နိုင်ငံတကာရဲ့ ယဉ် ကျေးမှုနဲ့ ဓ လေ့ ထုံးတမ်း အစဉ်အလာတွေ အ ကြောင်း စိတ်ဝင် စား တဲ့ Shwemom စာဖတ် သူ တွေ အတွက် ဂျပန်က ထူးထူး ခြားခြား ရိုးရာတစ်ခု အ ကြောင်းကို ဝေမျှ ပေးချင်ပါတယ်။ဂျပန်မှာ တော့ ပွဲ တော် တစ်ခု ကို ကျင်းပတဲ့ အ နေနဲ့ တောင်ကို မီးရှို့ တဲ့ ဓ လေ့ တစ်ခု ရှိပါတယ်။နှစ်စဉ် နှစ်တိုင်း ဇန်န၀ါရီ လရဲ့ စတုတ္ထ မြောက် စ နေ နေ့ ကျ ရင် ကျင်းပတာပါ။Wakakusa တောင်ကိုရှို့ တာပါ။အဲ့ဒီ တောင် ကိုတော့ Mikasa လို့ လည်း လူသိများပါတယ်။အမြင့် (၃၄၂) မီတာရှိ ပြီး Nara စီရင် စု မှာ တည်ရှိတာပါ။ထူးခြား တဲ့ ဒီ ပွဲ အေ ကြာင်းကိုတော့ Wiki နဲ့ odditycentral တို့ မှာ ဖော်ပြထားတာပါ။
Wakakusa တောင် မှာရှိတဲ့ မြက် ခြောက် တွေ ကို မီးရှို့ တဲ့ အဲ့ဒီပွဲကိုတော့ Wakakusa Yamayaki လို့ ခေါ်ပါတယ်။တောင်ကို မီးရှို့ တဲ့ အဲ့ဒီပွဲ တော် ဘယ်က နေ ဘယ်လို စ ဖြစ်ခဲ့ လဲ ဆိုတာကိုတော့ ဘယ်သူမှ တိတိကျကျ မသိ ကြဘူး။ဒါ ပေမယ့် သေချာ တာတစ်ခု ကတော့ လွန်ခဲ့တဲ့ နှစ်ရာ ပေါင်းများစွာ လောက်တည်းက ဒီလို ဓ လေ့ ကို လုပ်လာခဲ့တာပါ။တစ်ချို့ က တော့ Nara, Tōdai-ji ၊ Kōfuku-ji တို့ နယ် မြေ အငြင်းပွားမှု က စ တယ်လို့ လည်း ပြော ပါတယ်။(၁၈) ရာစု လောက်က စ ခဲ့တာ လို့ လည်း ဆိုပါတယ်။
View this post on Instagram
#wakakusayamayaki #WakakusaMountain #PrescribedBurn #MountainBurningEvent #nara
ဘယ်လို ဖြေရှင်းကြလဲ ဆိုပြန် တော့လည်း တိတိကျကျ သိတဲ့ ပြော နိုင်တဲ့ လူ မရှိပါဘူး။တစ်ချို့က ကျ တော့လည်း ၀က်ဝံ လို တောရိုင်း ကောင်တွေကို မောင်း ထုတ် ဖို့ ရှို့ ခဲ့ရာက နေ အစဉ်အလာ တစ်ခု လို ဖြစ်လာ တာလို့ လည်း ပြော ကြ သူတွေ ရှိပါတယ်။သေချာတာ ကတော့ ဒီက နေ့မှာတော့ ဒီပွဲ တော် ဟာ ခရီးသွား ဧည့် သည် တွေ ကို ဆွဲဆောင်တဲ့ ပွဲ တော်တစ်ခု ဖြစ်လာခဲ့ပါပြီ။
Wakakusa Yamayaki က တော့ မီးရှို့ တာ တစ်ခုတည်း မဟုတ်ပါဘူး။ဒီပွဲ မှာမှ ထမင်း ဆုပ် ပစ် ပေါက် တဲ့ ပြိုင်ပွဲ တွေလည်း ကျင်းပလေ့ရှိပါတယ်။ည နေ (၅)နာရီ မတိုင် ခင် အထိ Kasuga Taisha က နေ Wakakusa တောင် ကို ဦး တည် ပြီး မီး တုတ်၊မီးတိုင် တွေကို ကိုင်ပြီး လမ်းလျှောက် ကြပါတယ်။(၁၅)မိနစ်လောက် မီးရှူး မီးပန်းတွေ ပစ် ဖောက်တာ မျိုးလည်း ရှိပါတယ်။မြက် တွေ ရဲ့ အ နေ အထားပေါ် မူတည်ပြီး မိနစ် (၃၀) က နေ တစ်နာရီ အထိ ရှို့ ချိန် ကြာပါတယ်။
စိုစွတ် နေရင် တော့ လောင်တာ နှေးပြီး၊ခြောက် နေရင် တော့ လောင်တာ မြန်ပါတယ်။တောင်မီးလောင် တာကို လာကြည့်ဖို့ အတွက် လူ ရာ ပေါင်းများ စွာက Wakakusa တောင်ခြေ မှာလာ စု ဝေး လေ့ ရှိပါတယ်။မလိုလား အပ်တဲ့ အန္တရာယ် မဖြစ် အောင် မီးရှို့ တဲ့ အချိန်မှာလည်း မီးသတ် သမားတွေ၊ မီးသတ်ကားတွေ ကို အသင့် ထား ပေး လေ့ရှိပါတယ်။ပတ်ဝန်းကျင်ဆိုင်ရာ ရှု ထောင့်က ကြည့်ရင် တော့ ဒီ ပွဲ တော်က သ ဘော တွေ့ စရာေ တာ့ မဟုတ် ပေမယ့် အခုထိ ရိုးရာ အစဉ် အလာ တစ်ခု အဖြစ် ပွဲ တော်ကို ဆက်လက် ကျင်းပ နေတုန်းပါ။