လောကမှာ အချစ်ဆိုတဲ့အရာဟာ တကယ်ကို ရှိနေပါတယ်။ ထိလို့မရ၊ မမြင်ရဆိုပေမယ့်လို့ နှလုံးသားနဲ့ နင့်အောင်ခံစားလို့ရနိုင်တဲ့ ချစ်ခြင်းမေတ္တာတရားသာ လူတွေကို စိုးမိုးလာခဲ့မယ်ဆိုရင် ဂုဏ်တွေ၊ ဒြပ်တွေ၊ အဆင့်အတန်းတွေဆိုတာ ဖွဲနဲ့ဆန်ကွဲဖြစ်လို့သွားမှာပါ။ ဒါပေမဲ့လို့ ကိုယ်ချစ်ရတဲ့လူကို ပိုင်ဆိုင်လိုတဲ့ အတ္တစိတ်တွေပဲ ပေါ်ပေါက်လာမလား၊ ဒါမှမဟုတ် စွန့်လွှတ်အနစ်နာခံနိုင်တဲ့ အချစ်လားဆိုတာကတော့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်နဲ့သာ သက်ဆိုင်လို့နေပါတယ်။
ချစ်ခြင်းမေတ္တာတရားရဲ့ ခမ်းနားကြီးကျယ်ပုံကိုတော့ အချိန် ၁ နာရီကျော်ပေးရုံနဲ့ ခံစားသိမြင်နိုင်စေမယ့် ရုပ်ရှင်ကားတစ်ကားရှိနေပါတယ်။ အဲဒါကတော့ 7th Sense Creation ကထုတ်လုပ်ခဲ့တဲ့ “The Greatest Love” ပါပဲ။ “အခမ်းနားဆုံးမေတ္တာ” ဆိုတဲ့ နာမည်လေးနဲ့လိုက်အောင် ဒီကားထဲမှာ အချစ်ကိုဘယ်လိုတွေ ပုံဖော်ထားမလဲ။

နေတိုးနဲ့ နေခြည်ဦးတို့က ဦးဆောင်ပြီး တိုင်ရွန်၊ စိုးမြတ်သူဇာတို့လိုမျိုး နာမည်ကြီးအနုပညာရှင်တွေ အများကြီး ဒီကားထဲမှာ ပါဝင်အားဖြည့်ပေးထားကြပါတယ်။ ရုံတင်ဇာတ်ကားကြီးဖြစ်ပြီးတော့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တုန်းက မြန်မာတစ်နိုင်ငံလုံးအနှံ့မှာ ရုံတင်ပြသခဲ့တာပါ။ “အခမ်းနားဆုံးမေတ္တာ” ဟာ နေခြည်ဦးအတွက်တော့ သူ့ရဲ့ idol ဖြစ်တဲ့ မင်းသား နေတိုးနဲ့ ယှဉ်တွဲသရုပ်ဆောင်ခဲ့ရတဲ့ ပထမဆုံးကားဖြစ်တာကြောင့် သူမအတွက်တော့ တော်တော်လေးကို ထူးခြားခဲ့ပါတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားခဲ့ပါသေးတယ်။
ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောရမယ်ဆိုရင်တော့ ဖက်ရှင်အရောင်းတိုင်ကြီးတစ်ခုမှာ အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်လျက်ရှိနေတဲ့ လိပ်ပြာ(နေခြည်ဦး)ကို ဦးနိုင်(နေတိုး)ဆိုတဲ့လူရွယ်သူဌေးတစ်ဦးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ကြပါတယ်။ လိပ်ပြာမသိတာ ဦးနိုင်ဟာ သူမလုပ်ကိုင်နေတဲ့ ဆိုင်ကြီးအပြင် လုပ်ငန်းတော်တော်များများကို ပိုင်ဆိုင်ထားတဲ့ လူငယ်ခြေတက်သူဌေးတစ်ဦးဆိုတာပါပဲ။


စစတွေ့တွေ့ချင်း မချေမငံတွေဖြစ်ကုန်ပြီးတော့ အလွဲလွဲအချော်ချော်ဖြစ်ခဲ့ပြီးမှ ဦးနိုင်ဆိုတာ ဘယ်သူမှန်း လိပ်ပြာသိသွားခဲ့ပါတော့တယ်။ နောက် လိပ်ပြာကို သူဌေးကခေါ်ခိုင်းလိုက်တယ်ဆိုပြီး အထက်ကပြောလာခဲ့တဲ့အခါမှာတော့ သူမကိုအလုပ်များ ထုတ်ပြီလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ လိပ်ပြာတစ်ယောက် ဦးနိုင်ကိုသွားတွေ့ခဲ့ပါတယ်။ တကယ်တမ်း ခေါ်ခိုင်းလိုက်တဲ့အကြောင်းရင်းကတော့ ဦးနိုင်ရဲ့ stylist အဖြစ်နဲ့ရော PSO အဖြစ်နဲ့ပါ လိပ်ပြာကို လုပ်ခိုင်းဖို့ပါတဲ့လေ။ တကယ်တော့ ဦးနိုင်တစ်ယောက် လိပ်ပြာကို မြင်မြင်ချင်း စိတ်ဝင်သွားခဲ့မှန်း လိပ်ပြာမရိပ်မိခဲ့ပါဘူး။
ဒီလိုနဲ့ မတူညီတဲ့အသိုင်းဝိုင်းကြားထဲ ဦးနိုင်တစ်ယောက် လိပ်ပြာကို ဆွဲသွင်းခဲ့ပေမယ့် ဦးနိုင်ရဲ့ညီ တိုင်ရွန်နဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတွေ၊ မိခင်ဖြစ်သူရဲ့ လိပ်ပြာအပေါ် သဘောမကျမှုတွေ၊ လူတွေရဲ့ ပြောဆိုဝေဖန်မှုတွေကြားမှာ ဦးနိုင်နဲ့ လိပ်ပြာတို့ ဆုံစည်းနိုင်ပါ့မလား။ နောက်ပြီး ထိန်းချုပ်လွန်းတဲ့ ဦးနိုင်ရဲ့ အချစ်အတ္တစိတ်အောက်မှာရော လိပ်ပြာတစ်ယောက် မွန်းကြပ်ပြီး ထွက်သွားမှာလားဆိုတာကိုတော့ ….
The Greatest Love ကို Viu Myanmar App ကို Download လုပ်ယူပြီး ကြည့်ရှုနိုင်ပါတယ်။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင်တော့ Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ် ကြေး မလိုပဲ ကြည့်ရှုနိုင်ပါတ ယ်။ အာရှတစ်ခွင်က ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲပေါင်းများစွာကို ၁ဝဝ% မြန်မာစာတန်းထိုးနဲ့ Viu မှာ ကြည့်ရှုလို့ ရပါတယ်။ ဒါကြောင့် Viu app ကို ဒီနေရာမှာ ဒေါင်းလုဒ်ရယူလိုက်ပါ။
penny