(၂၀၂၀)မှာ သင့်ရဲ့စီးပွားရေးလုပ်ငန်းကို ဘယ်လိုရှင်သန်အောင်ကြိုးစားကြမလဲ

Shutterstock / GaudiLab

(၂၀၂၀)ခုနှစ်တော့ ရောက်လာပြီနော်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက ရုန်းကန်နေရတဲ့ စီးပွားရေးလုပ်ငန်းလေးတွေ၊ ဒါမှမဟုတ် ဒီနှစ်သစ်မှာမှ အသစ်စတင်ဖို့ စိတ်ကူးထားတဲ့ စီးပွားရေးလုပ်ငန်းလေးတွေအတွက် ဘယ်လိုရှင်သန်အောင်၊ ပိုပြီးတိုးတက်လာအောင် ကြိုးစားကြမလဲဆိုတာ https://goodmenproject.com/ ရဲ့ဆောင်းပါးလေးတစ်ပုဒ်ကို ပြန်လည်ကိုးကားပြီး ဖော်ပြလိုက်ပါတယ်။ အားလုံးအတွက် အကျိုးရှိမယ်လို့လည်း မျှော်လင့်ပါတယ်နော်။

(၁)။ သင်ဝါသနာပါတဲ့အလုပ်ဖြစ်ပါစေ

သင်စတင်လိုက်တဲ့ စီးပွားရေးလုပ်ငန်းက သင်ဝါသနာပါတဲ့ အလုပ်လည်းဖြစ်ဖို့လိုပါတယ်။ သူများတွေ ပိုက်ဆံအများကြီးရတယ်ဆိုတိုင်း လိုက်လုပ်ပေမယ့် ကိုယ်ဝါသနာပါတဲ့ အလုပ်မဟုတ်ဘူးဆိုရင် ထင်သလောက် မအောင်မြင်တာကို သင်တွေ့လာရမှာပါ။ ကိုယ်တိုင်လည်း ၀ါသနာပါတဲ့အလုပ် ဆိုရင်တော့ တီထွင်ဖန်တီးနိုင်စွမ်းလည်း ပိုမြင့်လာမယ်၊ စိတ်ကူးစိတ်သန်းကောင်းတွေလည်း မကြာခဏပေါ်လာမယ် စတဲ့ အားသာချက်လေးတွေကို သင် ခံစားရပါလိမ့်မယ်။

Shutterstock / YP_Studio

(၂)။ သင့်ရဲ့ဈေးကွက်ပစ်မှတ်ကို ပြန်လည်ချိန်ဆပါ

(၂၀၂၀)ခုနှစ်မှာ လူတွေရဲ့အကြိုက်က ဘာများဖြစ်မလဲ၊ ဘယ်လိုအရာတွေအပေါ် သူတို့ရဲ့သဘောကျမှုက ပြန်ပြီး ပြောင်းလဲသွားမလဲ။ စတဲ့အချက်တွေကို မူတည်ပြီး သင့်ရဲ့ ဈေးကွက်ပစ်မှတ်ကို ပြန်လည်ချိန်ဆဖို့ လိုပါတယ်။ (၂၀၂၀)ခုနှစ်အတွက် တစ်နှစ်တာ အစီအစဉ်တွေချမယ်၊ဘယ်လိုနေ့ရက်တွေကိုသုံးပြီး အရောင်းမြှင့်တင်ရေးအစီအစဉ်တွေကို ဆောင်ရွက်မယ်..စတဲ့ ကြိုတင်စီစဉ်မှုတွေကြောင့်လဲ သင့်ရဲ့ဈေးကွက်ပစ်မှတ်ကို ပြန်လည်ချိန်ဆဖို့ ဖြစ်လာပါလိမ့်မယ်။

READ
အနေဝေးပေမယ့် အချစ်တိုးအောင် စမ်းကြည့်သင့်တဲ့ App ၅မျိုး

(၃)။ သိသိသာသာတိုးတက်လာတဲ့ပြိုင်ဖက်တွေကို ကြည့်ပါ

(၂၀၂၀)ခုနှစ်ထဲမှာ ဈေးကွက်ထဲ ဦးဆောင်နေတဲ့ ပြိုင်ဖက်တွေကိုလည်း အကဲခတ်ပါဦး။ ကိုယ်လုပ်မယ့် စီးပွားရေးလုပ်ငန်းမှာ ဘယ်သူတွေဦးဆောင်နေလဲ ၊ နှစ်သစ်မှာ တိုးတက်လာနေတဲ့ လုပ်ငန်းတွေက ဘာတွေလဲ၊ သူတို့က ဘာလို့ ထိပ်ဆုံးရောက်နေကြသလဲ စသဖြင့် သူတို့ရဲ့ အားသာချက်တွေကို အကဲခတ်ရင်း ကိုယ့်ရဲ့လုပ်ငန်းအစီအစဉ်တွေကို ပြန်လည်သုံးသပ်လို့ရပါတယ်။

Shutterstock / fizkes

(၄)။ ပိုကောင်းအောင်လုပ်ပါ

နှစ်တွေဘယ်လိုပဲ ပြောင်းပါစေ၊ စားသုံးသူတွေရဲ့ လိုအပ်ချက်ကတော့ ဘယ်တော့မှ ပြောင်းသွားမှာမဟုတ်ပါဘူး။ အထူးသဖြင့် ကိုယ့်ရဲ့ဝန်ဆောင်မှုပေါ်မူတည်ပြီး စားသုံးသူတွေက ဆုံးဖြတ်ချက် ချကြလိမ့်မယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။ ဒီတော့ နှစ်သစ်မှာ ကိုယ့်ရဲ့ ၀န်ဆောင်မှုတွေကို ပိုပြီးကောင်းအောင်၊ စားသုံးသူတွေကို စိတ်ကျေနပ်မှု ပိုပြီးပေးနိုင်အောင် လုပ်ဖို့ လိုပါတယ်။

Linn

SHARE