မနက်အစောကြီးထပြီး စာကျက်ကာ အစိုးရအရာရှိစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့တဲ့ စပယ်ယာ

Twitter/Bangalore Metropolitan Transport Corporation

မကြာသေးခင်က ဘတ်စ်ကားစပယ်ယာတစ်ယောက်ဟာ အိန္ဒိယနိုင်ငံရဲ့ အရာရှိရေးဖြေ စာမေးပွဲ UPSC ကို ဖြေဆိုအောင်မြင်ခဲ့တယ်လို့ storypick သတင်းအရ သိရပါတယ်။ သူ့နာမည်က မတ်ဒူဖြစ်ပါတယ်။ မတ်ဒူက မိသားစုထဲမှာ တစ်ဦးတည်းသော ပညာတတ်တစ်ဦး ဖြစ်ပါတယ်။ အခုလို အရာရှိဖြစ်စာမေးပွဲကို အောင်မြင်ခဲ့တဲ့အတွက် ၀မ်းသာကြောင်းလည်း သူက ဆိုပါတယ်။

“ကျွန်တော့် မိဘတွေက ကျွန်တော်စာမေးပွဲအောင်တယ်သာ သိတာ။ ဘာစာမေးပွဲလည်းဆိုတာ သေချာမသိကြဘူး။ ဘာပဲဖြစ်ဖြစ် သူတို့လည်း ပျော်နေကြတယ်…” လို့ မတ်ဒူက ပြောပြပါတယ်။ မတ်ဒူက ဘတ်စ်ကားစပယ်ယာတစ်ယောက်အဖြစ် အလုပ်လုပ်ပါတယ်။ သူ့အလုပ်ချိန်က တစ်နေ့ကို (၈) နာရီရှိပါတယ်။ မတ်ဒူက အသက် (၁၉) နှစ်လောက်ကတည်းက ကာကီရောင်ယူနီဖောင်းကို ၀တ်ပြီး အလုပ်လုပ်ရတာ ဖြစ်ပါတယ်။

READ
ချက်ချင်းစိတ်ဓာတ်တက်ကြွလာစေမယ့် ကမ္ဘာကျော်အဆိုအမိန့်များ
Twitter/Bangalore Metropolitan Transport Corporation

သူ့က အဝေးရောက်နဲ့ ဘွဲ့ယူထားတဲ့အပြင် နိုင်ငံရေးသိပ္ပံနဲ့ မာစတာလည်း ပြီးထားပါပြီ။ သူဟာ နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တွေကို စိတ်ကြိုက်ဘာသာရပ်တွေအဖြစ် ရွေးချယ်ပြီးတဲ့နောက် တစ်နေ့ကို (၅) နာရီကြာ အစိုးရစာမေးပွဲဝင်ခွင့်အတွက် စာကြိုးစားခဲ့ပါတယ်။ မနက်တိုင်း (၄) နာရီမှာ အိပ်ရာကထပြီး အလုပ်မသွားခင် စာကို ပြီးအောင် ကျက်ပါတယ်။ မတ်ဒူက စာမေးပွဲအောင်ဖို့အတွက် သီးသန့်အတန်းတက်တာမျိုးတွေလည်း မရှိပဲ စီနီယာတွေရဲ့ အကူအညီနဲ့ပဲ စာလုပ်ခဲ့တာ ဖြစ်ပါတယ်။

မတ်ဒူကိုတော့ ၄င်းရဲ့ လက်ရှိသူဌေးဖြစ်တဲ့ ဒါရိုက်တာ စီရှီကာက ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ “သူဌေးမက ကျွန်တော်ကို တော်တော်လေး ပံ့ပိုးပေးပါတယ်။ စာမေးပွဲအတွက် ဘယ်လိုပြင်ဆင်သင့်တယ်ဆိုတာလည်း ပြောပြတယ်။ အခုဆိုရင် သူက ကျွန်တော့်ကို အင်တာဗျူးဖြေဖို့အတွက်ပါ သင်ပေးနေပါတယ်..” လို့ မတ်ဒူက ဆိုပါတယ်။

READ
အောင်မြင်တဲ့ ကိုယ်ပိုင်စီးပွားရေးလမ်းကြောင်းပေါ် ရောက်နေတဲ့ (၆)နှစ်အရွယ်ကောင်လေး

မတ်ဒူက အသက် (၂၉) နှစ်ရှိပါပြီ။ အခုဆိုရင် အင်တာဗျူးနှုတ်ဖြေအတွက် ကြိုးစားနေပါတယ်။ သူဟာ အနာဂတ်မှာ IAS အစိုးရ၀န်ထမ်းဖြစ်ဖို့ မျှော်လင့်နေပြီး အခုအခါမှာတော့  အစိုးရစာမေးပွဲမှာ ရေးဖြေအောင်မြင်ပြီးဖြစ်တဲ့အတွက် နှုတ်ဖြေကိုပါ ကောင်းကောင်းမွန်မွန်ဖြေဆိုနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE