ဖြတ်သွားဖြတ်လာလူမှန်သမျှကို အိမ်ထဲကနေ ချောင်းကြည့်ရတာ ကြိုက်လွန်းတဲ့ ခွေးလေး

[email protected] Bjørklid Levinsen

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လူတော်တော်များများဟာ အိမ်ထဲကအိမ်အပြင်ကို မထွက်ရတော့ပဲ အိမ်ထဲမှာပဲ နေနေရတာ များပါတယ်။ ဒီလိုလူတွေ အိမ်အပြင်ကို မထွက်တော့တာကြောင့် ခွေးကလေးတွေခမျာမှာလည်း သူတို့သခင်တွေမထွက်တော့ သူတို့ပါ လိုက်မထွက်ရတော့ပါဘူး။ အခုလည်း Denmark နိုင်ငံက Bulldog လေးတစ်ကောင်ဟာ အပြင်မထွက်ရတော့တဲ့နောက်ပိုင်း ဖြတ်သွားဖြတ်လာမှန်မသမျှကို အသံကြားတာနဲ့ ပြေးပြေးချောင်းနေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Bjørklid Levinsen
[email protected] Bjørklid Levinsen

အဆိုပါ Bulldog ခွေးကလေးရဲ့ နာမည်ကတော့ Bogart ဖြစ်ပြီး အသက်ကတော့ ၄ နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။ Bogart ရဲ့ပိုင်ရှင်ကတော့ Ranveig Bjørklid Levinsen လို့အမည်ရတဲ့ အမျိုးသမီးကြီး တစ်ယောက်ဖြစ်ပါတယ်။ Ranveing နဲ့ သူ့ယောက်ျားဟာ COVID 19 ရောဂါတွေ ဖြစ်နေတဲ့ ဒီနောက်ပိုင်းမြှ Bogart လေးကို အပြင်မထွက်ခိုင်းတာ တော်တော်ကြာပါပြီ။ အရင်တုန်းကတော့ ညနေတိုင်း Bogart လေးနဲ့ အနည်းဆုံး တစ်နာရီကျော်ကြာအောင် လမ်းထွက်လျှောက် ဖြစ်ပါတယ်။

READ
စိတ်လွတ်ကိုယ်လွတ် ပလပ်ကျွတ်ပြီး ကြုံတဲ့နေရာ မှောက်အိပ်ခဲ့ကြသူများ
[email protected] Bjørklid Levinsen
[email protected] Bjørklid Levinsen

Ranveing ရဲ့ ပြေပြချက်အရဆိုရင်တော့ Bogart လေးဟာ အိမ်အပြင်ထွက်ရတဲ့အချိန်တိုင်းဟာ သူ့အတွက်တော်တော်ပျော်စရာကောင်းပြီး ဒီလိုအပြင်ထွက်ရတိုင်း Bogart လေးဟာ အင်မတန်မှ ပျော်ရွှင်နေရကြောင်း သိရပါတယ်။ ဒါပေမယ့် ဒီလိုအပြင်မထွက်ရတော့တဲ့အချိန်မှာ Bogart လေးဟာ အပြင်က အသံတသစ်ခုခုကြားတာနဲ့ ခြံစည်းရိုးနားက အပေါက်လေးတွေကြားကနေ ချောင်းကြည့်တတ်ကြောင်း သိရပါတယ်။

Kongen

Kongen af Vejen💟 king of the road 😂➡️Følg 112nyheder hvis du støtter hverdagens helte!

Posted by 112nyheder on Friday, 1 May 2020

ဒါ့ကြောင့်နောက်ဆုံးမှာ Ranveing တို့ လင်မယားနှစ်ယောက်ဟာ တိုင်ပင်ပြီး Bogatr လေးအတွက် ခေါင်းတစ်လုံးစာ အပေါက်လေးနှစ်ပေါကို ခြံစည်းရိုးမှာ ဖောက်ပေးခဲ့ပြီး အပြင်ကကြည့်ရင် Bogart ကို ဟာသပုံစံလေးဖြစ်အောင် ဝတ်စုံ ၂ ခုပါ ဆွဲခဲ့ပါသေးတယ်။ အပေါ်က Bogart လေး အပေါက်ကနေ ချောင်းကြည့်နေတဲ့ ဗီဒီယိုကတော့ ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်ပျံ့နှံ့ခဲ့ပြီး ကြည့်ရှုသူ ၄ သန်းကျော် ရှိခဲ့ကြောင်း သိရပါတယ်။

READ
ကမ္ဘာကျော် Memesတွေ အခုဘယ်အရွယ်ရောက်နေကြပြီလဲ
[email protected] Bjørklid Levinsen

Pyi Hein Kyaw

SHARE