ဓာတ်ဆိုးတွေလွင့်စေတယ်လို့အယူရှိနေတဲ့ အင်္ဂလန်ဘုရင်မကြီးရဲ့ ဗမာ့ပတ္တမြားသရဖူ

၂၀၁၉ ဇွန်လ ၃ ရက်နေ့တုန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ အင်္ဂလန်ဘုရင်မကြီး အလစ်ဇဘတ် ၂ တို့ ဘက်ဂင်ဟမ်နန်းတော်မှာ တွေ့ဆုံကာမိတ်ဆုံစားပွဲ ကျင်းပခဲ့ကြပါတယ်။ အင်းအားကြီးနှစ်နိုင်ငံတွေ့ဆုံကြတာဖြစ်ပြီး နန်းတော်ထဲမှာ ပြုလုပ်တဲ့စားပွေဲဖြစ်တာကြောင့် နိုင်ငံအသီးသီးရဲ့ အာရုံစိုက်ခြင်းခံခဲ့ရပါတယ်။

ဒါပေမဲ့လည်း ထရန့်နဲ့ ဘုရင်မကြီးတို့ကြား ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာထက် ပိုပြီးလူတွေစိတ်ဝင်စားနေခဲ့ကြတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ဘုရင်မကြီးဆောင်းလာတဲ့ သရဖူလေးပါ။ စိန်နဲ့ ပတ္တမြားရောကာ ပြုလုပ်ထားပြီး လက်ရာသေသပ်လှတဲ့ သရဖူလေးကတော့ ဘုရင်မကြီးလက်ထပ်ထိမ်းမြားတုန်းက ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံသားတွေကိုယ်စား လက်ဆောင်ပေးလိုက်တဲ့ သရဖူလေးပဲဖြစ်ပါတယ်။ သရဖူမှာ ပတ္တမြားပေါင်း ၉၆ လုံးတိတိပါရှိပြီး မြန်မာတို့ရဲ့အယူအဆအရ ၉၆ ပါးသောရောဂါပျောက်ကင်းစေဖို့နဲ့ မကောင်းတဲ့ဓာတ်တွေကို ဖယ်ရှားပေးနိုင်တဲ့ ပတ္တမြားတို့နဲ့ ပြုလုပ်ထားတဲ့အတွက် ဘုရင်မကြီးရဲ့တန်ဖိုးထားရတဲ့ သရဖူတွေထဲကတစ်ခုပါပဲ။ ဒါကြောင့်ပဲ ဒီသရဖူလေးကို ဂုဏ်သရေရှိတဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့ တွေ့တဲ့အခါမျိုး၊ အရေးကြီးတဲ့ တွေ့ဆုံပွဲတွေလိုမျိုးမှသာ အရေးတယူဝတ်ဆင်လေ့ရှိတာပါ။

Queen Elizabeth II Figurine At Madame Tussauds Wax Museum| Radu Bercan/Shutterstock

 

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ထရန့်နဲ့တွေ့တုန်း ဝတ်ဆင်ခဲ့တဲ့အပေါ် လူအများစုကတော့ သရဖူရဲ့အဓိပ္ပယ်ဖြစ်တဲ့မကောင်းတဲ့ဓာတ်ဆိုးတွေကို ဖယ်ရှားပေးတယ်ဆိုတဲ့ အချက်ကိုကိုင်ကာ ဘုရင်မကြီးက ဒေါ်နယ်ထရန့်နဲ့တွေ့မှာမလို့ အဓိပ္ပာယ်ပါပါနဲ့တမင်ဝတ်ခဲ့ကြတယ်ဆိုပြီး ဟာသအနေနဲ့ ပြောဆိုနေခဲ့ကြပါသေးတယ်။

Penny

SHARE