပျက်စီးစေတဲ့ တစ်ခါသုံး ဇွန်း ခရင်းနဲ့ တူတွေကို တီထွင်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ထောပတ်သီး(၅၀) ရာခိုင်နှုန်းဟာ မက္ကစီကိုနိုင်ငံက လာတဲ့အတွက် ထောပတ်သီးအစေ့တွေဟာ မက္ကစီကိုမှာတောင်ပုံရာပုံနဲ့ အသုံးမ၀င်ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် BioFase က အပိုဖြစ်နေတဲ့ ထောပတ်သီးအစေ့တွေကို အလကားမီးရှို့ခံမယ့်အစား နည်းပညာနဲ့ ပြုပြင်ပြောင်းလဲပြီး အခုလို လူ့အသုံးအဆောင်ပစ္စည်းတွေ ထုတ်လုပ်ခဲ့တာပါ။

ရေထုညစ်ညမ်းမှုကို အကောင်းဆုံးနည်းလမ်းနဲ့ ကာကွယ်ပေးခဲ့တဲ့ သြစတေးလျမြို့တစ်မြို့

(၂၀၁၈) ခုနှစ်မှာ သြစတေးလျနိုင်ငံမှာရှိတဲ့ Kwinana မြို့ထဲက ဟန်လေရေလှောင်တမံမှာ ရေပိုက်မြောင်းနှစ်ခုကို တပ်ဆင်ခဲ့ပါတယ်။ ဒီပိုက်တွေကို မတပ်ဆင်ခင်က အလုပ်သမားတွေဟာ အမှိုက်သရိုက်တွေကို လက်နဲ့ကောက်ယူခဲ့ရပါတယ်။ ပိုက်ကြီးတွေကို တပ်ဆင်ရာမှာ ဒေါ်လာ(၂) သောင်းဝန်းကျင်သာကုန်ကျခဲ့ပြီး အလုပ်လည်းဖြစ်ကာ လူ့လုပ်အားခထက်လည်း ပိုမိုသက်သာတယ်လို့ သိရပါတယ်။

READ
နောင်နှစ်(၃၀)ခန့်အကြာတွင် ကျွန်းနိုင်ငံအချို့ ရေလွှမ်းမိုးခံရပြီး သမုဒ္ဒရာအောက် ရောက်ဖွယ်ရှိ

အွန်လိုင်းပေါ်ကနေ သစ်ပင်စိုက်ပျိုးတဲ့ Search Engine

Ecosia အမည်ရတဲ့ Search Engine ဟာ သူ့ထဲမှာ search ပေါင်း အခုပေါင်း (၅၀) ပြည့်တိုင်း သူတို့ဆီမှာလာကြော်ငြာတဲ့ ကြော်ငြာခတွေနဲ့ အပင်တစ်ပင် စိုက်ပျိုးပေးပါတယ်။ လက်ရှိမှာ Ecosia ဟာ အပင်ပေါင်း (၅၀,၁၂၀,၉၀၆) စိုက်ပျိုးပြီးဖြစ်ပြီး အပင်အရေအတွက်က စက္ကန့်နဲ့အမျှ တက်လာနေတာဖြစ်ပတယ်။

ပလတ်စတစ်ညစ်ညမ်းမှုကို ကာကွယ်ပေးနေတဲ့ ဘီယာစက်ရုံ

ဖလော်ရီဒါမှာရှိတဲ့ Saltwater Brewery ဟာ ပလတ်စတစ်အသုံးပြုမှုစနစ်ကို လျော့ချဖို့ နည်းလမ်းတစ်ခုကို တီထွင်ခဲ့ပါတယ်။ အဲဒါကတော့ အလိုအလျှောက် ဇီဝပြိုကွဲနိုင်စွမ်းရှိတဲ့ ပစ္စည်းတစ်မျိုးကို တီထွင်ခဲ့တာပါ။ ၄င်းပစ္စည်းဟာ ဘီယာ(၆) လုံးကို အလွယ်တကူကိုင်လို့ရအောင် ထုတ်ပိုးထားတဲ့စနစ်ဖြစ်ပါတယ်။ ၄င်းဟာ ဘာလီနဲ့ အုတ်နှံတွေကနေ ထုတ်လုပ်ထားတာကြောင့် တိရစ္ဆာန်တွေကို အစားအဖြစ်နဲ့တောင် ကျွေးမွေးလို့ရနိုင်ပါတယ်။

READ
စကော့တလန်နိုင်ငံက သဘာဝအလှအပတွေကို ရင်သပ်ရှုမောဖွယ်ဖော်ကျူးပြရတဲ့ ဓာတ်ပုံပြိုင်ပွဲ

အနှစ်(၄၀) တိုင်တိုင် နေ့တိုင်း သစ်ပင်စိုက်ပျိုးခဲ့တဲ့ အမျိုးသား

View this post on Instagram

#jadavpayeng

A post shared by forest_man_of_india_fanpage (@forest_man_of_india_fanpage) on

အိန္ဒိယနိုင်ငံမှ Jadav Payeng ဆိုသူအမျိုးသားဟာ အနှစ်(၄၀) လုံးလုံး တစ်နေ့မှာ မပျက်စေရပဲ အပင်စိုက်ပျိုးခဲ့သူဖြစ်ပါတယ်။ အခုဆိုရင် သူစိုက်ပျိုးခဲ့တဲ့ ဥယျာဉ်ကြီးဟာ ဒေသတွင်းမှာ အတော်ကြီးမားတဲ့ တောအုပ်ကြီးတောင် ဖြစ်နေပါပြီ။ Jadav Payeng ရဲ့ ဥယျာဉ်ကြီးထဲမှာတော့ ရာပေါင်းများစွာသော ဆင်တွေ၊ ကြံ့တွေ၊ တောဝက်တွေ၊ မြွေနဲ့ ငှက်မျိုးစုံတို့ နေထိုင်ကြပါတယ်။ Jadav Payeng ကတော့ သူ့ရဲ့ နောက်ဆုံးထွက်သက်အထိ သစ်ပင်တွေကို စိုက်ပျိုးသွားမယ်လို့ ဆိုပါတယ်။

လင်းလင်း (ShweMom)

SHARE