အားပေးသူ/ ဝေဖန်သူတွေနဲ့ ဂယက်ရိုက်နေတဲ့ ဗီယက်နမ်နိုင်ငံက ဆင်အပြေးပြိုင်ပွဲ

ဗီယက်နမ်နိုင်ငံ Buon Don ခရိုင်မှာ ဆင်ဦးစီး Y Hoi Bya ဟာ တုတ်ကြီးတစ်ချောင်းကိုင်ပြီး ဆင်ကြီးတစ်ကောင်ရဲ့ ထိပ်မှာ ထိုင်နေပါတယ်။ ဆင်ကြီးကို ပန်းတိုင်ဆီ အလျင်အမြန်သွားဖို့ Y Hoi Bya က တုတ်ကြီးနဲ့ ရိုက်နှက်မောင်းနှင်နေခဲ့တာပါ။ ဒီမြင်ကွင်းဟာ ဗီယက်နမ် အလယ်ပိုင်းတောင်တန်းဒေသမှာ ကျင်းပတဲ့ Buon Don ဆင်ပွဲတော်က ပြိုင်ပွဲဝင်ဆင်ဦးစီးတစ်ယောက်ကို မြင်ရတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။

youtube

ဒေသခံတွေဟာ ဆင်တွေကို မိသားစုဝင်တွေအဖြစ် သဘောထားပြီး ကျိုးနွံလှတဲ့ တိရစ္ဆာန်ကြီးတွေအတွက် ကျင်းပတဲ့ အထိမ်းအမှတ်ပွဲလို့ မှတ်ယူကြပါတယ်။ ဒါပေမယ့် တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူတွေကတော့ ပြိုင်ပွဲဟာ ဆင်တွေအပေါ်မှာ ရက်စက်တဲ့လုပ်ရပ်ဖြစ်ပြီး ဒေသခံတွေရဲ့ အယူအဆဟာ ခေတ်နောက်ပြန်ဆွဲနေကြောင်း ထောက်ပြကြပါတယ်။

Buon Don ဆင်ပွဲတော်ကို (၂) နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပါတယ်။ ပွဲတော်မှာ ကမ္ဘာလှည့်ခရီးသည် အမြောက်အမြားလာရောက်ကြပြီး ဆင်ပြိုင်ပွဲအပြင် ဘောလုံးကစားပွဲ၊ ရေကူးပြိုင်ပွဲ၊ စီတန်းလှည့်လည်ပွဲတွေပါဝင်ပြီး တိရစ္ဆာန်တွေကို အစအစာအာဟာရလှူဒါန်းပွဲလည်း ပါဝင်ပါတယ်။ ဧည့်ပရိသတ်အများဆုံးဖြစ်တဲ့ ဆင်ပြိုင်ပွဲကိုတော့ ပွဲတော်ရဲ့ နောက်ဆုံးရက်(၂) ရက်မှာ ကျင်းပလေ့ရှိပါတယ်။

READ
ရေစီးသန်တဲ့မြစ်ကို ဖြတ်ပြီး ကျောင်းသွားရတဲ့ အင်ဒိုရွာတစ်ရွာမှ ကလေးငယ်များ
youtube

ဆင်ဦးစီး Y Hoi ကတော့ သူ့ဆင်ကြီးဟာ အရင်ပြိုင်ပွဲတွေတုန်းကလည်း အောင်မြင်မှုတွေ ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်ဆင်ကြီးလို့ အမွှမ်းတင်လိုက်ပါတယ်။ အသက်(၃၈) နှစ်ရှိပြီဖြစ်တဲ့ Y Hoi ဟာ ငယ်စဉ်ကလေးဘ၀ကတည်းက ဆင်တွေနဲ့ လက်ပွန်းတတီးနေထိုင်လာသူပါ။ “ကျွန်တော့်ဆင်က ပြိုင်ပွဲတိုင်းလိုလိုမှာ ပထမဆု မကြာခဏရလေ့ရှိတယ်…” လို့ Y Hoi က ပြောပြပါတယ်။ ဆင်ကြီးကိုတော့ ပုံမှန်အာဟာရအဖြစ် ငှက်ပျောသီးနဲ့ ကြံတွေကျွေးကြောင်း သိရပါတယ်။

youtube

အခုပွဲမှာလည်း Y Hoi ရဲ့ ဆင်ကြီး Kham Sinh ကပဲ အခြားပြိုင်ဖက်ဆင်(၁၀) ကောင်ကို ကျော်လွန်ပြီး ပထမဆုနေရာကို ဆွတ်ခူးခဲ့ကာ အမေရိကန်ဒေါ်လာ (၁၃၀) ဆုကြေးရရှိခဲ့ပါတယ်။ ဆင်ပြိုင်ပွဲကို သောင်းသောင်းဖြဖြ အားပေးနေသူတွေရှိသလို တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေကတော့ ဆင်တွေကို နေပူကြီးထဲမှာ နာရီပေါင်းများစွာကြာအောင် အတင်းအကြပ်မခိုင်းစေသင့်ကြောင်းနဲ့ ပြိုင်ပွဲအတွင်း ဆင်မြန်မြန်ပြေးအောင် တုတ်တွေနဲ့ ရိုက်နှက်တာတွေဟာ မဖြစ်သင့်ကြောင်း ကန့်ကွက်လျက် ရှိနေကြပါတယ်။

READ
သူငယ်ချင်းရဲ့ အသုဘကို ရိုးရာအကနဲ့ ကခုန်နှုတ်ဆက်ခဲ့ကြတဲ့ ဆယ်ကျော်သက်များ

လင်းလင်း (ShweMom)

Ref: channelnewsasia

SHARE