တရုတ်မှာ သူရဲကောင်းဆရာဝန်တွေရဲ့ပုံတွေကို LED တွေနဲ့ ထည်ဝံ့စွာပြသခဲ့

Youtube-50,000 LED screens in 18 cities light up to salute medical workers

တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ COVID 19 ကူစက်ရောဂါဟာ အခုအချိန်မှာတော့ တစ်ကမ္ဘာလုံးကြောက်လန့်နေရတဲ့ ရောဂါကပ်ဆိုးကြီး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အနောက်ဥရောပနိုင်ငံကြီးတွေဖြစ်တဲ့ အီတလီနဲ့ စပိန်နိုင်ငံမှာ ဒီကူးစက်ရောဂါရဲ့ ဒဏ်ကို အလူးအလဲခံစားနေရသလို့ အချို့နိုင်ငံတွေမှာလည်း အနည်းနဲ့ အများ ကူးစက်ခံထားရတာပဲ ဖြစ်ပါတယ်။

ဒီCOVID 19 ကူးစက်ရောဂါရဲ့ ဒဏ်ကို အခံရဆုံးကတော့ တရုတ်နိုင်ငံပါပဲ။ တရုတ်နိုင်ငံရဲ့ မြို့ကြီးတော်တော်များများကို အချိန်တော်တော်ကြာအထိ lockdown ချခဲ့သလို နိုင်ငံရဲ့ စီပွားရေးကလည်း တော်တော်ကျဆင်းသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်အခုအချိန်မှာတော့ တရုတ်နိုင်ငံဟာ အနည်းငယ်နာလန်ထူလာပြီ ဖြစ်သလို ရောဂါအသစ်ထပ်တွေ့တဲ့သူကလည်း နိုင်ငံအတွင်းမှာ အတော်ပဲ နည်းပါးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုရောဂါအခြေအနေ ပြန်လည်ကောင်းမွန်လာတာကလည်း တရုတ်နိုင်ငံရဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကြောင့်ပဲ ဖြစ်ပါတယ်။

သူတို့တွေဟာ နေ့မနားညမအိပ်ပဲ တစိုက်မတ်မတ် ရောဂါရှိလူနာတွေကို အစွမ်းကုန်ကုသပေးလို့သာ ဒီလိုအခြေအနေကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ကို ဂုဏ်ပြုသောအားဖြင့် တရုတ်နိုင်ငံရဲ့ အဆောက်အအုံတော်တော်များများရှိ LED ဘုတ်တွေမှာ သူတို့ရဲ့ပုံတွေကို ပြသထားပေးကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
Catwalk လျှောက်ရင်း အမျိုးသားမော်ဒယ်တစ်ဦး လဲကျသေဆုံး

တရုတ်နိုင်ငံရဲ့ အဆောက်အအုံ LED ဘုတ်တွေမှာသာမက ဘတ်စ်ကားမှတ်တိုင်တွေ၊ ကားလမ်းမဘေးတစ်လျှောက်က LED တွေမှာ ဆရာဝန်တွေနဲ့ သူနာပြုပုံတွေ အပြည့်ပဲ ဖြစ်ပါတယ်။ တကယ်ကို စိတိကြည်နူးစရာလို့ ခံစားမိပါတယ်။

Pyi Hein Kyaw

SHARE