Bullitt ကနေ မိတ်ဆက်ပေးလိုက်တဲ့ ကမ္ဘာ့ ပထမဆုံး ‘Antibacterial Smartphone’

Image:IG/catruggedphones

ရောဂါပိုးတွေ များလာတာနဲ့ အမျှ အခုနောက်ပိုင်း တီထွင် လာတဲ့ ပစ္စည်းတွေက ပိုးမွှားတွေ ကို သေ စေ၊ခုခံနိုင်တဲ့ အစွမ်း ရှိတဲ့ အရာ တွေကို ထုတ်လာတာကို တွေ့ရပါတယ်။အခုဆိုရင်တော့ ကမ္ဘာ့ ပထမဆုံး ‘antibacterial smartphone’ ကို Bullitt ကုမ္ပဏီ က နေ ဒီဖုန်းကို ဖန်တီး ပေးနေပါတယ်။ Bullitt Group Ltd က တော့ မိုဘိုင်း ဖုန်းနဲ့ အီလက် ထရော နစ် ပစ္စည်း တွေကို ဖန်တီး ထုတ်လုပ် နေတဲ့ ကုမ္ပဏီ တစ်ခုပါ။(၂၀၀၉)ခုနှစ်တုန်းက မှ စတင် ထူထောင် ခဲ့တာပါ။ဗက်တီး ရီး ယား တွေကို ခုခံ တွန်းလှန်ပေးမယ့် အဲ့ဒီ ဖုန်းရဲ့ နာမည်ကိုတော့ Cat S42 ဆိုပြီး ပေးထားပါတယ်။ဒီအကြောင်းကိုတော့ Daily Mail နဲ့ odditycentral  တို့ မှာ ဖော်ပြထားပါတယ်။

 

View this post on Instagram

 

A post shared by CatRuggedPhones (@catruggedphones)

Biomaster antimicrobial နည်းပညာ ကို ထည့် သွင်း ပေးထားပြီး ၂၀၂၁ အစောပိုင်းလောက် မှာတော့ ထွက်ရှိ အုံးမှာ မဟုတ်သေး ပါဘူး။မနှစ်တုန်းက ထွက်ခဲ့တဲ့ တခြား Cat phone တွေကို ထဲမှာ ဗက်တီးရီယားတွေကို တွန်းလှန်ခုခံ ပေးမယ့် antimicrobial feature ကို ထည့်သွင်း သွားဖို့ Bullitt က မျှော်လင့် နေပါတယ်။မနှစ်က ထွက်တဲ့ Cat ဖုန်း တွေ ထဲမှာ ဆိုရင် တော့ S52 ဆိုရင် £380 နဲ့ S62 ဆိုရင် £599 နဲ့ ရောင်းချ ခဲ့တာပါ။ကမ္ဘာ့ ပထမဆုံး antibacterial ဖုန်းကိုတော့ ငွေရောင် Silver Icon နဲ့ ထွက်ရှိမှာ ပါ။သူက တော့ ကိုရိုနာ ဗိုင်းရပ်စ် အပါအ၀င် တခြား ဗက်တီးရီးယား တွေကို ပျံ့နှံ့တာတွေကိုတားဆီး ပေးမှာပါ။ရောဂါ ပိုးမွှားတွေ ထပ် ပွားမလာအောင် နဲ့ ပိုးမွှားအရေ အတွက်ကို တဖြည်းဖြည်း နည်းပါး သွားအောင် ကူညီပေးနိုင်မယ်လို့ တော့ Bullitt ကုမ္ပဏီက ပြော ပါတယ်။

 

View this post on Instagram

 

A post shared by CatRuggedPhones (@catruggedphones)

‘Biomaster active antimicrobial agent’  က နေ ဗက်တီးရီးယား ပိုးမွှားတွေကို ၁၅ မိနစ်အတွင်း ၈၀ ရာခိုင်နှုန်း၊၂၄ နာရီ အတွင်း (၉၉.၉)ရာခိုင်နှုန်း အထိ လျော့ ပါး စေနိုင်ပါတယ်။ဒီဖုန်းကတော့ လုံးဝ ရေစိုခံ waterproof ဖြစ်သလို၊ ဆပ်ပြာနဲ့ ဆေးကြောတာ၊ လက်သန့်ဆေး နဲ့ သန့်စင်တာ လောက်ကိုတော့ ပုံမှန် ပြုလုပ် ပေးသင့်တယ်လို့ ကုမ္ပဏီ က ပြောပါတယ်။ customer တွေ ကြားမှာ ကျန်းမာရေး ဂရုစိုက်တာမျိုးတွေ က အရင် ထက် ပို လုပ်လာ ကြ ကြောင်း၊ Cat phone  ကို အသုံးပြု ခြင်း အားဖြင့် ပိုပြီး ယုံကြည်မှု ရှိမှာ ဖြစ်သလို Cat phone ကိုလည်း လက်သန့်ဆေးရည် နဲ့ သန့် စင် ဆေး ကြော နိုင်မှာဖြစ်ကြောင်း၊လက်ရှိ အခြေအနေနဲ့ လိုက်ဖက်တဲ့ antimicrobial product protection ကို Cat S42 နဲ့ တခြား cat ဖုန်းတွေ မှာ ထည့် ထားတာကြောင့် အသုံးပြု သူတွေ အနေနဲ့ ပိုပြီး ဘေးကင်းလုံခြုံမှုကို ရရှိစေလိမ့်မယ်လို့ Vice President ဖြစ်တဲ့ Peter Cunningham က ပြောပါတယ်။

 

View this post on Instagram

 

A post shared by CatRuggedPhones (@catruggedphones)

ကိုဗစ်ကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရှိတဲ့ ကျန်းမာရေး ဆိုင်ရာ အဖွဲ့ အစည်းတွေက ပြည်သူတွေကို လက်ဆေး ကြဖို့ ဆော်သြ နေပါတယ်။ Waterloo  တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ Peter Hall က တော့ ရောဂါ ကူးစက်မှု မဖြစ် ရအောင် ဖုန်းတွေကို တစ်နေ့ နှစ်ကြိမ် သန့်ရှင်း ပေးသင့် တယ်လို့ အကြံပြုခဲ့ပါတယ်။အရက်ပြန် နဲ့ သန့်ရှင်းပေးတာက အကောင်းဆုံးလို့ အကြံပြု ပေမယ့် Apple က တော့ microfibre အ၀တ်သန့်သန့်လေးကို ဆပ်ပြာ ရည် အနည်းငယ်နဲ့ သန့်စင် ပေးဖို့ အကြံပြု ခဲ့ပါတယ်။ဖုန်း အများစုက အရက် ပြန် ၊လက်သန့် ဆေးရည်တွေနဲ့ အများကြီး သန့်စင်လိုက်ရင် ဖုန်းကို ထိခိုက် သွားတာ မျိုး တွေ ဖြစ်စေပါတယ်။

 

View this post on Instagram

 

A post shared by CatRuggedPhones (@catruggedphones)

S42 က တော့ စမ်းသပ်မှု အရ (၃၅)မိနစ်လောက် ရေစို ခံနိုင်သလို (၆) ပေ အမြင့်က ပြုတ်ကျရင်လည်း ခံနိုင်ပါတယ်။ gorilla glass နဲ့ stainless steel case ကို သုံးထားတာကြောင့် ဖုန်မှုန့်တွေ၊အညစ်အ ကြေးတွေ၊အပူချိန် အပြောင်းအလဲနဲ့ တုန်ခါ မှု တွေကို ခံနိုင် ရည် ရှိပါတယ်။ CAT S42 ဖုန်း တွေက တော့ လက်ရှိမှာလည်း ရရှိနိုင် နေပြီဆိုပေမယ့် Biomaster antimicrobial technology တော့ မပါသေးပါဘူး။အဲ့ဒီ နည်းပညာ ပါ ပါတဲ့ ဖုန်း မျိုးက တော့  ၂၀၂၁ လောက်မှာ ရရှိနိုင်မယ်လို့ တော့ မျှော်လင့်ရပါတယ်။

 

View this post on Instagram

 

A post shared by CatRuggedPhones (@catruggedphones)

#SHWEMOM

SHARE